ငယ်ဘဝ ကလပ် ဆန်းတို့စ်မှာ ပြန်ကစားနေတဲ့ ဘရာဇီးလ် နာမည်ကျော် တိုက်စစ် ကစားသမား နေမာ ဂျူနီယာ ကတော့ ဒဏ်ရာ ထပ်မံ ရရှိခဲ့ပြန်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာ အနေနဲ့ ဒီရာသီ ဘရာဇီးလ် စီးရီးအေ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ပထမဦးဆုံး ပွဲထွက် ကစားခွင့် ရခဲ့တဲ့ ပွဲမှာ ၃၄ မိနစ်သာ ကစားခဲ့ရပြီး ခြေထောက် ဒဏ်ရာရရှိခဲ့တာကြောင့် ငိုကြွေးကာ ကွင်းထဲ ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် နေမာဟာ ဒဏ်ရာကြောင့်ပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားခွင့်နဲ့ လွဲချော်ခဲ့လို့ စိတ်ပျက်ခဲ့ရပါသေးတယ်။
နေမာဟာ ပေါင်ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကမှ ဖလူမီးနိစ်နဲ့ ပွဲမှာ ပြန်လည် ကစားပေးနိုင်တာလည်း ဖြစ်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ အက်တလက်တီကိုအမ်ဂျီနဲ့ ပွဲမှာ ဒဏ်ရာ ထပ်ရသွားခဲ့တာ ဖြစ်ပြီး သူ့ အနေဖြင့် ဒီပွဲမှာ ဆန်းတို့စ်ရဲ့ အိမ်ကွင်း ဗီလာ ဘဲလ်မီရိုကွင်းမှာ ပွဲ ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျောနံပါတ် ၁၀၀ ဂျာစီ ကိုလည်း ဝတ်ဆင်ကစားခဲ့တာပါ။

နေမာရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့တော့ ဆန်းတို့စ် နည်းပြ ဆီဆာ ဆမ်ပိုင်ယိုက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “တိကျတဲ့ အဖြေပေးဖို့ စောလွန်းပါသေးတယ်။ ဒဏ်ရာရဲ့ ဇစ်မြစ်ကို အတိအကျ မသိရသေးပါဘူး။ အခု ကာလရှည်ကြာ အနားယူရမယ့် ဒဏ်ရာ မဖြစ်ပါစေနဲ့ လို့ပဲ ဆုတောင်းရပါမယ်။” လို့ ဆီဆာ ဆမ်ပိုင်ယိုက ပြောကြားခဲ့ပါတယ်။ နေမာဟာ ဘရာဇီးလ် ကလပ်ကို ပြန်လည် ရောက်ရှိလာပြီးနောက် စုစုပေါင်း ၈ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းပြီးနောက် ဘရာဇီးလ် ငယ်ဘဝ ကလပ် ဆန်းတို့စ်ကို ပြောင်းရွှေ့ ကစားနေသူ ဖြစ်ပါတယ်။ ဘရာဇီးလ် ကလပ်ဟာ နေမာရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ စတင်ရာလည်း ဖြစ်ပြီးတော့ ၆ လ စာချုပ်နဲ့ ကစားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေမာက ဆန်းတို့စ်ကို ပြန်လည် ရောက်ရှိချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည် ရရှိနေပေမယ့်လည်း ဒဏ်ရာရဲ့ နှိပ်စက်မှုတွေ ခံနေရဆဲ ဖြစ်ပါတယ်။
နေမာ အနေနဲ့ ဆန်းတို့စ်မှာ ခြေစွမ်းပြ ကစားနေနိုင်တာကြောင့် လပေါင်းများစွာ ဝေးကွာနေတဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းကြီး အတွက်လည်း ပြန်လည် ရွေးချယ်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ နေမာဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားနေတဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်း ကနေ နှုတ်ထွက်ခဲ့ရပါတယ်။ နေမာဟာ ဘရာဇီးလ် အသင်းနဲ့ ကမ္ဘာ့ဖလား ကစားချင်နေတဲ့ အပြင် လာမယ့် ဘောလုံး ရာသီ ဥရောပ မှာလည်း ပြန်လည် ကစားခွင့်ရဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.