နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်လိုကြောင်း ထပ်မံ ဖွင့်ဟာလာတဲ့ ဇီဒန်း | ကမ္ဘာ့ဖလား

ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်း ကတော့ သူ့အနေနဲ့ နည်းပြလောကထဲ သေချာပေါက် ပြန်လာမှာ ဖြစ်ပြီး ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်လိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဇီဒန်းဟာ နည်းပြလောက ကနေ ကာလ အတန်ကြာ အနားယူနေခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ ဒီဒီယာ ဒက်ရွှမ့်စ်ရဲ့ နေရာကို လက်လွှဲ ရယူဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ဂန္ထဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ဇီဒန်းဟာ နည်းပြ ဘဝကို ကူးပြောင်းချိန်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဇီဒန်းဟာ ချန်ပီယံလိဂ် ဖလားကို ၃ ရာသီ ဆက်တိုက် ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်မှာ ဇီဒန်းက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ထိပ်သီး ကလပ် အသင်း များစွာရဲ့ ချဉ်းကပ်ခြင်းခံခဲ့ရပေမယ့် လက်မခံခဲ့ပဲ လက်ရှိအချိန်အထိ အသင်း လက်မဲ့ အဖြစ် ရှိနေသူပါ။

ဒါကြောင့် အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပြီး Festival Dello Sport က မေးမြန်းခဲ့ရာ မှာတော့ ဇီဒန်းက “ကျွန်တော် နည်းပြလောကထဲ သေချာပေါက် ပြန်လာမှာပါ။ ကျွန်တော့် အတွက် အနာဂတ်က ဘယ်လိုရှိမလဲ ဆိုတာတော့ မသိပါဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခု ကတော့ ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒက်စ်ရွှမ့် ကိုယ်တိုင်က ကမ္ဘာ့ဖလား အပြီးမှာ အနားယူဖို့ ရှိကြောင်း ပြောဆိုထားတာကြောင့် ဇီဒန်းကို လာမယ့် နှစ်ထဲမှာ ပြင်သစ် နည်းပြ အဖြစ် မြင်တွေ့ရဖို့ များနေပါတယ်။
ဒက်စ်ရွှမ့်ရဲ့ နေရာကို ဆက်ခံဖို့ ရှိနေတဲ့ ဇီဒန်း

ဇီဒန်းက ပထမတစ်ကြိမ်တုန်း ကလည်း ဇီဒန်းက “ကျွန်တော်ဟာ ကစားသမား တစ်ယောက် အနေနဲ့ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ၁၃ နှစ်၊ ၁၄ နှစ်လောက် ကစားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ပြင်သစ် နည်းပြ ဖြစ်လာဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါ။ အဲဒီအခွင့်အရေးကို ရဖို ဆန္ဒပြင်းပြစွာနဲ့ ကျွန်တော် စောင့်မျှော်နေပါတယ်။ အခုအချိန်မှာ ဒါကို ပြောဖို့ အချိန်ကောင်း မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီလို အခွင့်အရေးများ ရလာခဲ့ရင်တော့ ကျွန်တော့် အနေနဲ့ ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဇီဒန်းဟာ ကစားသမား ဘဝမှာ ကိန်း၊ ဘော့ဒိုး၊ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ် တို့မှာသာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဇီဒန်းဟာ ဘော့ဒိုး၊ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်မှာ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့ပြီး ကစားသမား ဘဝရော၊ နည်းပြ ဘဝ မှာပါ အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းက နည်းပြ ဘဝ မှာတော့ ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းကို ကိုင်တွယ်ထားပြီး လာလီဂါ ချန်ပီယံ ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ၃ ကြိမ် အပါအဝင် တခြားသော ဆုဖလား အောင်မြင်မှု များစွာလည်း ရရှိထားခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ လက်ရှိ နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဒါ့အပြင် ဒက်စ်ရွှမ့် ကိုယ်တိုင်က ကမ္ဘာ့ဖလား အပြီးမှာ အနားယူဖို့ ရှိကြောင်း ပြောဆိုထားတာကြောင့် ဇီဒန်းကို လာမယ့် နှစ်ထဲမှာ ပြင်သစ် နည်းပြ အဖြစ် မြင်တွေ့ရဖို့ များနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်