နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယီလ်ဒစ်ဇ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေတဲ့ ဂျူဗင်တပ်စ်၊ ဇီလင်းစကီးကို ခေါ်ယူချင်နေတဲ့ လိဒ်စ် | စီးရီးအေ

အောက်တိုဘာ ၄ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စီးရီးအေရဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ကတော့ တောင်ပံကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ တူရကီ တိုက်စစ် ကြယ်ပွင်လေး ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်တစား စောင့်ကြည့်နေပြီး ဒီအခြေအနေကို တူရင် ကလပ်က တားဆီးနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာနဲ့ နယူးကာဆယ်ယူနိုက်တက် တို့ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မတိုင်ခင် မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမား ကိုဘီ မိန်းနူးကို ခေါ်ယူလိုချင်နေကြောင်း The Mirror က ဖော်ပြပါတယ်။ မိန်းနူး ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ် ကတော့ ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ ပိုမိုနက်ရှိုင်းတဲ့ ကွင်းလယ် ကစားသမားတစ်ဦး အဖြစ် ကစားနေရတာကို စိတ်ပျက်နေပေမယ့်လည်း နည်းပြ ဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း သိရပါတယ်။

အက်စတွန်ဗီလာ ဂိုးသမား အမ်မီ မာတီနက်ဇ် ကတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အသင်း ကနေ ထွက်ခွာဖို့ ရှိနေပြီး မန်ချက်စတာယူနိုက်တက်ကို အဓိက ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ မာတီနက်ဇ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ခက်ခဲနိုင်ကြောင်း သိရပါတယ်။

စီးရီးအေ ကလပ် ကတော့ အပြီးသတ် ရောင်းချချင်ပေမယ့်လည်း လိဒ်စ် ဘက်ကတော့ အငှား သို့မဟုတ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အလိုရှိနေပါတယ်။
ဇီလင်းစကီးကို အပြီးသတ် ရောင်းထုတ်လိုနေတဲ့ အင်တာမီလန်

ချဲလ်ဆီး ကတော့ ဘုန်းမောက် တိုက်စစ်မှူး အန်တိုနီ ဆီမီညိုကို ရာသီအကုန်မှာ ယူရို သန်း ၉၀ (ပေါင် ၇၈.၅ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဂါနာ တောင်ပံ တိုက်စစ် ကစားသမား ကတော့ ဒီရာသီမှာ ဘုန်းမောက် အတွက် ၈ ပွဲ ကစား ၆ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးထားပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ လာဇီယို ဗဟိုခံစစ် ကစားသမား မာရီယို ဂီလာကို ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ အဲဗာတန် တို့နဲ့ အပြိုင် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဂျိုး ဂိုးမက်ဇ် ကတော့ အန်ဖီးလ် ကနေ ထွက်ခွာဖို့ စဉ်းစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက လာမယ့် ဇန်နဝါရီ မှာတော့ လစ်ဗာပူးလ် ကနေ ထွက်ခွာနိုင်ချေတော့ နည်းနေပါတယ်။ အေစီမီလန်ရဲ့ ပစ်မှတ် ကတော့ အာနေး ဆလော့တ်ရဲ့ အသင်း အတွက် အရေးပါနေဆဲ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း လက်ရှိအခြေအနေကို ကျေနပ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ အင်တာမီလန် ကွင်းလယ်လူ ပီအိုတာ ဇီလင်းစကီးကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ စီးရီးအေ ကလပ် ကတော့ အပြီးသတ် ရောင်းချချင်ပေမယ့်လည်း လိဒ်စ် ဘက်ကတော့ အငှား သို့မဟုတ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အလိုရှိနေပါတယ်။

ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ မကြာခင်မှာ ယူနိုက်တက် ကနေ ထွက်ခွာဖွယ် ရှိနေပြီး စီးရီးအေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ နယ်သာလန် တိုက်စစ်မှူး ကိုတော့ လက်ရှိမှာ အဲဗာတန်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက် တို့က စိတ်ဝင်စားကြောင်း ပြသထားပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ ဗီလာရီးရဲလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အမ်ဘာပေး အနေနဲ့ ရီးရဲလ်မက်ဒရစ် အတွက် တတိယမြောက်ဂိုး သွင်းပြီး ၂ မိနစ် အကြာ ၈၃ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ အမ်ဘာပေးရဲ့ ခြေချင်းဝတ်ကို စမ်းသပ် စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်