ဂန်နာရို အီတလီ လက်ရွေးစင် အသင်း နည်းပြ ဂန်နာရို ဂတ်တူဆို ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အီတလီ အသင်းသာ ခြေစစ်ပွဲ မအောင်ခဲ့ရင် အီတလီ နိုင်ငံ ကနေ ထွက်ခွာသွားပြီး တခြား နိုင်ငံမှာ နေထိုင်မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အခုတော့ အီတလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း အဆုံးအဖြတ် အနေနဲ့ လာမယ့် နှစ် မတ်လ မှာတော့ ပလေးအော့ဖ် ပွဲစဉ်တွေ ကစားရတော့မှာ ဖြစ်ပါတယ်။
အီတလီဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စုအဆင့်မှာ နော်ဝေရဲ့ နောက် အုပ်စု ဒုတိယနေရာသာ ရရှိခဲ့တာကြောင့် တိုက်ရိုက် ခြေစစ်ပွဲ မအောင်မြင်ဘဲ ပလေးအော့ဖ် ထပ်ကစားရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ အီတလီက ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီ၊ ဟန်ဂေရီ တို့ ပါဝင်တဲ့ အုပ်စု ကနေ မထင်မှတ်တာတွေ လုပ်ပြခဲ့တဲ့ အိုင်ယာလန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီအဆင့်ကို ကျော်ဖြတ်နိုင်မယ် ဆိုရင်တော့ အီတလီက ဝေးလ်စ် (သို့မဟုတ်) ဘော့စ်နီးယားနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၄ ကြိမ် အထိ ကိုင်မြှောက်ထားနိုင်တဲ့ အီတလီက နောက်ပိုင်း ပြိုင်ပွဲတွေ မှာတော့ တဖြည်းဖြည်း ဆုတ်ယုတ်လာတဲ့ အခြေအနေမျိုးနဲ့ မြင်တွေ့နေရပါတယ်။ အီတလီက ၂၀၀၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ပြီးနောက် ၂၀၁၀ နဲ့ ၂၀၁၄ တို့မှာ အုပ်စု အဆင့်၊ ၂၀၁၈နဲ့ ၂၀၂၂ တို့မှာတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အထိ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အီတလီ ပရိသတ်တွေ ကတော့ သူတို့ အသင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်မှာကို စိုးရိမ်နေကြပြီ ဖြစ်ပါတယ်။ အီတလီ ကတော့ ၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားပြီး ပြိုင်ပွဲရဲ့ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း အဖြစ်လည်း ရပ်တည်နေပါတယ်။ အီတလီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန် ကတည်းက ၃ ကြိမ်သာ ခြေစစ်ပွဲ မအောင်မြင်ထားတဲ့ အသင်း ဖြစ်ပါတယ်။

အီတလီ လက်ရွေးစင် အသင်း နည်းပြ ဂန်နာရို ဂတ်တူဆို ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် အဆင့်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန်ကို လျှော့မတွက်ထားဖို့ ကစားသမားတွေကို သတိပေးထားကြောင်း သိရပါတယ်။ ဒီပွဲတွေကို တစ်ကျော့စီသာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် အီတလီ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ အရောက်လှမ်းနိုင်ဖို နှစ်ပွဲသာ လိုပါတော့တယ်။ ဒါပေမယ့်လည်း ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန် အသင်း အပေါ် ဂတ်တူဆိုက “သူတို့က ကြံ့ခိုင်မှု အားပြုတဲ့ အသင်းပါ။ သူတို့က ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ အသင်းပါ။ ကျွန်တော်တို့ ယုံကြည်မှု အပြည့် ရှိနေပေမယ့် သူတိုကို လျှော့တွက်လို့ မရပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ဂတ်တူဆို ကတော့ အီတလီနဲ့ အေစီမီလန် တို့ရဲ့ နာမည်ကျော် ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇွန်လ ကမှ အီတလီ လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ အီတလီက နည်းပြ စပယ်လက်တီ လက်ထက်မှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဂတ်တူဆိုကို ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပြီး ဂတ်တူဆို လက်ထက် မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၅ ပွဲ ကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။
ပြီးခဲ့တဲ့ လကတော့ ဂတ်တူဆိုက “ရည်မှန်းထားတဲ့ အတိုင်း လုပ်ဆောင်နိုင်ရင် ကျွန်တော် ဂုဏ်ပြုခံသွားမှာ ဖြစ်ပြီး အကယ်၍ မလုပ်နိုင်ခဲ့ဘူး ဆိုရင်တော့ အီတလီ နိုင်ငံ ကနေ ကျွန်တော် ထွက်ခွာသွားမှာပါ။ ဒီအတွက် ကျွန်တော် စီစဉ်ထားပြီးပါပြီ။ ဒီထက်ဝေးရာ ကိုလည်း ထွက်ခွာသွားနိုင်ပါတယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


