နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒိန်းမတ် အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဒိန်းမတ် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။

 

ဒိန်းမတ် လက်ရွေးစင်အသင်း အကျဉ်းချုပ်

ဒိန်းမတ်တို့ အပျော်တမ်း အသင်း အနေနဲ့ စတင်ပြီးမှ လက်ရွေးစင် အသင်း ပုံစံကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ၁၈၉၆ ခုနှစ်မှာ စတင် ဖွဲ့စည်းပြီး ဒိန်းမတ်တို့ အပျော်တမ်း ပွဲတွေသာ ဆင်နွဲခဲ့ပြီး အဲဒီကမှ တစ်ဆင့် တရားဝင် ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ဘောလုံးလောကမှာ အစဉ်အလာအားဖြင့် မငယ်တဲ့ ဒိန်းမတ်က ၁၉၉၂ ယူရို ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ၁၉၉၅ ကွန်ဖက်ဒရေးရှင်း ဖလား ကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ အထိ အံ့အားသင့်စေခဲ့တဲ့ အစဉ်အလာ မှတ်တမ်းတွေ ရှိနေတဲ့ အသင်းပါ။ အခုဆိုရင် ဒိန်းမတ်က နာမည်ကျော် ကစားသမားတွေ စုဖွဲ့မှု နဲ့အတူ တောင့်တင်းတဲ့ အသင်း တစ်သင်း အဖြစ် ရှိနေခဲ့ပါပြီ။ အခု ၂၀၂၀ ကာတာ ကမ္ဘာ့ဖလား ကိုလည်း ဥရောပဇုန် အုပ်စု (F)ရဲ့ အုပ်စုဗိုလ် အဖြစ်နဲ့ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

 

အမည်ပြောင် – ဒိန်းမတ် ဒိုင်းနမိုက်

အဖွဲ့ချုပ် – ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ်

အရောင် – အနီ၊ အဖြူ

ဒါကြောင့် ဒိန်းမတ်က ပုံမှန်အားဖြင့် ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်စွမ်း ရှိတဲ့ အသင်းလို့ ဆိုရပါမယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ၁၆ သင်း ရှုံးထွက် အဆင့်နဲ့ပဲ လှည့်ပြန်ခဲ့ရတဲ့ ဒိန်းမတ်

နည်းပြချုပ် – ကက်စပါ ဂျဲလ်မန့်ဒ်

အသင်းခေါင်းဆောင် – ဆိုင်မွန် ခယား

ပွဲအများဆုံးကစားထားသူ – ပီတာ ရှမိုက်ကယ် (၁၂၉ ပွဲ)

ဂိုးအများဆုံးသွင်းထားသူ – နီယန်ဆန်၊ ဂျွန်တိုမတ်ဆန် (၅၂ ဂိုး)

ဖီဖာအဆင့်ရပ်တည်မှု – ၁၀ (၂၀၂၂ ခုနှစ် ဇွန်လအထိ)

ပထမဆုံးနိုင်ငံတကာပွဲ – ဒိန်းမတ် ၉-၀ ပြင်သစ်(ခ) (မေ ၁ ၊ ၁၉၀၄)

 

အကြီးမားဆုံးနိုင်ပွဲ

ဒိန်းမတ် ၁၇-၀ ပြင်သစ် (အောက်တိုဘာ ၂၂၊ ၁၉၀၈)

 

အကြီးမားဆုံးရှုံးပွဲ

ဂျာမနီ ၈-၀ ဒိန်းမတ် (မေ ၁၆၊ ၁၉၃၇)

 

ကမ္ဘာ့ဖလားမှတ်တမ်းနဲ့အောင်မြင်မှု

ဒီတစ်ကြိမ်က ဒိန်းမတ်တို့ ကမ္ဘာ့ဖလားကို ၆ ကြိမ်မြောက် ကစားရမှာပါ။ ပြီးခဲ့တဲ့ ၅ ကြိမ်မှာ ကွာတားဖိုင်နယ်ကို အမြင့်ဆုံး တက်ရောက်ခဲ့ဖူးပြီး သူတို့က အုပ်စု အဆင့်ကနေ ၁ ကြိမ်သာ ထွက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒိန်းမတ်က ပုံမှန်အားဖြင့် ကမ္ဘာ့ဖလား မှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်စွမ်း ရှိတဲ့ အသင်းလို့ ဆိုရပါမယ်။ ခြေစစ်ပွဲ တစ်လျှောက်လည်း ရှုံးပွဲ ၁ ပွဲတည်း ရှိခဲ့ပြီးတော့ ရဂိုး ၃၀ ရှိခဲ့ပြီး ပေးဂိုး ၃ ဂိုးတည်း ရှိခဲ့လို့ တိုက်စစ်ကောင်းပြီး ခံစစ် အင်အား တောင့်တင်းတဲ့ အသင်း အဖြစ် သတ်မှတ်ရမှာပါ။

 

အခြားအောင်မြင်မှု

အပေါ်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ဒိန်းမတ်က ယူရို ချန်ပီယံနဲ့ ကွန်ဖက်ဒရေးရှင်း ဖလားကို ဆွတ်ခူးခဲ့ဖူးပါတယ်။ အခြား အသင်း နေရာမှာ အစားထိုး ဝင်ကစားခဲ့ရတဲ့ ၁၉၉၂ ယူရို ပြိုင်ပွဲမှာ အားလုံးကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ မှာလည်း ခြေစွမ်း ကောင်းကောင်း၊ ကံကြမ္မာ ကောင်းကောင်းနဲ့ ဒိန်းမတ်တို့ ဆီမီးဖိုင်နယ် အဆင့် အထိတက်ခဲ့ပြီး အသိအမှတ် ပြုရလောက်တဲ့ အဆင့်အတန်းကို ပြသနိုင်ခဲ့ပါတယ်။ လာမယ့် ကာတာ ကမ္ဘာ့ဖလား မှာလည်း သူတို့က သေချာပေါက် စောင့်ကြည့်ရမယ့် အသင်း ဖြစ်နေပါတယ်။

 

ကစားမည့်ရက်

ဒိန်းမတ်-တူနီးရှား (နိုဝင်ဘာ ၂၂)

ပြင်သစ် – ဒိန်းမတ် (နိုဝင်ဘာ ၂၆)

ဒိန်းမတ်-ဩစတြးလျ (နိုဝင်ဘာ ၃၀)

 

ဗိုလ်စွဲရန်အလေးပေးမှ

  • ၂၈၀၀
   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်