နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အလိုက်ပေးသွားမယ့် ဂျူဗင်တပ်စ်၊ အီတလီမြေကို ပြန်ချင်နေတဲ့ ခီဗီယော | စီးရီးအေ

စီးရီးအေ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ခေါ်ယူချင်နေကြောင်း Tuttosport က ဖော်ပြပါတယ်။ တူရင် ကလပ်ဟာ ဒိန်းမတ် တိုက်စစ်မှူးကို ခေါ်ယူဖို့ အသင်းရဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ် တစ်ဒေသ အဖြစ် ထည့်သွင်း ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ 

ဆက်စပ် သတင်းတွေ အရ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီကို ဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စီးရီးအေ ကလပ် ဘက်ကတော့ အန်တိုနီ အတွက် ယူနိုက်တက် လိုချင်နေတဲ့ ယူရို သန်း ၅၀ (ပေါင် ၄၂.၄ သန်း) ကိုတော့ ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ အစ်ပ်ဆွစ်ချ် တိုက်စစ်မှူး လီယမ် ဒီလက်ပ်ရဲ့ အေးဂျင့်ကို ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဆက်တည်း မှာပဲ အာဆင်နယ်က အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ အင်္ဂလန် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ အတွက် ပေါင်သန်း ၇၀ နီးပါး အသုံးပြုရဖို့ ရှိနေပါတယ်။ မီခဲလ် အာတေးတား ကတော့ ဒီနွေရာသီမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကီဗင် ဒီဘရွန်းနားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာဆင်နယ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား ၈ ဦး အထိ လက်လွှတ်သွားဖွယ် ရှိနေပြီး ဂါဘရီရယ် မာတီနယ်လီ ကိုလည်း ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ 

အသက် ၂၅ နှစ် အရွယ် ပိုလန် လက်ရွေးစင် ကိုတော့ စီးရီးအေ ကလပ်တွေက ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့်မရလို့ စိတ်ပျက်နေတဲ့ ခီဗီယော

ဒါ့အပြင် အာဆင်နယ်က ရော်ဂျာစ်ကို ခေါ်ယူလို့ မရရင် အစားထိုး ကြိုးပမ်းမှု အဖြစ် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ ကစားသမား လီကန်အင်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် ကတော့ ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာတဲ့ အာဂျင်တီးနား ကလပ် ရေးဗား ပလိတ်နဲ့ စာချုပ် အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နူညက်ဇ် ကတော့ လာမယ့် အပြောင်းအရွှေ့မှာ လစ်ဗာပူးလ် ကနေ ထွက်ခွာနိုင်ခြေ များနေသူလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုတွေကို ရှောင်ရှားနိုင်ဖို့ အတွက် အန်ဇို ဖာနန်ဒက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို စံချိန်တင် ယူရို သန်း ၂၀၀ (ပေါင် သန်း ၁၇၀) အထိ တောင်းဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယာကုဗ် ခီဗီယော ကတော့ ဒီနွေရာသီမှာ အာဆင်နယ် ကနေ ထွက်ခွာဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ကီဗီယော အနေနဲ့ အာဆင်နယ်မှာ ပုံမှန်ကစားချိန် ပိုရချင်နေပြီး အကယ်၍ အဆင်မပြေရင်တော့ အသင်း ပြောင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ပိုလန် လက်ရွေးစင် ကိုတော့ စီးရီးအေ ကလပ်တွေက ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား ကိုတော့ တော့တင်ဟမ်ဟော့စပါးက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီနည်းပြ ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက ဒီနွေရာသီ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ခန့်အပ်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်