နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – မနက်ခင်း သတင်းများ (၂၆/၉/၂၀၂၂)

စက်တင်ဘာ ၂၆ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ကွင်းပိတ် ပြစ်ဒဏ် ချမှတ်ခံရတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ်လည်း ပါဝင်နေ

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားတဲ့ အပြုအမူတွေကြောင့် အိမ်ကွင်းရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ အနည်းဆုံး ထိုင်ခုံ တစ်ထောင်ခန့် အတွက် ကွင်းပိတ် ကစားရမယ့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ် အပြင် နိုက်စ်နဲ့ ဖရန့်ဖတ် တို့လည်း ပါဝင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် ပရိသတ်တွေဟာ ပီအက်စ်ဂျီ ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာကြောင့် အခုလို ကွင်းပိတ် ပြစ်ဒဏ် အပြင် ဒဏ်ကြေးငွေ ယူရို ၁၅၀၀၀၀ ပါ ပေးဆောင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

နိုက်စ် ပရိသတ်တွေ ကလည်း ကိုလုံး၊ ပါတီဇန် ဘဲလ်ဂရိတ်တို့နဲ့ ကစားခဲ့တဲ့ ယူရိုပါ ကွန်ဖရင့်လိဂ် ပွဲတွေမှာ ကွင်းအတွင်း ပစ္စည်းတွေနဲ့ ပစ်ပေါက်ခြင်း၊ လူမျိုးရေး ခွဲခြားခြင်းတို့ ပြုလုပ်ခဲ့တာကြောင့် အနီးဆုံး ကစားမယ့် ဆလိုဗက်ကိုနဲ့ ပွဲမှာ ကွင်းပိတ်ကစားရမှာ ဖြစ်ပါတယ်။

ဖရန့်ဖတ် ပရိသတ်တွေ ကတော့ မာဆေးလ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ လူမျိုးရေး ခွဲခြားခြင်း၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်း၊ ကွင်းအတွင်း ပစ္စည်းတွေနဲ့ ပစ်ပေါက်ခြင်းနဲ့ နာဇီ ပုံစံ အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့တာကြောင့် ယူရို ၄၅၀၀၀နဲ့ အဝေးကွင်း တစ်ပွဲ ပရိသတ်ဝင်ခွင့် ပိတ်ပင်ခြင်း၊ အိမ်ကွင်း တစ်ဝက် ပိတ်ပင်ခြင်း အစရှိတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့ ရာသီ ယူနိုက်တက်နဲ့ အတွေ့အကြုံတွေကို ဖွင့်ဟလာတဲ့ မာတစ်

ရိုးမား ကွင်းလယ်လူ နီမန်ဂျာ မာတစ်က ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အသက် (၃၄) နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီမှာ စီးရီးအေ ကလပ် ရိုးမားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်က ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရပြီး ကစားသမားတွေ အတွက်လည်း တော်တော်လေးကို ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ ဒီအပေါ်မှာ မာတစ်က “ကျနော် ပြောနိုင်တာက အသင်းမှာ ရှိတဲ့ လူတိုင်း သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသဖို့ တကယ် ကြိုးစားခဲ့ပါတယ်”

“ဒါပေမယ့် ကိစ္စတွေက မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း မရောက်နိုင်တဲ့ အခါမှာ ရလဒ်တွေ ကလည်း မကောင်းတော့ပါဘူး။ ခက်ခဲခဲ့ပြီး ဖိအား ကလည်း ကြီးမားခဲ့ပါတယ်။ သေချာတာ ကတော့ ဘယ်သူကမှ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မပျော်ရွှင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

မာတစ်ဟာ ရိုးမားမှာ ယူနိုက်တက် နည်းပြဟောင်း ဂျိုဆေး မော်ရင်ဟို၊ ယူနိုက်တက် နောက်ခံလူဟောင်း ခရစ္စ စမောလင်း တို့နဲ့ အတူတကွ ပြန်လည် လက်တွဲနေရတာလည်း ဖြစ်ပါတယ်။

 

နာပိုလီ ကနေ ထွက်ခွာခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ကူလီဘာလီ ဆို

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် နာပိုလီကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုနောက်ခံလူ ကာလီဒူ ကူလီဘာလီက နေပဲလ် ကလပ် ကို စွန့်ခွာခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာလည်း ရုန်းကန်နေရတဲ့ ကူလီဘာလီ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် နာပိုလီကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုနောက်ခံလူ ကာလီဒူ ကူလီဘာလီက နေပဲလ် ကလပ် ကို စွန့်ခွာခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒီကစားသမားဟာ လက်တလော ရလဒ်တွေ ဆိုးနေတဲ့ ချဲလ်ဆီးမှာ ရုန်းကန်နေရပြီး လိဒ်စ်ယူနိုက်တက်ကို ၃ ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကူလီဘာလီက “ဒါက ဘဝအတွက် ရွေးချယ်မှုပါ။ ကျနော်က အသင်း ပြောင်းချင်ခဲ့ပြီး နာပိုလီ အတွက် အရာအားလုံး ပေးဆပ်ခဲ့ပြီးပြီလို့ ခံစားရပါတယ်။ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ရချိန်မှာ ကျနော် အကြာကြီး မစဥ်းစားရပါဘူး” “သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်း ၅ သင်းထဲက တစ်သင်း ဖြစ်ပြီး ကြီးကျယ် ခမ်းနားတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီအချိန်က အသင်းပြောင်းဖို့ အချိန်ကောင်း ဖြစ်ခဲ့ပြီး အသင်း မှာလည်း ကျနော် ပျော်ရွှင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်