အခုတစ်ခါမှာလည်း ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲတွေထဲက စာရေးသူ စိတ်ကြိုက် ပွဲစဉ် ၃ ပွဲကို ထပ်မံ ရွေးချယ် သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။
နယ်သာလန် – ဖင်လန်
နယ်သာလန် ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု G မှာ ၅ ပွဲ ကစား ၄ ပွဲနိုင်၊ ၁ ပွဲ သရေ ရမှတ် ၁၃ မှတ်နဲ့ ဦးဆောင်နေပါတယ်။ နယ်သာလန်က အုပ်စု အဆင့် ၂ နေရာမှာ ရှိနေတဲ့ ပိုလန်နဲ့ သရေကျခဲ့တာက လွဲရင် ကျန်ပွဲအားလုံး အနိုင်ရထားတာ ဖြစ်ပြီး ရဂိုး ၁၈ ဂိုး၊ ပေးဂိုး ကတော့ ၃ ဂိုးသာ ရှိထားပါတယ်။ ရော်နယ် ကိုးမန်းရဲ့ အသင်းက လက်ရှိမှာ တိုက်စစ်က တော်တော်လေး ထက်မြတ်နေပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့လည်း အလားအလာ တော်တော်လေး ကောင်းနေပါတယ်။ ဒါပေမယ့် လက်ကျန် ၃ ပွဲမှာ ခြေချော်လို့ မရသေးပါဘူး။ ဖင်လန် ကတော့ ခြေစစ်ပွဲ နောက်တဆင့်ကို တက်ရောက်ခွင့် ရဖို့ပဲ အဓိက မျှော်လင့်နေရတာပါ။ ရဂိုးထက် ပေးဂိုးက ပိုများနေပြီး ပြီးခဲ့တဲ့ ပွဲမှာတော့ လစ်သူယေးနီးယားကို အနိုင်ယူပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း အဓိက ပြိုင်ဘက် ပိုလန်ထက် တစ်ပွဲ ပိုကစားထားတာကြောင့် ဖိအားတွေတော့ များနေပါတယ်။
ပြီးခဲ့တဲ့ တွေ့ဆုံမှု ၃ ကြိမ်စလုံး နယ်သာလန်က ဖင်လန်ကို အသာရခဲ့ပြီး နောက်ဆုံး ၂ ပွဲ မှာတော့ ၀-၂ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။ SBOTOP မှာတော့ နယ်သာလန် ဘက်က ၂ လုံး အရှုံးလောက် ပေါက်နေပါတယ်။ 1X2 ကြေးဖွင့်မှု ကလည်း နည်းနည်းတော့ ပြင်းနေတာ တွေ့ရပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဂိုးမြူးနေတဲ့ နယ်သာလန်ကိုပဲ အကြိုက်တွေ့မိပြီး ဒက်ချ်တို့ အနည်းဆုံး ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ် : နယ်သာလန် ၂-၀ ဖင်လန်
ဒိန်းမတ် – ဂရိ

ဒိန်းမတ် ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု C မှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ် ရရှိထားပါတယ်။ အုပ်စု ဒုတိယနေရာက စကော့တလန်ကို ရမှတ်တူ ဂိုးကွားခြားချက်အရသာ ဦးဆောင်ထားနိုင်တာ ဖြစ်လို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် ဒိန်းမတ်တို့ ဒီပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်ပါတယ်။ ဂရိ ကတော့ နောက်ဆုံး ၂ ပွဲဆက် ရှုံးထားပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ထက် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ပဲ လက်ကျန် ပွဲတွေမှာ အမှတ်ရဖို့ ကြိုးစားရမှာပါ။ ပထမအကျော့ တွေ့ဆုံမှု မှာတော့ ဒိန်းမတ်က ဂရိရဲ့ အိမ်ကွင်းမှာ ၀-၃ နဲ့ အနိုင်ယူထားပါတယ်။
SBOTOP က ဒိန်းမတ် အနိုင်အတွက် ၁.၅၇ ဆ ပေးထားလို့ မဆိုးဘူးလို့ ပြောလို့ ရပြီး ဟန်းဒီးကပ် မှာတော့ တစ်လုံးသရေလောက် ဖွင့်ပေးထားပါတယ်။ ဂိုးပေါင်းကြေး ကတော့ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး။ ဒိန်းမတ် အနိုင်သေချာပေမယ့် ဂိုးပြတ်ဖို့တော့ မရှိပါဘူး။
ခန့်မှန်းရလဒ် : ဒိန်းမတ် ၂-၁ ဂရိ
ရိုမေးနီးယား – ဩစတြီးယား
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု H ရဲ့ အသင်းကောင်း နှစ်သင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။ ဩစတြီးယားက လက်ရှိ အုပ်စုကို ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဦးဆောင်ထားနိုင်ပြီး ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ အခြေအနေကောင်းနေပါတယ်။ တစ်ဖက်မှာ ရိုမေးနီးယား ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၇ မှတ်သာ ရရှိထားပြီး ဘော့စနီးယားနဲ့တောင် ၆ မှတ် ကွာဟနေပါတယ်။ ဒါပေမယ့်လည်း ရိုမေးနီးယားက တစ်ပွဲလျော့ ကစားထားတဲ့ အားသာချက် ရှိနေပါတယ်။ ဒါကြောင့် ရိုမေးနီးယားတို့ လက်ကျန် ပွဲတွေမှာ ရမှတ် ရှာဖွေရမှာ ဖြစ်ပြီး ဒီပွဲ ကနေ တတ်နိုင်သမျှ အနည်းဆုံး သရေ တစ်မှတ်ရဖို့ ရုန်းကန်လာပါလိမ့်မယ်။
ပထမအကျော့ တွေ့ဆုံမှုမှာ ဩစတြီးယားက ရိုမေးနီးယားကို အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အနည်းငယ် ခက်ခဲခဲ့ပါတယ်။ SBOTOP မှာတော့ ဧည့်သည် ဩစတြီးယား ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ဒါပေမယ့် 1×2 မှာ ၁.၈၃ ဆ အထိ ပေးထားလို့ သဘောကျစရာ ကောင်းသလို အန္တရာယ်လည်း ရှိတဲ့ ကြေးဖွင့်မှုမျိုးပါပဲ။ ကျွန်တော် ကတော့ ဒီပွဲက သရေရလဒ်နဲ့ ပြီးဆုံးနိုင်တဲ့ ပွဲလို့ပဲ ရှုမြင်ပါတယ်။
ခန့်မှန်းရလဒ် : ရိုမေးနီးယား ၁-၁ ဩစတြီးယား
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.