မန်ချက်စတာယူနိုက်တက် ကနေ အီတလီမြေကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ နာပိုလီနဲ့ ပွဲဦးထွက်မှာပဲ ဂိုးပေါက်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ဖီအိုရင်တီးနားကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အသင်း အတွက် ပထမဦးဆုံး ပွဲထွက် ကစားပြီး ပွဲချိန် ၁၄ မိနစ်မှာတင်ပဲ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ကနေ ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့ ပထမဦးဆုံး အင်တာဗျူးမှာ ဒိန်းမတ် တိုက်စစ်မှူးက နာပိုလီနဲ့ အတူ လက်ရှိ ပုံစံမျိုးနဲ့ပဲ ရှေ့ဆက်သွားချင်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဟွိုက်ဂျ်လန်းက “ဒီနေ့ နိုင်ပွဲက အလွန် အရေးကြီးတဲ့ နိုင်ပွဲပါ။ ကျွန်တော်တို့ ရာသီ အဖွင့် ၃ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ဒီလို ပုံစံမျိုးနဲ့ပဲ ရှေ့ဆက်ချင်ပါတယ်။ ချန်ပီယံလိဂ်မှာ လာမယ့် ပွဲက ကျွန်တော်တို့ အဖို့ အလွန်တရာမှ အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီလို မယုံနိုင်စရာ ကောင်းတဲ့ အသင်းနဲ့ အတူ ရှိနေရလို့ ကျွန်တော် ပျော်ပါတယ်။” လို့ ဟွိုက်ဂျ်လန်းက ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဟွိုက်ဂျ်လန်းက “ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကလပ်က အမှတ်ပေးဖလား ရခဲ့တဲ့ အသင်း ဖြစ်လို့ပါ။ နာပိုလီက ပရိတ်သတ်တွေနဲ့ ဘယ်လောက် ကြီးကျယ် ခမ်းနားတဲ့ မြို့လဲ ဆိုတာကို ကျွန်တော် သိပြီး ဒီအခွင့်အရေးကို ရခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပဲ ပျော်ပါတယ်။ ကျွန်တော်က အတွေ့အကြုံ ပိုရလာပြီး ပိုကောင်းတဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်လာတာကြောင့် အခုက မတူတော့ဘူး ဆိုတာ သိသာ ထင်ရှားပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ အများကြီးနဲ့ ဒီကို ရောက်လာတာပါ။ ကျွန်တော်က ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ နိုင်ငံပေါင်းစုံမှာ ကစားခဲ့ပါတယ်။ သက်သေပြစရာတွေ အများကြီးနဲ့ ကျွန်တော် ရောက်လာတာပါ။ အီတလီရဲ့ အကောင်းဆုံး အသင်းမှာ သက်သေပြသချင်ခဲ့တယ်။ နာပိုလီက အရမ်း၊ အရမ်း ကောင်းလာလိမ့်မယ်။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

လက်ရှိ ချန်ပီယံ နာပိုလီ ကတော့ ဒီရာသီ စီးရီးအေမှာ ၃ ပွဲ စလုံး အနိုင်ရထားပြီး ဂျူဗင်တပ်စ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ နာပိုလီရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျနေသူတွေ ကတော့ ဟွိုက်ဂျ်လန်း လိုပဲ ယူနိုက်တက် ကနေ ထွက်ခွာလာပြီးမှ ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်တော်မီနေးနဲ့ မန်စီးတီး ကွင်းလယ် ဖန်တီးရှင်ဟောင်း ကီဗင် ဒီဘရွန်းနားတို့ ဖြစ်ပါတယ်။ အခုပွဲမှာလည်း ဒီဘရွန်းနားက နာပိုလီ အတွက် ပယ်နယ်တီ ကနေ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး နေပဲလ် ကလပ် အတွက် စီးရီးအေ ၃ ပွဲ ကစားကာ ၂ ဂိုး သွင်းထားနိုင်ပါတယ်။
တကယ်တော့ နာပိုလီဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှ အားရစရာ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ သူတို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ ကလည်း အသင်း အတွက် အကောင်းဆုံး အကျိုးပြုနေတာ တွေ့ရပြီး အန်တိုနီယို ကွန်တီ အနေနဲ့လည်း ပြီးခဲ့တဲ့ ရာသီက အတိုင်း အသင်းကို အကောင်းဆုံး အနေအထား တစ်ခုမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။
နာပိုလီ အနေနဲ့ လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘရွန်းနား အနေနဲ့ လပိုင်း အကြာမှာပဲ အက်တီဟတ်ကွင်းမှာ ပြန်ကစားရဖို့ ရှိနေသလို ဟွိုက်ဂျ်လန်းနဲ့ တော်မီနေး တို့ကလည်း မန်ချက်စတာမြေကို ပြန်လည် ခြေချရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.