နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိန်းနူး (သို့မဟုတ်) နေပဲလ်ဆီ ဦးတည်နေတဲ့ နောက်ထပ် မန်ချက်စတာသား တစ်ဦး | စီးရီးအေ

စီးရီးအေ ကလပ် နာပိုလီ ကတော့ မန်ချက်စတာယူနိုက်တက်မှာ ချောင်ထိုးခံထားရတဲ့ ကိုဘီ မိန်းနူးကို အငှားနဲ့ ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်နေပါတယ်။ အင်္ဂလန် ကွင်းလယ် ကြယ်ပွင့်လေးဟာ လက်တလော ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် မရဖြစ်နေပြီး အသင်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်နေသူ ဖြစ်ပါတယ်။

ဒီအခြေအနေကို စီးရီးအေ ချန်ပီယံ တို့က စောင့်ကြည့်နေပြီးတော့ မိန်နူးကို အရင်လို ခြေစွမ်းကောင်းတွေနဲ့ ပြန်လည် မြင်တွေ့ရဖို့ နေပဲလ်ဆီ လာမယ့် ဆောင်းရာသီမှာ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ နည်းပြ အန်တိုနီယို ကွန်တီ ကိုယ်တိုင်က မိန်နူးကို သဘောကျသူ ဖြစ်သလို အခုလို ယူနိုက်တက်နဲ့ မိန်နူးတို့ အကြားက အဆင်မပြေမှုတွေကို အခွင့်အရေး တစ်ခု အနေနဲ့ အသုံးချလိုနေတာ ဖြစ်ပါတယ်။

နာပိုလီဟာ အရင် ကလည်း ယူနိုက်တက်မှာ ကစားသမားဘဝ မှေးမှိန်နေတဲ့ စကော့တ် မက်တော်မီနေး၊ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း တို့ကို ခေါ်ယူကာ ပြန်လည် တောက်ပစေနိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နာပိုလီက တံကောက်ကြော ဒဏ်ရရသွားတာကြောင့် လာမယ့် နှစ်အထိ လက်လွှတ်ထားရတော့မယ့် ကီဗင် ဒီဘရွန်းနား နေရာမှာ အစားထိုးဖို့ ကွင်းလယ်လူ တစ်ဦး ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဒီဘရွန်းနားက ပင်နယ်တီ ကန်သွင်းရင်း တံကောက်ကြော ဒဏ်ရာရရှိခဲ့တာ ဖြစ်သလို အောင်ပွဲမခံနိုင်တဲ့ အထိ နာကျင်မှုကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဘရွန်းနားဟာ ဒီရာသီမှာ နာပိုလီ အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားပြီး ၄ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားပါတယ်။ ဒါကြောင့် စီးရီးအေ ကလပ်ဟာ အင်္ဂလန် ကြယ်ပွင့်ကို ပစ်မှတ်ထားလာပြီးတော့ ပြီးခဲ့တဲ့ နွေရာသီက မအောင်မြင်ခဲ့တဲ့ ဆွေးနွေးမှုတွေကို လာမယ့် ဆောင်းရာသီမှာ အပြီးသတ် အကောင်အထည်ဖော်လိုနေတာ ဖြစ်ပါတယ်။

နာပိုလီက လက်တလော မှာတော့ စီးရီးအေ အမှတ်ပေးဇယားကို ရမှတ် ၂၁ မှတ်နဲ့ ဦးဆောင်ထားပေမယ့် ရိုးမား နဲ့တော့ ရမှတ်တူနေပါတယ်။
စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီ

လက်ရှိ နာပိုလီရဲ့ ကွင်းလယ်ပိုင်းမှာ ဂီးလ်မော၊ မက်တော်မီနေး၊ ဒီဘရွန်းနား၊ အဲလ်မက်စ်၊ လိုဘွတ်ကာ၊ အန်ဂစ်ဆာ တို့ ရှိနေပေမယ့် ကွန်တီ ကတော့ ပိုမိုအားကောင်းစေဖို့ အတွက် မိန်းနူးကို အရ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အကယ်ဒမီထွက် ကိုဘီ မိန်းနူးဟာ မန်ချက်စတာယူနိုက်တက် အတွက် ပွဲပေါင်း ၈၀ ကစားပြီး ၇ ဂိုး သွင်းယူထားပါတယ်။ အသက် ၂၀ အရွယ် ကြယ်ပွင့်လေးက ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၆၉ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ရူဘင် အမော်ရင် လက်ထက် မှာတော့ ပုံမှန် ပွဲထွက်ခွင့် တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့သူ ဖြစ်ပါတယ်။ မိန်းနူးက လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ၁၃၈ မိနစ်သာ ပါဝင်ကစားခွင့် ရရှိထားပါသေးတယ်။

သတင်းတွေအရ ဆိုရင်တော့ ကွန်တီက ပြီးခဲ့တဲ့ နွေရာသီ ခေါ်ယူမှုတွေကို လုံးဝ စိတ်တိုင်းမကျခဲ့သလို အဲဒီ ကိစ္စကြောင့်ပဲ ကလပ်နဲ့လည်း အဆင်မပြေမှု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကွန်တီဟာ လာမယ့် ဆောင်းရာသီ မှာတော့ ကိုယ်တိုင်စိတ်တိုင်းကျ ကစားသမားတွေကို ရွေးချယ် ခေါ်ယူသွားမှာ ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အဓိက အားဖြည့်သွားမယ်လို့ သိရပါတယ်။ 

နာပိုလီက လက်တလော မှာတော့ စီးရီးအေ အမှတ်ပေးဇယားကို ရမှတ် ၂၁ မှတ်နဲ့ ဦးဆောင်ထားပေမယ့် ရိုးမား နဲ့တော့ ရမှတ်တူနေပါတယ်။ နာပိုလီ အနေနဲ့ လက်ရှိ ချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့ ဆိုရင်တော့ လာမယ့် ရာသီတွေထက် ခက်ခဲနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်