နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (D) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အုပ်စု (D) မှာတော့ ဩစတြေးလျ၊ ပါရာဂွေး၊ တူရကီနဲ့ ပူးတွဲအိမ်ရှင် အမေရိကန်နိုင်ငံတို့ ပါဝင်နေပါတယ်။ အုပ်စု (D) ရဲ့ ပွဲစဉ်တွေကိုတော့ ဇွန်လ ၁၂ ရက်နေ့မှာ အိမ်ရှင် အမေရိကန်နဲ့ ပါရာဂွေးတို့ အင်ဂယ်ဝုဒ် မြို့မှာ စတင်ရင်ဆိုင်သွားမှာ ဖြစ်ပြီး၊ နောက်တစ်နေ့ မှာတော့ ဩစတြေးလျနဲ့ တူရကီတို့ ဗန်ကူးဗားမြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီအုပ်စုထဲက ဘယ်အသင်းကမှ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ဒီအသင်းတွေထဲက နှစ်သင်း (သို့မဟုတ်) သုံးသင်းလောက် ကတော့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခြေ (၅၀%) ကျော်စီ ရှိနေကြတာကြောင့် အကြိတ်အနယ် ရှိလှပါတယ်။

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ အုပ်စု (D) ကနေ နောက်တစ်ဆင့် တက်ဖို့ အလားအလာ အရှိဆုံး အသင်းတွေကို အသေးစိတ် သုံးသပ်တင်ပြပေးလိုက်ပါတယ်။

 

အုပ်စု (D) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • အမေရိကန် – ပူးတွဲအိမ်ရှင် အမေရိကန် အသင်းဟာ အုပ်စုကနေ နောက်တစ်ဆင့် တက်ဖို့ ရေပန်းအစားဆုံး ဖြစ်ပြီး အခွင့်အရေး ၇၇.၀% အထိ ရှိနေပါတယ်။
  • တူရကီ – နောက်တစ်ဆင့်တက်ဖို့ ဒုတိယ အခွင့်အရေး အများဆုံး အသင်း ဖြစ်ပြီး ၇၃.၀% ရှိပါတယ်။
  • ပါရာဂွေး – နောက်တစ်ဆင့် တက်ရောက်နိုင်ခြေ ၆၄.၃% ရှိပါတယ်။
  • ဩစတြေးလျ – အုပ်စုတွင်းမှာ အခြေအနေ အနည်းဆုံးလို့ သတ်မှတ်ခံထားရပေမယ့် နောက်တစ်ဆင့် တက်ဖို့ ၅၈.၈% အထိ အခွင့်အရေး ရှိနေပါတယ်။

အသင်းလိုက် အသေးစိတ်သုံးသပ်ချက်

 

အမေရိကန် 

အမေရိကန်အသင်းဟာ သူတို့ရဲ့ (၁၂) ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ အထိ မလွယ်ကူနိုင်ပေမယ့် ရည်မှန်းချက် ပစ်မှတ် တချို့ ကိုတော့ အခိုင်အမာ ချမှတ်ထားပါတယ်။ သူတို့ အသင်း သမိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားတုန်းက တတိယနေရာ ရခဲ့တဲ့ စံချိန် ကိုတော့ လိုက်မှီဖို့ မလွယ်လှပါဘူး။ ဒါပေမယ့် ပိုပြီး လက်တွေ့ကျတဲ့ ရည်မှန်းချက် ကတော့ ခေတ်သစ် ဘောလုံးလောကမှာ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ၂၀၀၂ ခုနှစ်တုန်းက ကွာတားဖိုင်နယ် အဆင့် ရောက်ရှိခဲ့တဲ့ စံချိန်ကို လိုက်မှီဖို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ ၁၉၉၄ ခုနှစ်က အိမ်ရှင် အဖြစ် ပထမဆုံး လက်ခံကျင်းပစဉ်တုန်းက ၁၆ သင်း အဆင့်မှာပဲ ချန်ပီယံ ဖြစ်သွားတဲ့ ဘရာဇီးလ်ကို ရှုံးပြီး ထွက်ခဲ့ရတာကြောင့် ဒီတစ်ကြိမ်မှာ အဲဒီစံချိန်ထက် ပိုကောင်းအောင် လုပ်ပြဖို့ လိုအပ်နေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ (၃) ကြိမ် ဆက်တိုက် (၂၀၁၀၊ ၂၀၁၄၊ ၂၀၂၂) မှာ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် အခုတစ်ခေါက် အုပ်စုအဆင့်ထက် ပိုမိုကျော်ဖြတ်နိုင်ဖို့က လက်တွေ့ကျတဲ့ မျှော်လင့်ချက် တစ်ခု ဖြစ်ပါတယ်။

