ဂျာမနီ – ပြင်သစ်
မနက်ဖြန်ည မြန်မာစံတော်ချိန် ည ၇ နာရီခွဲ မှာတော့ နေးရှင်းလိဂ် တတိယ နေရာလုပွဲ အဖြစ် ဂျာမနီနဲ့ ပြင်သစ်တို့ စတုဂတ်ရဲ့ MHPArenaမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဂျာမနီဟာ ပေါ်တူဂီကို ခြေစွမ်း နိမ့်ပါးစွာနဲ့ ရှုံးနိမ့်ခဲ့သလို ပြင်သစ် ကလည်း စပိန်ကို နောက်က လိုက်ကစားပြီး ရှုံးနိမ့်ခဲ့တာကြောင့် တတိယနေရာ လုကြရတာလည်း ဖြစ်ပါတယ်။
ဂျာမနီဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပေါ်တူဂီကို ဦးဆောင်ဂိုး အရင် သွင်းနိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာပါ။ တကယ်တမ်းလည်း ဂျာမနီရဲ့ ခြေစွမ်းက ဗိုလ်လုပွဲ တက်ဖို့ မထိုက်တန်ခဲ့ပါဘူး။ တစ်သင်းလုံးမှာ ဦးဆောင်ဂိုး သွင်းခဲ့တဲ့ ဖလော်ရီယန် ဝစ်ဇ် တစ်ယောက်သာ အမှားနည်းခဲ့ပြီး ဂျူလီယန် နေဂဲလ်စ်မန်း လက်ထက်မှာ ဂျာမနီရဲ့ အစုတ်ပြတ်ဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပြင်သစ် ကတော့ ဆီမီးဖိုင်နယ်မှာ စပိန်ကို ၅-၁ ရလဒ်နဲ့ ရှုံးနိမ့်နေပြီးမှ ၅-၄ အထိ လိုက်နိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်း သရေရဖို့တောင် မမှီနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ်ကို ကြည့်ရတာ အရင်လို မ Strong တော့ဘူးလို့ ခံစားရပါတယ်။ လူစာရင်းမှာ အမ်ဘာပေး၊ အိုလီဆေး၊ ဒမ်ဘီလီ၊ ကိုနာတေး၊ သီယို ဟာနန်ဒက်ဇ် တို့လို ကစားသမားတွေ ရှိနေတဲ့ အပြင် အခုဆို ဒူရေး၊ ချာကီ၊ ဘာကိုလာ တို့လို လူငယ်ကြယ်ပွင့်တွေပါ ရှိနေပေမယ့် ပြင်သစ်က အကျပိုင်း ရောက်နေသလို ဖြစ်နေပါတယ်။ ဒါ့အပြင် ပြင်သစ်က ဂျာမနီနဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံး ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ဂျာမနီ – တာစတီဂျန်၊ တာ့ရ်၊ ကော့ချ်၊ အန်တွန်၊ ကင်မစ်ချ်၊ ပက်ဗ်လိုဗစ်၊ ဂိုရက်ဇ်ကာ၊ မစ်တဲလ်စတက်ဒ်၊ ဆာနေး၊ ဝစ်ဇ်၊ ဖူးလ်ခရက်ဂျ်
ပြင်သစ် – မိုက်ခ် မိုက်ဂ်နန်၊ ကာလူလူ၊ သီယို ဟာနန်ဒက်ဇ်၊ ကိုနာတေး၊ လန်းဂ်လတ်၊ ရာဘီယော့တ်၊ ချူအာမန်နီ၊ အိုလီဆေး၊ ဒူရေး၊ ဒမ်ဘီလီ၊ အမ်ဘာပေး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၁၁ ကြိမ်မှာ ဂျာမနီက ၄ ကြိမ် နိုင်ပြီး ပြင်သစ်က ၅ ကြိမ်နိုင်ကာ ၂ ကြိမ်က သရေကျခဲ့ပါတယ်။ နေးရှင်းလိဂ် တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ပြင်သစ်က ၁ ပွဲနိုင်၊ ၁ ပွဲ သရေနဲ့ အသာရထားပါတယ်။ ဂျာမနီ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ပြင်သစ်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင် ဂျာမနီက ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ပြင်သစ် ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဂျာမနီ နိုင်ရင် ၂.၂၆ ဆ၊ ပြင်သစ် နိုင်ရင် ၂.၆၃ ဆနဲ့ သရေ ဆိုရင်တော့ ၃.၅၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိ ခြေစွမ်းအရဆို မျှချေမှာ ရှိနေလို့ မှန်းဆရတော့ ခက်ပါတယ်။ နှစ်သင်းစလုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး ပြင်သစ် ကတော့ အဆုံးသတ် အပိုင်းမှာ နည်းနည်းလေး ပိုသာနေပါတယ်။ ကျွန်တော် ကတော့ ဒီပွဲကို မိနစ် ၉၀ အတွင်း သရေပဲ မျှော်လင့်ထားချင်ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ရင်ခုန်ထားချင်ပါတယ်။ ဂိုးပေါ်ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ဂျာမနီ ၂-၂ ပြင်သစ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.