ဒီတစ်ကြိမ် မှာတော့ စီးရီးအေနဲ့ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့နဲ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စီးရီးအေ ကလပ် အင်တာမီလန် ကတော့ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မားကပ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဝင်ရောက်လာပြီ ဖြစ်ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အင်တာမီလန် အနေနဲ့ ရက်ရှ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းချက်နဲ့ ဘာစီလိုနာနဲ့ အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။
အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န် အပေါ် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှု ကတော့ လုံးဝ အေးစက်သွားခြင်း မရှိသေးကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အင်္ဂလန် လက်ရွေးစင် အတွက် ချဉ်းကပ်မှု တစ်ခု ရှိခဲ့ပြီးတော့ ဂန်းနားတွေ အနေနဲ့ ပေါင်သန်း ၆၀ အောက်နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
CaughtOffside ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ စီးရီးအေ ကလပ် ကိုမို ကစားသမား နီကို ပက်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ရဲ့ ကွင်းလယ် ကစားသမားဟောင်းကို ယူရို ၈ သန်း (ပေါင် ၆.၇ သန်း) နဲ့ ပြန်လည် ဝယ်ယူခွင့် ရှိနေပါတယ်။ ဂျာမန်က လာတဲ့ သတင်းတွေ အရ ဆိုရင်တော့ နီကို ပက်ဇ်ကို လေဗာကူဆင် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ ရန်းစ် ဗဟိုနောက်ခံလူ အက်ဘ်ဒဲလ်ဟာမစ်ဒ် အစ်ဘူဒဲလ် ကို ခေါ်ယူဖို့ မျှော်လင့်ထားကြောင်း Le360 က ဖော်ပြပါတယ်။ ဒီကစားသမား ကိုတော့ နယူးကာဆယ် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
TEAMtalk ရဲ့ ဖော်ပြချက်အရ ဆိုရင် ဒီနွေရာသီမှာ ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ် ကတော့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖီးလစ် မက်တေးတား ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဝုဗ်က မားသီးယက်စ် ကူညာကို ခေါ်ယူထားနိုင်ခဲ့သလို ဘရန့်ဖို့ဒ်က ဘရိုင်ယန် အမ်ဘူမို ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဆိုရင်တော့ ဆော်ဒီပရိုလိဂ်ဆီ ထွက်ခွာခွင့်ပြုသွားမှာ ဖြစ်ကြောင်း Independent က ဖော်ပြခဲ့ပါတယ်။ ဆွန်ဟောင်မင် အနေနဲ့ ဒီရာသီ မှာတော့ စပါးနဲ့ အတူ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးတော့ လာမယ့် ရာသီ အတွက်လည်း မြောက်လန်ဒန် ကလပ်မှာ ဆက်နေချင်သူ ဖြစ်ပါတယ်။
ချဲလ်ဆီး ကနေ ထွက်ခွာပြီးနောက် ဂျေဒန် ဆန်ချိုကို စီးရီးအေ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီ အပြင် အက်စတွန်ဗီလာ ကလည်း စိတ်ဝင်စားနေကြောင်း TEAMtalk က ဖော်ပြခဲ့ပါတယ်။ နာပိုလီ ကတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမားတွေကို ဒီနွေရာသီမှာ ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
ရိုးမား ဂိုးသမား မိုးလ် ဆဗီလာ ကိုတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကလပ် ၄ ခုက အပြောင်းအရွှေ့ လွန်ဆွဲမှုတွေ ရှိနေကြောင်း CaughtOffside က ဖော်ပြခဲ့သည်။ ဒီဂိုးသမား ကိုတော့ မန်ချက်စတာစီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့က အပြိုင်အဆိုင် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဆိုင်မွန် ဖီးလစ်ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို အက်စတွန်ဗီလာက အံ့အားသင့်ဖွယ် ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.