အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမက်စ် တူချယ် ကတော့ သူ့ရဲ့ အသင်းဟာ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဆီနီဂေါကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် စိတ်မပူကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သောမက်စ် တူချယ်က အင်္ဂလန် လက်ရွေးစင်အသင်းကို ၄ ပွဲ ကိုင်တွယ်ထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။ တူချယ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ကစားထားတဲ့ ၃ ပွဲစလုံး အနိုင်ရထားကာ ခြေစမ်းပွဲမှ ဆီနီဂေါကို ဂိုးပြတ် ရှုံးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အသင်းငယ်လေး အန်ဒိုရာကို အဝေးကွင်းမှာ ၁-ဝ ရလဒ်နဲ့ ကပ်နိုင်ခဲ့သလို ဇွန်လ ၁၀ရက်က ကစားခဲ့တဲ့ ခြေစမ်းပွဲ မှာတော့ ဆီနီဂေါကို ၁-၃နဲ့ ရှုံးနိမ့်ခဲ့တာပါ။ အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန်အုပ်စု K မှာ ၃ ပွဲ ကစားပြီး ရာနှုန်းပြည့် နိုင်ပွဲ ရထားပေမယ့် အန်ဒိုရာ၊ ဆီနီဂေါ တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေက ခြေစွမ်းကြောင်းအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အင်္ဂလန်ဟာ အန်ဒိုရာနဲ့ ပွဲမှာ တိုက်စစ်က ဂိုးပေါက် ကန်ချက် အကြိမ် ၂၀ မှာ ၁၀ ကြိမ် ဂိုးပေါက် တည့်ခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ ၁ လုံးသော သွင်းဂိုးနဲ့သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီနီဂေါနဲ့ ပွဲမှာတော့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဆီနီဂေါရဲ့ တိုက်စစ် ကစားပုံကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရကာဟယ်ရီကိန်းရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂိုးတွေ ဆက်ဆိုက် ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို နှစ်ပွဲဆက်တိုက် တိုက်စစ်ပိုင်း အားနည်းနေခဲ့တာက နည်းပြ သောမက်စ် တူချယ်ရဲ့ နည်းစနစ်ပိုင်းကြောင့် ဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် တူချယ်က တက်သစ်စ ကြယ်ပွင့်တွေ အစား ဟန်ဒါဆန်နဲ့ ဝေါလ်ကာလို အကျပိုင်းရောက်နေတဲ့ ကစားသမားတွေကို အသုံးပြုနေတာကြောင့်လည်း ပရိသတ်တွေက အားမလို အားမရ ဖြစ်နေကြပါတယ်။

ဒါပေမယ့်လည်း နည်းပြ သောမက်စ် တူချယ် ကတော့ ဒီအခြေအနေ အတွက် စိတ်ပူပန်နေခြင်း မရှိကြောင်း၊ သူ့အနေနဲ့ အသင်းကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ တူချယ်က “ပွဲတွေ မကစားရတာ ကြာတော့ နည်းနည်းလေးလံနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခြေစမ်းပွဲမှာ ရှုံးနိမ့်တာ ဖြစ်လို့ ကျွန်တော်တို့စိတ်ပူနေဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၃ ပွဲ ကစားရာမှာ ရာနှုန်းပြည့် အနိုင်ရထားပြီး ၉ မှတ်ရထားပါတယ်။ ဒီတော့ စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော်က ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလား ကျင်းပဖို့ကတစ်နှစ်လောက် လိုပါသေးတယ်။ ကျွန်တော်တို့ ပြင်ဆင်ချိန် ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပိုကောင်းလာမယ်လို ယုံကြည်ပါတယ်။” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ လာမယ့် စက်တင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ်မှာ အန်ဒိုရာ၊ ဆားဘီးယား တိုနဲ့ ၂၀၂၆ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.