ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။ အသက် ၄၀ အရွယ် ဒီကစားသမားဟာ အင်္ဂါနေ့က လစ္စဘွန်းမှာ ဟန်ဂေရီနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ပေါ်တူဂီ အတွက် ၂ ဂိုး သွင်းယူပြီးနောက် ဒီစံချိန်ကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အကယ်၍ ပေါ်တူဂီသာ မနေ့ညက ဟန်ဂေရီကို အနိုင်ရခဲ့မယ် ဆိုရင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မှာပါ။ ဒါပေမယ့်လည်း ပေါ်တူဂီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ အတွက် လာမယ့်လ အထိ စောင့်ဆိုင်းရတော့မှာ ဖြစ်ပြီး ဒါက တစ်ဖက်က ကြည့်မယ် ဆိုရင် ရော်နယ်ဒို အတွက် နောက်ထပ် စံချိန်ကောင်းတွေ ထပ်မံရယူနိုင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ဟန်ဂေရီနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပထမအကျော့ ပွဲစဉ်မှာ ၁ ဂိုး သွင်းယူခဲ့ပြီးနောက် ကားလို့စ် ရူအစ်ဇ်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂိုးသွင်း အများဆုံး စံချိန်ကို လိုက်မှီခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံး သမိုင်းတစ်လျှောက် နိုင်ငံတကာ ပွဲအများဆုံး (၂၂၅ ပွဲ) ကစားထားသူ ဖြစ်သလို သွင်းဂိုး (၁၄၁ ဂိုး) အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ရော်နယ်ဒိုက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ ပွဲ ၅၀ ကစားပြီး သွင်းဂိုး ၄၁ ဂိုး အထိ ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုက ဂွာတီမာလာ အတွက် ခြေစစ်ပွဲ အဆင့်မှာ ၄၇ ပွဲ ကစားပြီး ၃၉ ဂိုး သွင်းယူခဲ့တဲ့ ကားလို့စ် ရူအစ်ဇ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ အသက် ၃၆ နှစ် အရွယ် လီယွန်နယ် မက်ဆီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တလျှောက် သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ တတိယနေရာမှာ ရှိနေပြီး အလီဒါအီက စတုတ္ထနေရာ၊ ရောဘတ် လီဝမ်ဒေါစကီးက ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
ရော်နယ်ဒိုရဲ့ တခြားသော ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ ပေါ်တူဂီသားကြီးက ၁၀၄ မိနစ်တိုင်းမှာ ပျမ်းမျှ ၁ ဂိုး သွင်းယူထားပါတယ်။ သူဟာ ပေါ်တူဂီကို ခြေစစ်ပွဲ အဆင့်မှာ ၃၆ ပွဲ အနိုင်ရအောင် ကူညီပေးခဲ့ပြီး ရှုံးပွဲ ကတော့ ၂ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ခြေစစ်ပွဲ အဆင့်မှာ ပင်နယ်တီ ကနေ တဆင့် ခြေစစ်ပွဲ သွင်းဂိုး ၅ ဂိုး သွင်းယူပေးခဲ့ပြီး ၂ ဂိုးက တိုက်ရိုက် ဖရီးကစ် ကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂၃ ဂိုးထဲက အများစုဟာ ညာခြေနဲ့ ကန်သွင်းခဲ့ပါတယ်။ ဘယ်လွန်ဒေါ ၅ ကြိမ် ဆွတ်ခူးထားနိုင်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပြီး စုစုပေါင်း ၄၂၉၅ မိနစ် ကစားပြီး ၉၁ မိနစ်တိုင်းမှာ ပျမ်းမျှ ဂိုးပါဝင် ပတ်သတ်မှု ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်က ဆွီဒင်၊ မြောက်အိုင်ယာလန်၊ ၂၀၁၇ ခုနှစ်က ဖာရိုးကျွန်းစုနဲ့ ၂၀၂၁ ခုနှစ်က လူဇင်ဘတ် တို့နဲ့ ပွဲတွေမှာ ဟက်ထရစ် ရယူနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလက အန်ဒိုရာနဲ့ ပွဲမှာတော့ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.