ဘရာဇီးလ် လက်ရွေးစင် အသင်း ကတော့ ဂျပန် လက်ရွေးစင် အသင်းကို ခြေစမ်းပွဲမှာ ၂-၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီလို အာရှ အသင်း တစ်သင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဘရာဇီးလ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ ဒီရှုံးပွဲဟာ အသင်းရဲ့ အနာဂတ် အတွက် သင်ခန်းစာကောင်းတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် အသင်း ကတော့ အန်ဆယ်လော့တီနဲ့ အတူ လာမယ့် ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
ဒီခြေစမ်းပွဲမှာ ကာလို အန်ဆယ်လော့တီရဲ့ အသင်းက ပထမပိုင်းမှာ ဟင်းနရစ်ခ်၊ မာတင်နယ်လီ တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မီနာမီနို၊ နာကာမူရာနဲ့ အွယ်ဒါ တို့က ဂျပန် အတွက် ဒုတိယပိုင်းမှာ ၃ ဂိုးဆက် သွင်းပြီး ဘရာဇီးလ်ကို အနိုင်ယူခဲ့ပါတယ်။ ဂျပန်ဟာ ဘရာဇီးလ်ကို အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် အနိုင်ရရှိခဲ့တာလည်း ဖြစ်တယ်။ ယခင် တွေ့ဆုံမှု ၁၃ ကြိမ်မှာ ၂ ကြိမ်သာ သရေကျခဲ့ပြီး ဘရာဇီးလ်က ဂျပန်ကို ၁၁ ကြိမ် အထိ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ အန်ဆယ်လော့တီက “တစ်ဦးချင်း အမှားတွေက အသင်းမှာ ကစားသမား တစ်ဦးရဲ့ အရှိတရား အပေါ် သက်ရောက်မှု မရှိပါဘူး။ ပထမဦးဆုံး အမှား ကျူးလွန်ပြီးနောက် အသင်းရဲ့ တုံပြန်မှုကို ကျွန်တော်တို့ အကဲဖြတ်ရပါလိမ့်မယ်။ ကျွန်တော်တို့ မကောင်းခဲ့ပါဘူး။ ကွင်းထဲမှာ ကျွန်တော် တို့ရဲ့ ဟန်ချက်ညီမှု၊ အကောင်းမြင်စိတ် တချို့ ပျောက်ဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ အမှားတွေ ကနေ သင်ခန်းစာယူရပါမယ်။ အသင်းရဲ့ အကြီးမားဆုံး အမှားက ပထမဦးဆုံး ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို ကောင်းကောင်း မကစားနိုင်ခဲ့တာပါ။ ဒါဟာ အနာဂတ် အတွက် သင်ခန်းစာကောင်း တစ်ခုပါပဲ။ ဒီရှုံးပွဲ ကနေ ကျွန်တော်တို့ သင်ယူရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် ဘရာဇီးလ်ကို အကောင်းဆုံး စနစ် တစ်ခုနဲ့ ရှေ့ဆက်နိုင်စေဖို့ လက်ရှိမှာ မတူညီတဲ့ နည်းစနစ်တွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိဖို့ ဆိုရင် နည်းစနစ် ဗျူဟာပိုင်းထက် ကစားသမားတွေရဲ့ ခံယူချက်က ပိုပြီး အရေးကြီးတယ်လို့လည်း ရှေ့မှာ ပြောကြားထားဖူးပါတယ်။
ဘရာဇီးလ် လက်ရွေးစင် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ဘရာဇီးလ်က ခရိုအေးရှားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဘရာဇီးလ်ဟာ လာမယ့်နှစ် ဇူလိုင်လမှာ သူတို့ အတွက် စံချိန်တင် အောင်မြင်မှု အဖြစ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူသွားဖို့ မျှော်လင့်လျက် ရှိတာပါ။ ဒါပေမယ့်လည်း ဘရာဇီးလ် ကတော့ ၂၀၀၂ ကမ္ဘာ့ဖလား မှာ နောက်ဆုံး အကြိမ် ဗိုလ်စွဲထားပြီး အဲဒီနောက်ပိုင်း အမြင့်ဆုံး အနေနဲ့ ၂၀၁၄ ခုနှစ်မှာ စတုတ္ထ တစ်ကြိမ် ရခဲ့တာက လွဲရင် ကျန်ပြိုင်ပွဲ ၄ ကြိမ်မှာ ကွာတားဖိုင်နယ် အဆင့် ကနေ ထွက်ခွာထားခဲ့ရပါတယ်။ လက်ရှိ အချိန်ထိလည်း ဘရာဇီးလ်က ကစားကွက်ရော၊ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းမှာပါ တည်ငြိမ်မှု မရှိသေးပါဘူး။
ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီး အာရှ ထိပ်သီး နှစ်သင်း ဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန် တို့နဲ့ ခြေစမ်းပွဲ ကစားခဲ့ပါတယ်။ ဘရာဇီးလ်ဟာ တောင်ကိုရီးယား ကိုတော့ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဂျပန် ကိုတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.