ပေါ်တူဂီ – စပိန်
ဇွန်လ ၉ ရက်နေ့ မနက် မြန်မာစံတော်ချိန် ၁ နာရီခွဲ မှာတော့ နေးရှင်းလိဂ် ဗိုလ်လုပွဲ အဖြစ် ပေါ်တူဂီနဲ့ စပိန်တို့ အလိုင်းရန့်ဇ် အရီနာမှာ အကြိတ်အနယ် နွှဲကြတော့မှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ကိုယ်စီ ပိုင်ဆိုင်ထားကြသလို နေးရှင်းလိဂ်မှာ စံချိန်တင် ချန်ပီယံ ဖြစ်ဖို့ ကြိုးစားကြမှာ ဖြစ်တာကြောင့် စိတ်ဝင်စားစရာ ဗိုလ်လုပွဲ ဖြစ်လာဦးမှာပါ။
ပေါ်တူဂီက နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ ဂျာမနီကို Comeback ရလဒ်နဲ့ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပေါ်တူဂီရဲ့ ဒုတိယပိုင်း ကစားပုံက တော်တော်လေး ကောင်းပြီး စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံးမှာ ရှိခဲ့တာ တွေ့ရပါတယ်။ နောက်ပြီး ပေါ်တူဂီရဲ့ လူစာရင်းကို ပြန်ကြည့်ရင် ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဘရူနို ဖာနန်ဒက်စ်၊ ယာအို နီးဗက်စ်၊ ဗစ်တင်ညာ၊ ဘာနာဒို ဆေးလ်ဗား၊ ကော်စတာ တို့လို ကစားသမားတွေ ရှိနေပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာ ခြေစွမ်းပြနေတဲ့ ထရင်ကာအို၊ အင်နာစီယို၊ နူနို မန်းဒက်စ်၊ ရာဖေးလ် လီယောင်၊ ဂွန်ကဲလ်ဗက်စ် တို့လည်း ရှိနေပြီး တော်တော်လေးကို တောင့်တင်းနေတာ တွေ့ရပါတယ်။ အောင်မြင်မှုချင်း ယှဉ်ရင် ပေါ်တူဂီဟာ စပိန်ကို အသာမရနိုင်ပေမယ့် ထိပ်တိုက် တွေ့ဆုံမှုတွေ ပြန်ကြည့်ရင်တော့ စပိန်ဟာ ပေါ်တူဂီကို အလွယ်တကူ အသာမရခဲ့တာ တွေ့ရပါတယ်။ နောက်ပြီး ခရစ္စတီယာနို ရော်နယ်ဒို အတွက် နောက်ထပ် စံချိန်ကောင်း တစ်ခုကို ထပ်တိုးနိုင်မယ့် အခွင့်အရေး ဖြစ်နေတာကြောင့် ပေါ်တူဂီ တစ်သင်းလုံး ပိုပြီး အားစိုက်နေတာ သတိထားမိပါတယ်။ ပေါ်တူဂီရဲ့ အားသာချက်က နေရာစုံမှာ တောင့်တင်းလွန်းနေပြီး အားသာချက် ကတော့ တကယ့် ပွဲကြီးတွေ ဆိုရင် လူများပြီး ပွဲမစည်တာပါ။
စပိန် ကတော့ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကို ပွဲချိန် အစောပိုင်းမှာ ကတည်းက ဂိုးပြတ် အနိုင်ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ရဲ့ လိုက်ကစားမှုကြောင့် အနည်းငယ် ရင်ခုန်ခဲ့ရပြီး ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ စပိန်ရဲ့ လက်ရှိ လူစာရင်း ကလည်း တကယ့်ကို ကြောက်စရာပါ။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားတွေ ဖြစ်တဲ့ ယာမယ်၊ ပက်ဒရီ၊ နီကို ဝီလီယမ်စ်၊ ဟိုင်ဆန်၊ ဂါဗီတို့ ရှိနေပြီးတော့ ရူအစ်ဇ်၊ အော်လမို၊ မာရင်နို၊ ဇူဘီမန်ဒီ တို့လို ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ပြောရရင် စပိန်ဟာ ပထမ အသင်း ၂ သင်းစာလောက် ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ အားသာချက်က ကွင်းလယ်နဲ့ တောင်ပံ အားကောင်းပြီး အားနည်းချက် ကတော့ ခံစစ်ပိုင်း ဖြစ်ကာ ဒါကလည်း ပြီးခဲ့တဲ့ ပြင်သစ်နဲ့ ပွဲကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း

ပေါ်တူဂီ – ကော်စတာ၊ နီးဗက်စ်၊ ဒီးရာ့စ်၊ အင်နာစီယို၊ မန်းဒက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ဗစ်တင်ညာ၊ နီတို၊ ဖာနန်ဒက်စ်၊ ထရင်ကာအို၊ ရော်နယ်ဒို
စပိန် – ဆီမွန်၊ ပေါ်ရို၊ လီနော်မက်ဒ်၊ ဟိုင်ဆန်၊ ကူကာရယ်လာ၊ ပက်ဒရီ၊ ဇူဘီမန်ဒီ၊ မာရင်နို၊ ယာမယ်၊ အိုရာဇာဘယ်၊ နီကို ဝီလီယမ်စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်မှာ ပေါ်တူဂီက ၁ ကြိမ်နိုင်၊ စပိန်က ၂ ကြိမ် နိုင်ပြီး သရေ ၅ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒီနှစ်သင်းက နေးရှင်းလိဂ် မှာလည်း တွေ့ဆုံခဲ့ဖူးပြီးတော့ စပိန်က ပေါ်တူဂီကို ၁ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကစားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ပေါ်တူဂီက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး စပိန် ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ပေါ်တူဂီ နိုင်ရင် ၃.၃၇ ဆ၊ စပိန် နိုင်ရင် ၁.၉၄ ဆနဲ့ သရေ ဆိုရင်တော့ ၃.၄၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း စပိန်က သရေ တစ်ဝက်ရှုံး၊ သရေ ရှုံး၊ တစ်လုံး တစ်ဝက်စား ဆိုတဲ့ ကြေးတွေ ပေးထားပြီး ဂိုးပေါင်းကြေး ကတော့ ပုံမှန်ပါပဲ။ ဥရောပ ချန်ပီယံ စပိန်ဟာ နေးရှင်းလိဂ် လက်ရှိ ချန်ပီယံ ဖြစ်သလို ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ၃ နှစ်ဆက် တက်ရောက်လာတဲ့ အသင်း ဖြစ်ပါတယ်။ ပေါ်တူဂီ ကလည်း ဒီပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ချန်ပီယံ ဖြစ်ဖို့ အားခဲနေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီးတော့ ကျွန်တော့် အနေနဲ့တော့ စပိန်က နည်းနည်းလေး ပိုသာနေတယ် ထင်ပါတယ်။ စပိန်ဟာ ဗိုလ်လုပွဲတွေ ဘယ်လို အနိုင်ကစားရမယ် ဆိုတာ သိတဲ့ အသင်းပါ။ စပိန်တို့ သာမန် ပွဲချိန် အတွင်းမှာပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရပြီး နေးရှင်းလိဂ် နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်သွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
ပေါ်တူဂီ ၁-၂ စပိန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.