နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွန်တီ အနေနဲ့ အသင်းမှာ မပျော်ရွှင်ရင် ထွက်သွားနိုင်ကြောင်း ပြတ်ပြတ်သားသား သတိပေးလိုက်တဲ့ နာပိုလီ ဥက္ကဌ | စီးရီးအေ

အန်တိုနီယို ကွန်တီ ကတော့ နာပိုလီ အတွက် စီးရီးအေ ချန်ပီယံဆုကို ပူပူနွေးနွေး ရယူပေးသူ ဖြစ်ပေမယ့် နေပဲလ် ကလပ်မှာ အနာဂတ် မသေမချာ ဖြစ်နေသူပါ။ အခုလည်း နာပိုလီ ဥက္ကဌ အော်ရီလီယို ဒီလော်ရန်းတစ်က ကွန်တီ အနေနဲ့ အသင်းမှာ မပျော်ရွှင်ရင် ထွက်ခွာသွားနိုင်ကြောင်းပါ သတိပေးစကား ပြောကြားလာခဲ့ပြီ ဖြစ်ပါတယ်။

အီတလီ လူမျိုး နည်းပြ ကွန်တီဟာ ဒီရာသီ အစမှ နာပိုလီကို ၃ နှစ် စာချုပ်နဲ့ ကိုင်တွယ်နေခဲ့သူ ဖြစ်သလို သူ့ရဲ့ ပွဲဦးထွက် ရာသီ မှာတင်ပဲ နာပိုလီကို စီးရီးအေ ချန်ပီယံဆု ရယူပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် နာပိုလီက ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စီးရီးအေမှာ အဆင့် ၁၀ နေရာသာ ရရှိခဲ့ပြီးတော့ ဒီရာသီမှာ စီးရီးအေ ချန်ပီယံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွန်တီဟာ နာပိုလီ ဥက္ကဋ္ဌ ဒီလော်ရန်းတစ် အပါအဝင် အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ အဆင်မပြေ ဖြစ်နေကြောင်း အစောပိုင်း ကတည်းက သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ကွန်တီဟာ သူ့ရဲ့ စီးရီးအေ ကလပ်ဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည် ကိုင်တွယ်လိုနေကြောင်းလည်း သိရပါတယ်။
စပယ်လက်တီနဲ့ ဥပမာပေးကာ ကွန်တီကို သတိပေးလိုက်တဲ့ ဒီလော်ရန်းတစ်

နာပိုလီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ခါဗစ်ချာ ခါဗရာစခီလီယာ၊ အိုဆင်မ်ဟန် တို့လို အဓိက ကစားသမားတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ကွန်တီက နာပိုလီ တာဝန်ရှိသူတွေကို ကစားသမားသစ် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် အသင်း ဘက်ကတော့ စီစဉ်ပေးခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ကွန်တီက အသင်းဟာ စီမံကိန်း အတိုင်း မလုပ်ဆောင်ရင် ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာနိုင်ကြောင်း မကြာခဏ ဆိုသလို ပြောကြားနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ နာပိုလီ ဥက္ကဋ္ဌ ဒီလော်ရန်းတစ်က ကွန်တီ အနေနဲ့ အသင်းမှာ မပျော်ရွှင်ရင် ထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလော်ရန်းတစ်က “အိမ်ထောင် တစ်ခုမှာ မေးနိုင်တဲ့ မေးခွန်း တစ်ခု ရှိပါတယ်။ အကယ်၍ တစ်စုံ တစ်ယောက်က အဲဒီအခြေအနေမှာ မပျော်ရွှင်ဘူး ဆိုရင် မြင်ကွင်းကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ စပယ်လက်တီ လုပ်ခဲ့သလိုပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

နာပိုလီ နည်းပြဟောင်း လူစီယာနို စပယ်လက်တီ ကတော့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီမှာ နာပိုလီကို စီးရီးအေ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ချက်ချင်းပဲ အသင်းနဲ့ လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလော်ရန်းတစ်က ကွန်တီကို စပယ်လက်တီနဲ့ ဥပမာပေးကာ သတိပေးစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ကွန်တီရဲ့ အခြေအနေကို အသင်းဟောင်း ဂျူဗင်တပ်စ်က စောင့်ကြည့်နေပြီး ခေါ်ယူဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။ဂျူဗင်တပ်စ်ဟာ ဒီရာသီအစမှာ သီယာဂို မော့တာကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းကို သဘောမကျတာကြောင့် ရာသီမကုန်ခင်မှာပဲ လမ်းခွဲခဲ့ပါတယ်။ အဲဒီနောက် ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ အီဂေါ တူဒါကို ယာယီ ခန့်အပ်ခဲ့ပြီး ဒီနည်းပြ ကလည်း ဂျူဗင်တပ်စ်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ် ကတော့ တူဒါရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းမကျတာကြောင့် နည်းပြဟောင်း ကွန်တီကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ကွန်တီ ကတော့ ဂျူဗင်တပ်စ်ကို ၂၀၁၁ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အထိ ကိုင်တွယ်ခဲ့ဖူးပြီးတော့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ကွန်တီဟာ သူ့ရဲ့ စီးရီးအေ ကလပ်ဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည် ကိုင်တွယ်လိုနေကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်