နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ်ကို ထပ်မံ ဆုံးရှုံးရဦးမယ့် ဂျူဗီ၊ မော်ရင်ဟို ဘရာဇီးလ် နည်းပြ ဖြစ်လာနိုင်ကြောင်း ဖွင့်ဟလာတဲ့ ပေါ်တို ကြယ်ပွင့်ဟောင်း (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဗလာဟိုဗစ်ကို ထပ်မံ ဆုံးရှုံးရဦးမယ့် ဂျူဗီ၊ မော်ရင်ဟို ဘရာဇီးလ် နည်းပြ ဖြစ်လာနိုင်ကြောင်း ဖွင့်ဟလာတဲ့ ပေါ်တို ကြယ်ပွင့်ဟောင်း စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ နောက်ဆုံးရ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဒဏ်ရာကြောင့် ဗလာဟိုဗစ်ကို ထပ်မံ ဆုံးရှုံးရဦးမယ့် ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ပေါင်ခြံဒဏ်ရာကြောင့် နောက်ထပ် အနည်းဆုံး လေးပွဲခန့် လက်လွှတ် ဆုံးရှုံးရမယ်လို့ သိရှိရပါတယ်။

အဆိုပါ တူရင် ကလပ်ဟာ နောက်ပိုင်း စီးရီးအေ ပွဲစဥ်တွေမှာ ရလဒ်ပိုင်း ပြန်လည် တည်ငြိမ်လာခဲ့ပေမယ့် လက်ရှိ ဗလာဟိုဗစ်ရဲ့ ဒဏ်ရာပြဿနာက အသင်း အတွက် သတင်းဆိုးဖြစ်ခဲ့ပါတယ်။

အသက် (၂၂) နှစ်အရွယ် အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့အောက်တိုဘာလ (၂၅) ရက်နေ့က အသင်းအတွက် နောက်ဆုံး ကစားပေးခဲ့ပြီး ဖေ‌ဖော်ဝါရီလမှသာ ဂျူဗင်တပ်စ် အတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိပါတယ်။

 

မာရာဒိုနာနဲ့ ခိုင်းနှိုင်းချီးကျူးခံနေရတဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့် ချီယေဆာ

အင်တာမီလန်ရဲ့ ဂန္တဝင်ကြီး ဘက်ပီ ဘာဂိုမီက ဂျူဗင်တပ်စ်တို့ အူဒီးနီးစ်ကို အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲစဥ်မှာ ဂျူဗင်တပ်စ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဖက်ဒရစ်ကို ချီယေဆာကို မာရာဒိုနာနဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်ပါတယ်။ 

အင်တာမီလန်ရဲ့ ဂန္တဝင်ကြီး ဘက်ပီ ဘာဂိုမီက ဂျူဗင်တပ်စ်တို့ အူဒီးနီးစ်ကို အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲစဥ်မှာ ဂျူဗင်တပ်စ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဖက်ဒရစ်ကို ချီယေဆာကို မာရာဒိုနာနဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်ပါတယ်။
အူးဒီးနီးစ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဂျူဗင်တပ်စ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ခီယေဆာ

ဂျူဗင်တပ်စ် အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒန်နီလိုက သွင်းယူပေးခဲ့ပြီး ချီယေဆာက ဒီဂိုး အတွက် ဗော်လီ ကန်ချက်နဲ့ ဖန်တီးပေးခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဘာဂိုမီက ချီယေဆာရဲ့ ကစားပုံဟာ မာရာဒိုနာကို ပြန်လည် အမှတ်ရစေကြောင်း၊ မာရာဒိုနာ ကလည်း ဆန်စီရိုကွင်းမှာ ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းပြီး ဘောလုံးမြေကြီးပေါ် မကျခင် အခုလိုမျိုး ကန်ပြခဲ့ဖူးကြောင်း ချီးကျူး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

 

မော်ရင်ဟို ဘရာဇီးလ် နည်းပြ ဖြစ်လာမယ်လို့ ပေါ်တို ကြယ်ပွင့်ဟောင်း ဖွင့်ဟ

လက်ရှိ စီးရီးအေ ကလပ် ရိုးမားရဲ့ နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ ဘရာဇီးလက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်လာလိမ့်မယ်လို့ ပေါ်တို ကြယ်ပွင့်ဟောင်း ကားလို့စ် အယ်လ်ဘာတိုက ဆိုပါတယ်။ 

စီးရီးအေ
နာပိုလီ
ဂျူဗင်တပ်စ်
1X2 နာပိုလီ @ 2.03
နာပိုလီ အာရှ ဟန်းဒီးကပ် -0.50 @ 2.03
ဂိုးပေါ် 2.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကာတာ ကမ္ဘာ့ဖလား အပြီးမှာ ဘရာဇီးလ်က နည်းပြ တီတီနဲ့ လမ်းခွဲခဲ့ပြီး မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

မော်ရင်ဟို ပေါ်တိုကို ကိုင်တွယ်ခဲ့တုန်းက ကစားသမားဖြစ်ခဲ့တဲ့ အယ်လ်ဘာတိုက မော်ရင်ဟိုက ဘရာဇီးလ် နည်းပြသစ် ဖြစ်လာဖို့ ရှိကြောင်းနဲ့ ကျွန်တော့် ကိုတောင် သူ့ရဲ့ လက်ထောက် အဖြစ် ဆောင်ရွက်ဖို့ ပြောထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်