၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုတော့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ ၃ သင်း နိုင်ငံမှာ ပူးတွဲ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲ မတိုင်ခင်မှာ အချိန်ဖြုန်းတာနဲ့ ပွဲကစားမှုကို တမင်တကာ နှောင့်ယှက်တာတွေကို တားဆီးဖို့အတွက် စည်းမျဉ်းသစ် တစ်ခုကို အတည်ပြုဖို့ ရှိနေပါတယ်။ ဒီတော့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘယ်လို စည်းမျဉ်း အပြောင်းအလဲတွေ ဖြစ်သွားသလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။
၁။ ဒဏ်ရာရရှိမှု အတွက် အချိန် သတ်မှတ်ချက် (၁ မိနစ် စည်းမျဉ်း)
ကွင်းအတွင်း ဆေးကုသမှု ခံယူပြီး ကွင်းပြင်ကို ထွက်သွားရတဲ့ ကစားသမားတွေ အနေနဲ့ ကွင်းထဲကို ပြန်မဝင်ခင်မှာ အနည်းဆုံး တစ်မိနစ် တိတိ အပြင်မှာ စောင့်ဆိုင်းရမယ့် စည်းမျဉ်းကို အဆိုပြုထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (IFAB) ရဲ့ စနေနေ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဒီစည်းမျဉ်းကို အတည်ပြုဖို့ ရှိနေပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ အချိန်ဖြုန်းဖို့ ဒါမှမဟုတ် ပြိုင်ဘက် အသင်းရဲ့ ကစားအားကို ဖြတ်တောက်ဖို့ အတွက် ဒဏ်ရာရသယောင် ဟန်ဆောင်တာ ဒါမှမဟုတ် ပိုပိုသာသာ လုပ်ပြတာတွေကို တားဆီးဖို့ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် မှာတော့ ၃၀ စက္ကန့် စည်းမျဉ်းကို ကျင့်သုံးနေပေမယ့် ကမ္ဘာ့ဖလား မှာတော့ ဒီထက် ပိုပြီး တင်းကြပ်တဲ့ ၁ မိနစ် စည်းမျဉ်းကို ကျင့်သုံးမှာ ဖြစ်ပါတယ်။ ခြွင်းချက် အနေနဲ့ ပြစ်ဒဏ် ကျူးလွန်သူကို အဝါကတ် (သို့မဟုတ်) အနီကတ် ပြသလိုက်တဲ့ အခြေအနေမျိုး မှာတော့ တကယ် ဒဏ်ရာရတာ သေချာတဲ့ အတွက် အခု ၁ မိနစ် စည်းမျဉ်း ကနေ ကင်းလွတ်ခွင့်ပေးမှာ ဖြစ်ပါတယ်။
၂။ ဂိုးသမားများရဲ့ နည်းဗျူဟာမြောက် အချိန်ဖြုန်းမှု
ဂိုးသမားတွေ ဒဏ်ရာရလို့ ဆေးကုသမှု ခံယူရင် ကွင်းပြင် ထွက်စရာ မလိုတဲ့ အချက်ကို အသုံးချပြီး နည်းပြတွေက ကစားသမားတွေကို နည်းဗျူဟာသစ်တွေ မှာကြားလေ့ ရှိပါတယ်။ ဒီအချက် ကိုတော့ စည်းမျဉ်းသစ်က မဖြေရှင်းနိုင်သေးပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ပွဲစဉ် တစ်ဝက်စီရဲ့ အလယ်မှာ ၃ မိနစ်စီ ရေသောက်နားချိန် (Hydration breaks) ပေးထားမှာ ဖြစ်လို့ နည်းပြတွေ အတွက် ကစားသမားတွေကို ညွှန်ကြားဖို့ အချိန် လုံလောက်စွာ ရရှိမှာ ဖြစ်ပါတယ်။
၃။ ၅ စက္ကန့် အတွင်း ကစားကွက် ပြန်စတင်ခြင်း
ဘောလုံးပွဲ တစ်ပွဲရဲ့ ၉၀ မိနစ်မှာ ဘောလုံး အမှန်တကယ် ကစားနေတဲ့ အချိန် (Ball in-play) ဟာ ပျမ်းမျှ မိနစ် ၆၀ အောက်မှာပဲ ရှိနေတာကို တွေ့ရပါတယ်။ ဒါကို ဖြေရှင်းဖို့ အတွက် လက်ပစ်ဘော (Throw-ins) နှင့် ဂိုးကန်ချက် (Goal kicks): ကစားကွက် ပြန်စတင်ဖို့ အတွက် ၅ စက္ကန့် Countdown စနစ်ကို သုံးသွားဖို့ ရှိနေပါတယ်။ ပြစ်ဒဏ် သတ်မှတ်ချိန် အတွင်း မကန်ရင် လက်ပစ်ဘောကို ပြိုင်ဘက် အသင်းကို ပေးလိုက်မှာ ဖြစ်ပြီး၊ ဂိုးကန်ချက် ဆိုရင်တော့ ပြိုင်ဘက်ကို ထောင့်ကန်ဘော ပေးလိုက်မှာ ဖြစ်ပါတယ်။
၄။ လူစားလဲမှုဆိုင်ရာ ကန့်သတ်ချက် (၁၀ စက္ကန့် စည်းမျဉ်း)
လူစားလဲခံရတဲ့ ကစားသမားတွေ အချိန်ဆွဲတာကို တားဆီးဖို့ အတွက် ၁၀ စက္ကန့် အတွင်း ကွင်းပြင်ကို ထွက်ရမယ်လို့ အဆိုပြုထားပါတယ်။ အကယ်၍ ၁၀ စက္ကန့်ထက် ကျော်လွန်သွားရင် လူစားဝင်မယ့် ကစားသမားဟာ ၁ မိနစ်တိတိ စောင့်ပြီးမှ ကွင်းထဲ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၁ မိနစ် အတွင်း မှာတော့ အဆိုပါ အသင်းဟာ လူနည်းစုနဲ့ ဆက်ကစားနေရမှာ ဖြစ်ပါတယ်။ ဒီတော့ စည်းမျဉ်းစည်းကမ်း အသစ်တွေက လာမယ့် ကမ္ဘာ့ဖလားမှာ ပွဲကို ပိုပြီး မြန်ဆန်စေမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


