နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုးမားကို ပြောင်းရွှေ့မယ့် လိုင်ယွန် ကွင်းလယ်လူ၊ နာပိုလီက ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ကြောင်း ပြောကြားလိုက်တဲ့ အယ်လီဂရီ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရိုးမားကို ပြောင်းရွှေ့မယ့် လိုင်ယွန် ကွင်းလယ်လူ၊ နာပိုလီက ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ကြောင်း ပြောကြားလိုက်တဲ့ အယ်လီဂရီအစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၈ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ရိုးမားကို ပြောင်းရွှေ့မယ့် လိုင်ယွန် ကွင်းလယ်လူ

လိုင်ယွန် ကွင်းလယ်လူ ဟူဆန် အာဝါဟာ လာမယ့်နွေရာသီမှာ ရိုးမားကို ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စီးရီးအေ ကလပ်ဟာ အာဝါကို ကာလရှည် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန် မှာတော့ ကစားသမားနဲ့ ကလပ် အသင်း အကြား ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတွေ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ရိုးမားတို့ အနေနဲ့ အာဝါကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

အသက် (၂၄) နှစ် အရွယ် အဆိုပါ ကွင်းလယ်လူကို စပိန် ကလပ် ရီးရဲလ်ဘက်တစ်နဲ့ နာမည်ကျော် မန်ချက်စတာယူနိုက်တက် တို့ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ အာဝါဟာ ဒီရာသီမှာ လိုင်ယွန် အတွက် (၁၄) ပွဲ ကစား၊ တစ်ဂိုး သွင်း၊ တစ်ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ရိုးမားဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် နွေရာသီကတည်းက အာဝါကို စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး လာမယ့်နွေရာသီ မှာတော့ အမှန်တကယ် ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

 

နာပိုလီက ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ကြောင်း ပြောကြားလိုက်တဲ့ အယ်လီဂရီ

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီက နာပိုလီတို့ ဒီရာသီမှာ စီးရီးအေ ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီက နာပိုလီတို့ ဒီရာသီမှာ စီးရီးအေ ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။
အူဒီးနီးစ်နဲ့ အဝေးကွင်း ပွဲစဥ်မှာ သရေ တစ်မှတ် ရရှိခဲ့တဲ့နောက် စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီ

နာပိုလီဟာ ကြားရက်မှာ ကစားခဲ့တဲ့ အူဒီးနီးစ်နဲ့ အဝေးကွင်း ပွဲစဥ်မှာ သရေ တစ်မှတ် ရရှိခဲ့တဲ့နောက် စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပြီး (၁၉၉၀) နောက်ပိုင်း သူတို့ အတွက် ပထမဆုံး စကူဒက်တို အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

နာပိုလီရဲ့ ဒီရာသီ အောင်မြင်မှု အပေါ်မှာ ဂျူဗင်တပ်စ် နည်းပြ အယ်လီဂရီက နာပိုလီတို့ ဒီရာသီမှာ စွမ်းဆောင်ခဲ့တဲ့ ကိန်းဂဏန်းတွေ အရ သူတို့ ချန်ပီယံဖြစ်ဖို့ ထိုက်တန်ကြောင်း၊ ဒါပေမယ့် တစ်ရာသီနဲ့ တစ်ရာသီက ကွာခြားပြီး လာမယ့်ရာသီ ကတော့ လန်းလန်းဆန်းဆန်း အစပြုလာမှာ ဖြစ်ကြောင်း၊ နာပိုလီရဲ့ စွမ်းဆောင်ခဲ့သမျှတွေ အတွက် ကျွန်တော်တို့ သေချာပေါက် ဂုဏ်ပြုရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

အသင်းမှာ ရှိနေတဲ့ အတွက် ဂုဏ်ယူကြောင်း ဂျူဗင်တပ်စ် ဆယ်ကျော်သက် ပြောကြား

မနေ့ညက ကစားခဲ့တဲ့ အတ္တလန္တာနဲ့ စီးရီးအေ ပွဲမှာ ဂျူဗင်တပ်စ် အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဆမ်မြူရယ် အယ်လင် ဂျူနီယာက သူ့အနေနဲ့ အသင်းမှာ ရှိနေခွင့်ရတဲ့ အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အေစီမီလန်
အင်တာမီလန်
1X2 အေစီမီလန် @ 2.73
ဂိုးပေါ် 2.25 @ 2.06
ဂိုးပေါင်း 0-1 @ 2.48
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

(၂၀၀၃) ခုနှစ်ဖွား အဆိုပါ အင်္ဂလန်လူမျိုး ကစားသမားလေးဟာ မနေ့က ဂျူဗင်တပ်စ် အတွက် ပထမဆုံး စီးရီးအေ ပွဲစဥ် အဖြစ် ပွဲထွက်ခွင့် ရရှိခဲ့တာပါ။

အသက် (၂၃) နှစ် အရွယ် အယ်လင်ဟာ သူ့ရဲ့ ပွဲဦးထွက်မှာ အသင်း အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး နာကျင်အချိန်ပို မှာလည်း ဒူဆန် ဗလာဟိုဗစ်က ဒုတိယဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်တို့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်တို့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် ပိုမို အားကောင်းသွားခဲ့ပါပြီ။

ပွဲအပြီးမှာလည်း အယ်လင်က ဂျူဗင်တပ်စ်မှာ ရှိနေခွင့်ရတဲ့ အတွက် ဂုဏ်ယူမိကြောင်း၊ နည်းပြ မက်စ် အယ်လီဂရီက ထိပ်တန်း နည်းပြ တစ်ယောက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်