ပီအက်စ်ဂျီလို ကလပ် အသင်းတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနို အတွက်တော့ နိုင်ငံတကာ အဆင့်မြင့်ပြိုင်ပွဲမှာ အတွေ့အကြုံ သိပ်မရှိသေးပါဘူး။ သူရဲ့ တစ်ဦးတည်းသော ကမ္ဘာ့ဖလား အတွေ့အကြုံ ကတော့ ၂၀၀၂ ခုနှစ်တုန်းက အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝနဲ့ ပါဝင်ခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက အင်္ဂလန် အသင်းကို ပင်နယ်တီပေးခဲ့ရကာ အုပ်စုအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရဖူးပါတယ်။

ဒီပြိုင်ပွဲမှာ နည်းပြ ပိုချက်တီနို အနေနဲ့ ခရစ္စတီယန် ပူလီဆစ်ရဲ့ အစွမ်းအစတွေကို ထပ်မံ မျှော်လင့်ရမှာပါ။ ပူလီဆစ်ခ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အမေရိကန် သွင်းယူခဲ့တဲ့ သွင်းဂိုး (၃) ဂိုးစလုံးမှာ (၁ ဂိုး သွင်း၊ ၂ ဂိုး ဖန်တီး) တိုက်ရိုက် ပါဝင်ပတ်သက်ပြီး အသင်းကို ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ပိုချက်တီနိုရဲ့ အသင်းဟာ အုပ်စု (D) မှာ ပထမနဲ့ တက်ဖို့ ၃၂.၄% အထိ အခွင့်အရေး ရှိနေပါတယ်။

 

တူရကီ 

တူရကီ အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ရော၊ အုပ်စု ပထမ ရဖို့ပါ အမေရိကန်အသင်းထက် အနည်းငယ်ပဲ လျော့နည်းပြီး ရေပန်းစားနေပါတယ်။ သူတို့ဟာ ဥရောပဇုန် ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ကိုဆိုဗိုကို ၁-၀ နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ဥရောပဇုန် ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ကိုဆိုဗိုကို ၁-၀ နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ပလေးအော့ဖ် အဆင့်ကို ဖြတ်သန်းခဲ့ရတဲ့ တူရကီ

အံ့ဩစရာ ကောင်းတာက ဒါဟာ တူရကီ အတွက် သမိုင်းတစ်လျှောက် (၃) ကြိမ်မြောက် ကမ္ဘာ့ဖလား ပါဝင်ခွင့်ရခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ၁၉၅၄ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလားကို တစ်ကြိမ်ပဲ (၂၀၀၂ ခုနှစ်တုန်းက) တက်ဖူးပေမယ့် အဲဒီတုန်းက တတိယနေရာ အထိ ရရှိခဲ့ဖူးတာကြောင့် အခုလို ပါဝင်ခွင့်ရတာ နည်းပါးနေတာက ထူးခြားနေပါတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်က တတိယနေရာလုပွဲမှာ ဟာကန် ဆူကာဟာ တောင်ကိုရီးယား အသင်းဘက်ကို ပွဲစပြီး (၁၁) စက္ကန့် အတွင်းမှာပဲ ဂိုးသွင်းယူခဲ့လို့ ကမ္ဘာ့ဖလား သမိုင်းမှာ အမြန်ဆုံး သွင်းဂိုး အဖြစ် စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ပြိုင်ဘက်တွေအနေနဲ့ တူရကီအသင်းရဲ့ နေရာစုံက အန္တရာယ်တွေကို သတိထားရပါလိမ့်မယ်။ အကြောင်းကတော့ ခြေစစ်ပွဲတုန်းက တူရကီ သွင်းယူခဲ့တဲ့ (၁၇) ဂိုးကို ကစားသမား (၁၂) ဦးက ဝေမျှသွင်းယူခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ ကီရင်မ် အက်တာကိုဂလူး၊ ကီနန် ယီလ်ဒစ်ဇ် တို့က (၃) ဂိုးစီနဲ့ မီရီ ဒီမီရယ်က (၂) ဂိုး သွင်းယူခဲ့ပြီး ကျန်တဲ့သူတွေ ကတော့ တစ်ဂိုးစီ သွင်းယူခဲ့ကြတာပါ။

လူငယ်ကြယ်ပွင့် ယီလ်ဒစ်ဟာ နည်းပြ ဗင်ဆင့်ဇို မွန်တဲလား အတွက် အရေးပါဆုံးသော သော့ချက် ကစားသမား ဖြစ်လာနိုင်ပါတယ်။ သူဟာ ၂၀၂၅-၂၆ ရာသီ ဂျုဗင်တပ်စ် အသင်းမှာ ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားပြီး (၁၁ ဂိုးသွင်း၊ ၉ ဂိုးဖန်တီး) ကာ ဂိုးပါဝင်ပတ်သက်မှု (၂၀) ကြိမ်အထိ ရှိခဲ့လို့ အတောက်ပဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ်။

 

