နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အေစီမီလန်နဲ့ ချန်ပီယံလိဂ် ပွဲကို လွဲချော်မယ့် အိုဆင်မ်ဟန်၊ စကားလုံး တိုက်ပွဲ ဆင်နွဲနေတဲ့ မော်ရင်ဟိုနဲ့ ကာဆာနို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အေစီမီလန်နဲ့ ချန်ပီယံလိဂ် ပွဲကို လွဲချော်မယ့် အိုဆင်မ်ဟန်၊ စကားလုံး တိုက်ပွဲ ဆင်နွဲနေတဲ့ မော်ရင်ဟိုနဲ့ ကာဆာနို စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၂ ရက်နေ့ရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အေစီမီလန်နဲ့ ချန်ပီယံလိဂ် ပွဲကို လွဲချော်မယ့် အိုဆင်မ်ဟန်

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်က ဒီနေ့ည ကစားမယ့် အေစီမီလန်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဥ်ကို တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် လွဲချော်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

အိုဆင်မ်ဟန်ဟာ ဒီရာသီမှာ အသင်း အတွက် စီးရီးအေ မှာရော‌၊ ဥရောပ မှာပါ ဂိုးသွင်း ခြေစွမ်းပြနေပြီး သူ့ရဲ့ ဒဏ်ရာ သတင်းက နာပိုလီ အတွက် ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။ အိုဆင်မ်ဟန် အနေနဲ့ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်း အတွက် သွားရောက် ကစားပေးရင်း ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလော်ရန်းတစ်က ကံဆိုးစွာနဲ့ပဲ အိုဆင်မ်ဟန် တစ်ယောက် အေစီမီလန်နဲ့ ပွဲမှာ ပါဝင် ကစားနိုင်တော့မှာ မဟုတ်ကြောင်း၊ လာမယ့် ဧပြီ (၁၈) ရက်နေ့၊ မာရာဒိုနာ ကွင်းမှာ ကစားမယ့် ဒုတိယအကျော့ မှသာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ရတော့မှာ ဖြစ်ကြောင်း အတိအလင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

 

ဘင်ဖီကာနဲ့ ပွဲမှာ အကောင်းဆုံး ပုံစံထဲက တစ်ခု ပြသနိုင်ခဲ့တယ် ဆိုတဲ့ မက်ခီတာရန်

အင်တာမီလန် ကွင်းလယ်လူ ဟင်းနရစ် မက်ခီတာရန်က ဘင်ဖီကာ အသင်း အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဥ်မှာ သူတို့ရဲ့ ဒီရာသီ အကောင်းဆုံး ပုံစံတွေ ထဲက တစ်ခုကို မြင်တွေ့သွားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးရဲလ်မက်ဒရစ်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 4.90
ဂိုးပေါ် 2.50 @ 2.01
ဂိုးပေါင် 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲမှာ စီးရီးအေ ကလပ်က အဝေးကွင်းမှာ သွားရောက် ကစားခဲ့ရပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပြီး ကွင်းလယ်လူ မာကို ဘာရယ်လာ၊ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယအကျော့ ကိုလည်း အိမ်ကွင်း ဆန်စီရိုမှာ ကစားရမှာ ဖြစ်တာကြောင့် အင်တာမီလန် အတွက်တော့ နှစ်ဂိုးပြတ် ဆိုတဲ့ ရလဒ်က ဆီမီးဖိုင်နယ် တက်ရောက်ဖို့ တော်တော်လေး အလေးသာ သွားစေတဲ့ ရလဒ် တစ်ခုလည်း ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ မက်ခီတာရန်က ပြိုင်ဘက် အနေနဲ့ ဒီရာသီ သူတို့ရဲ့ အကောင်းဆုံးပွဲတွေ ထဲက တစ်ပွဲကို မြင်တွေ့ခဲ့ရကြောင်း၊ သူတို့ အသင်းက အနိုင်ရဖို့ ထိုက်တန်ခဲ့ကြောင်း၊ ဒါပေမယ့် ဒါက အခုမှ ပထမ ခြေလှမ်းပဲ ရှိသေးပြီး ဆီမီးဖိုင်နယ်ကို ရောက်ဖို့ အတွက် အရာအားလုံး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

မော်ရင်ဟိုကို ပြန်လည် တုံ့ပြန်လာပြန်တဲ့ ကာဆာနို

ဒီရက်ပိုင်းမှာ စီးရီးအေ ကလပ် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုနဲ့ စကားလုံး တိုက်ပွဲ ဆင်နွှဲနေတဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟောင်းကြီး အန်တိုနီယို ကာဆာနို ကတော့ မော်ရင်ဟိုကို ထပ်မံ ထိုးနှက်လိုက်ပြန်ပါတယ်။

ဒီရက်ပိုင်းမှာ စီးရီးအေ ကလပ် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုနဲ့ စကားလုံး တိုက်ပွဲ ဆင်နွှဲနေတဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟောင်းကြီး အန်တိုနီယို ကာဆာနို ကတော့ မော်ရင်ဟိုကို ထပ်မံ ထိုးနှက်လိုက်ပြန်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ မော်ရင်ဟို

မော်ရင်ဟိုက ကာဆာနိုနဲ့ ပတ်သက်ပြီး သူ့ရဲ့ အသင်းဖော်ဟောင်း မာကိုလီဗာရာနဲ့ ပြဿနာ ဖြစ်ခဲ့တာကို အစပြန်ဆွဲထုတ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ ကာဆာနိုက ကျွန်တော့်ရဲ့ ဘဝက အသက် (၁၈) နှစ် အထိ ခက်ခဲ ကြမ်းတမ်းခဲ့ကြောင်း၊ လီဗာရာနဲ့ ဖြစ်ရပ် မှာလည်း အရာအားလုံးက (၂) ရက် အတွင်း ပြန် အဆင်ပြေခဲ့ကြောင်း၊ ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြဿနာ မရှိတော့ကြောင်း၊ မော်ရင်ဟို အနေနဲ့ ကိုယ့်အသင်း ကစားပုံ ကိုသာ အာရုံစိုက်သင့်ကြောင်း ရင့်ရင့်သီးသီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ကာဆာနိုဟာ မော်ရင်ဟိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် စတင် ထိုးနှက်ခဲ့ရာ ကစပြီး နှစ်ယောက် အကြားမှာ အခုလိုမျိုး စကားလုံး တိုက်ပွဲတွေ ဆင်နွှဲနေကြတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်