နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဖလားကို ဆောင်းရာသီမှာ ပြောင်းလဲ ကျင်းပချင်နေတဲ့ ဖီဖာ ဥက္ကဌ အင်ဖန်တီနို

ဆော်ဒီနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့် ရရှိထားတဲ့ ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂၀၃၄ ခုနှစ် အတွင်း မကျင်းပဘဲ ၂၀၃၅ ဇန်နဝါရီလမှသာ ကျင်းပသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အဓိက ကတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ဆော်ဒီ နိုင်ငံလို ပူပြင်းတဲ့ ရာသီဥတု ရှိတဲ့ နိုင်ငံမှာ ကစားသမားတွေရဲ့ မောပန်း နွမ်းနယ်မှုကို ကာကွယ်တဲ့ အနေနဲ့ ဆောင်းရာသီ ရောက်မှသာ ကျင်းပချင်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ နည်းတူ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်း ကျင်းပဖို့ စဉ်းစားခဲ့ပေမယ့် Ramadan (ဥပုသ်ကာလ) ဖြစ်နေတာကြောင့် ၂၀၃၅ ဇန်နဝါရီကို ပြောင်းလဲ ကျင်းပဖွယ် ရှိနေခြင်း ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ ဥရုဂွေး နိုင်ငံမှာ စတင် ကျင်းပခဲ့ပြီး ပြိုင်ပွဲ ၂၂ ကြိမ် အနက် ကာတာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲ တစ်ကြိမ်သာ ဆောင်းရာသီ အတွင်း ကျင်းပခဲ့ပြီး ကျန်ပြိုင်ပွဲ အားလုံး ကိုတော့ နွေရာသီ မှာသာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ စတင်ပြီး အနာဂတ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို ဆောင်းရာသီမှာ ပြောင်းလဲ ကျင်းပဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက ဘောလုံးလောက အနေနဲ့ စိတ်ကူးသစ်တွေ အတွက် လမ်းဖွင့်ပေးထားဖို့ လိုအပ်ပြီး ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် အင်ဖန်တီနို အနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားက စပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆောင်းရာသီမှာ ပြောင်းလဲ ကျင်းပဖို့ ဆန္ဒရှိနေခြင်း ဖြစ်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လာတာပါ။
နောက်ပိုင်း ကမ္ဘာ့ဖလားတွေကို ဆောင်းရာသီမှ ကျင်းပဖွယ် ရှိနေ

“ကျွန်တော် တို့မှာ နွေရာသီနဲ့ ဆောင်းရာသီ ရှိနေပြီး ခင်ဗျား အနေနဲ့ ဆန္ဒရှိရင် ဘယ်နေရာမှာ မဆို မတ်လ ဒါမှမဟုတ် အောက်တိုဘာမှာ ကစားနိုင်ပါတယ်။ အခု ဒီဇင်ဘာမှာ ကမ္ဘာရဲ့ တစ်စိတ်တစ်ဒေသက မကစားနိုင်သလို၊ ဇူလိုင်မှာလည်း ကမ္ဘာရဲ့ တစ်စိတ်တစ်ဒေသက မကစားနိုင်ဘူး ဖြစ်နေပါတယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့ နှိုင်းယှဉ် ချိန်ဆ စဉ်းစားဖို့ လိုပါတယ်။ အားလုံး အတွက် ပိုကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာ ကြည့်ရမှာပါ။ ကျွန်တော်တို့ စိတ်ကူးသစ်တွေနဲ့ အတူ ဆွေးနွေးနေပါတယ်။” လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။

ဒါကြောင့် အင်ဖန်တီနို အနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားက စပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆောင်းရာသီမှာ ပြောင်းလဲ ကျင်းပဖို့ ဆန္ဒရှိနေခြင်း ဖြစ်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လာတာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမယ့်ကာလကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါက ဥရောပ ပြိုင်ပွဲတွေ ကျင်းပတဲ့ ကာလ ကိုလည်း အပြောင်းအလဲ ပြုလုပ်ရမှာ ဖြစ်တာကြောင့် ညှိနှိုင်းမှု များစွာ ပြုလုပ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

၁၉၃၀ ခုနှစ်မှာ စတင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ လက်ရှိအချိန်ထိ ၂၂ ကြိမ် ကျင်းပ ပြုလုပ်ထားခဲ့ပြီး ချန်ပီယံ အသင်း ကတော့ ၈ သင်းသာ ထွက်ပေါ်ထားခဲ့ပါသေးတယ်။ ဒီအထဲမှာ ဘရာဇီးလ်က ချန်ပီယံဆု ၅ ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပြီး ဂျာမနီနဲ့ အီတလီက ၄ ကြိမ်စီ၊ အာဂျင်တီးနား ၃ ကြိမ်၊ ပြင်သစ်က ၂ ကြိမ်၊ ဥရုဂွေးက ၂ ကြိမ်နဲ့ အင်္ဂလန်နဲ့ စပိန် တို့က ၁ ကြိမ်စီ ချန်ပီယံ ဖြစ်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်