နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုနာလီကို ခေါ်ယူဖို့ အဖြေရှာနေတဲ့ ဂျူဗင်တပ်စ်၊ ထိပ်တန်းကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဖီးလစ် အက်ဂူ| စီးရီးအေ

စီးရီးအေအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ကတော့လာမယ့်နွေရာသီဈေးကွက်ရဲ့အဓိကပစ်မှတ်တွေအဖြစ်နယူးကာဆယ်ကွင်းလယ်လူဆန်ဒရိုတိုနာလီကိုသတ်မှတ်လိုက်ကြောင်း La Gazzetta dello Sport ကဖော်ပြပါတယ်။ဒါ့အပြင်ဂျူဗင်တပ်စ်ကနေထွက်ခွာနိုင်ချေရှိနေတဲ့ဂိုးသမားမစ်ချယ်လီဒီဂျော်ဂျီယိုနဲ့နောက်ခံလူအန်ဒရီယာကမ်ဘီယာဆိုတို့ကိုတော့မန်စီးတီးကစိတ်ဝင်စားနေကြောင်းသိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့စီးရီးအေကလပ်နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်မ်ဟန်ကိုတစ်ပတ်လုပ်ခပေါင်၆၆၀၀၀၀တန်ကြေးရှိတဲ့စာချုပ်တစ်ရပ်နဲ့ကမ်းလှမ်းဖို့ရှိနေပါတယ်။ယူနိုက်တက်ဟာအိုဆင်မ်ဟန်ကိုများပြားတဲ့လုပ်ခလစာတွေနဲ့ကမ်းလှမ်းပြီးတော့ပြိုင်ဘက်အသင်းတွေထက်လက်ဦးမှုရယူကာခေါ်ယူသွားချင်နေတာပဲဖြစ်ပါတယ်

ဘွန်ဒက်စ်လီဂါကလပ်လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမားဖလော်ရီယန်ဝစ်ဇ်ကတော့ဒီနွေရာသီမှာရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ဦးစားပေးစဉ်းစားလျက်ရှိကြောင်းသိရပါတယ်။ဒါ့အပြင်မန်စီးတီးကဝစ်ဇ်ရဲ့ဒုတိယဦးစားပေးဖြစ်သလိုဘွန်ဒက်စ်လီဂါထိပ်သီးဘေယန်မြူးနစ်ကိုတော့တတိယရွေးချယ်မှုအဖြစ်သတ်မှတ်ထားကြောင်းသိရပါတယ်။လက်ရှိမှာဒီကစားသမားရဲ့ဈေးကွက်တန်ကြေးကယူရို၁၂၅သန်း (ပေါင်၁၀၇.၂သန်း) ရှိပြီးသူ့ကိုခေါ်ယူချင်တဲ့ကလပ်တွေအနေနဲ့ယူရိုသန်း၁၅၀ (ပေါင်၁၂၈.၇သန်း) ပေးချေရဖို့ရှိနေကြောင်းသိရပါတယ်။

ဖူလ်ဟမ်နဲ့ဝက်စ်ဟမ်းယူနိုက်တက်တို့ကတော့အနည်းငယ်သောစီးရီးအေကလပ်တွေနဲ့အတူဝါဒါဘရီမင်နောက်ခံလူဖီးလစ်အက်ဂူကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။
ဝါဒါဘရီမင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဖီးလစ် အက်ဂူ

အက်စတွန်ဗီလာ၊နယူးကာဆယ်ယူနိုက်တက်၊တော့တင်ဟမ်ဟော့စပါးတို့ကတော့မန်ချက်စတာစီးတီးတောင်ပံကစားသမားဂျက်ဂရီးလစ်ရှ်ကိုခေါ်ယူဖို့ကြိုးပမ်းနေကြတယ်လို့သိရပါတယ်။ဂရီးလစ်ရှ်ဟာအက်စတွန်ဗီလာမှာတောက်ပခဲ့ပေမယ့်မန်စီးတီးမှာတော့ရုန်းကန်ခဲ့ရတာကြောင့်အသင်းပြန်လည်ပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ဝက်စ်ဟမ်းယူနိုက်တက်တို့ကတော့အနည်းငယ်သောစီးရီးအေကလပ်တွေနဲ့အတူဝါဒါဘရီမင်နောက်ခံလူဖီးလစ်အက်ဂူကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။အသက်၂၅နှစ်အရွယ်ဒီကစားသမားဟာဘယ်ခြမ်းကွင်းလယ်မှာအဓိကကစားသူဖြစ်ပေမယ့် LWB၊ RWB နေရာတွေမှာလည်းကစားနိုင်သူဖြစ်ပါတယ်။အက်ဂူဟာဝါဒါဘရီမင်အတွက်၉၂ပွဲကစားပြီး၅ဂိုးသွင်းယူပေးထားပါတယ်။

ချဲလ်ဆီးကတော့နယ်သာလန်ကလပ်အေဂျက်စ်နောက်ခံလူဂျော်ရယ်လ်ဟာတိုကိုခေါ်ယူဖို့အတွက်အာဆင်နယ်နဲ့လစ်ဗာပူးလ်တို့နဲ့အပြိုင်စိတ်ဝင်စားနေကြောင်းသိရပါတယ်။ချဲလ်ဆီးဟာလာမယ့်နွေအပြောင်းအရွှေ့မှာလည်းငွေကြေးတစ်ရပ်အသုံးပြုပြီးထိပ်တန်းကစားသမားကောင်းတွေခေါ်ယူဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကတော့ဗဟိုခံစစ်ပစ်မှတ်အများအပြားကိုစိတ်ဝင်စားနေပြီးဖြစ်နိုင်ချေရှိတဲ့ရွေးချယ်မှုအဖြစ်ဘရန့်ဖို့ဒ်ကနေသန်ကောလင်းန်ကိုပြန်လည်စိတ်ဝင်စားလာကြောင်းသိရပါတယ်။အာဆင်နယ်ဟာသူတို့ရဲ့ဗဟိုခံစစ်မှူးဝီလီယမ်စ်ဆလီဘာကိုရီးရဲလ်မက်ဒရစ်ကစိတ်ဝင်စားနေသလိုအကယ်၍ဆလီဘာနဲ့ဂါဘရီရယ်သာဒဏ်ရာရသွားခဲ့ရင်အစားထိုးနိုင်မယ့်နောက်ခံလူရှားပါးနေတာကြောင့်အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်