ပါရာဂွေး 

အုပ်စု (D) ရဲ့ တတိယမြောက် ရေပန်းစားနေတဲ့ အသင်း ကတော့ ပါရာဂွေးဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလားကို (၉) ကြိမ်မြောက် ပါဝင်ခွင့်ရတာကြောင့် အတွေ့အကြုံရှိတယ် ဆိုပေမယ့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၂၀၁၀ တုန်းက ကွာတားဖိုင်နယ်မှာ ချန်ပီယံ ဖြစ်သွားတဲ့ စပိန်ကို ရှုံးပြီး ထွက်ခဲ့ရတာဟာ သူတို့ရဲ့ အကောင်းဆုံး သမိုင်းမှတ်တိုင် ဖြစ်ခဲ့ပါတယ်။

ပါရာဂွေး အသင်း နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်ကတော့ ရရှိလာမယ့် အခွင့်အရေး အနည်းငယ်ကို အပိုင်အသုံးချနိုင်မလား ဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ သတိပြုစရာတစ်ခုက သူတို့ဟာ ကမ္ဘာ့ဖလား နောက်ဆုံး ကစားခဲ့တဲ့ (၁၀) ပွဲစလုံးမှာ ဘယ်ပြိုင်ဘက်ကိုမှ (၁) ဂိုးထက် ပိုပြီး ပေးမထားခဲ့ရပါဘူး။

နည်းပြ ဂူစတာဗို အဲလ်ဖာရိုရဲ့ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို တက်ရောက်လာတဲ့ တောင်အမေရိက (၆) သင်းထဲမှာ ဂိုးကွာခြားချက် (+၄) နဲ့ ပျှမ်းမျှ ဘောလုံးပိုင်ဆိုင်မှု (၃၇.၃%) နဲ့ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက် မှာလည်း ပြိုင်ပွဲအတွင်း ဂိုးတိုင် ထိမှန်မှု အများဆုံး (၁၀ ကြိမ်) ရှိခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

အကယ်၍ အသင်းက ဂိုးလိုအပ်နေပြီ ဆိုရင် နည်းပြ အဲလ်ဖာရို အနေနဲ့ အန်တိုနီယို ဆာနာဘရီယာ ကိုပဲ အားကိုးရဖို့ ရှိပါတယ်။ သူဟာ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေတုန်းက လူစားဝင် ကစားသမားတွေထဲမှာ အထိရောက်ဆုံး သွင်းဂိုးရှင် ဖြစ်ခဲ့ပြီး သွင်းဂိုး (၄) ဂိုးထဲက (၃) ဂိုးကို လူစားဝင်ပြီးမှ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ဩစတြေးလျ 

လတ်တလော ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အတွေ့အကြုံအရှိဆုံး ဖြစ်ပေမယ့် ဒီအုပ်စု မှာတော့ အခြေအနေ အနည်းဆုံး အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါဟာ ဩစတြေးလျ အတွက် (၆) ကြိမ်မြောက် ဆက်တိုက် (စုစုပေါင်း ၇ ကြိမ်မြောက်) ကမ္ဘာ့ဖလား ပါဝင်ခွင့်ရခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူတို့အနေနဲ့ အဖွင့်ပွဲစဉ်ကို ပိုပြီး ကောင်းမွန်အောင် စတင်ဖို့ လိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဩစတြေးလျဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား (၆) ကြိမ်မှာ (၅) ကြိမ် အထိ အဖွင့် ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ဖူးလို့ပါ။ တစ်ခုတည်းသော ခြွင်းချက် ကတော့ ၂၀၀၆ ခုနှစ်တုန်းက ဂျပန်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲပဲ ဖြစ်ပါတယ်။ သူတို့ဟာ အခုခြေစစ်ပွဲ တတိယအဆင့်တုန်းကလည်း ဂျပန်ကို နိုင်ခဲ့ဖူးပေမယ့် အုပ်စုတွင်း မှာတော့ ဂျပန်ရဲ့နောက် ဒုတိယနေရာနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Socceroos လို့ အမည်ရတဲ့ ဩစတြေးလျ အသင်းဟာ ခန့်မှန်းချက်တွေကို ရိုက်ချိုးပြီး နောက်တစ်ဆင့် တက်ချင်တယ် ဆိုရင် ပြစ်ဒဏ်ဘော (Set-pieces) တွေက တစ်ဆင့် အခွင့်အရေးတွေကို ဖန်တီးရပါလိမ့်မယ်။ ကစားသမား ခရိတ် ဂွတ်ဒ်ဝင် ခြေစစ်ပွဲတုန်းက ဖန်တီးပေးခဲ့တဲ့ (၅) ဂိုးစလုံးဟာ ပြစ်ဒဏ်ဘောတွေ ကနေပဲ (ထောင့်ကန်ဘော ၃ ကြိမ်၊ ဖရီးကစ် ၂ ကြိမ်) လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နည်းပြ တိုနီ ပေါ့ပိုဗစ် အတွက် ပထမဆုံး ကမ္ဘာ့ဖလား ဖြစ်လာမှာ ဖြစ်ပြီး ပြစ်ဒဏ်ဘော တိုက်စစ်ဆင်မှုတွေက သူတို့ရဲ့ အဓိက လက်နက် ဖြစ်လာမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်