ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ မန်ချက်စတာယူနိုက်တက် ကနေ စီးရီးအေ ချန်ပီယံ နာပိုလီဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒိန်းမတ် တိုက်စစ်မှူး အနေနဲ့ သူ့ရဲ့ အောင်မြေ ဖြစ်တဲ့ အီတလီမြေဆီ ပြန်လည် ရောက်ရှိသွားခဲ့ပြီး အခုဆိုရင်တော့ သူ့ရဲ့ အရည်အသွေးတွေကို သက်သေပြဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
သတင်းတွေအရ ဆိုရင်တော့ ဟွိုက်ဂျ်လန်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ စီးရီးအေ ကလပ် နာပိုလီမှာ အငှားကစားသမား အဖြစ် ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ အကယ်၍ နာပိုလီ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ပါက ဟွိုက်ဂျ်လန်းရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ၂ဝ၂၂-၂၀၂၃ ဘောလုံးရာသီက အတ္တလန္တာမှာ ကစားခဲ့ဖူးပြီး စီးရီးအေ ပွဲစဉ် ၃၂ ပွဲမှာ ၉ ဂိုး သွင်း၊ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒိန်းမတ်သားဟာ ယူနိုက်တက်နဲ့ ပွဲဦးထွက် ရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ မှာတော့ လိဂ် ပွဲစဉ် ၃၂ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိ မှာတော့ ဟွိုက်ဂျ်လန်းက သူ အတ္တလန္တာမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရရှိနိုင်မယ်လို့ ယုံကြည်လျက် ရှိပြီး နာပိုလီရဲ့ YouTube channel နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဟွိုက်ဂျ်လန်း “ကျွန်တော့်မှာ သက်သေပြစရာတွေ အများကြီးနဲ့ ရောက်လာခဲ့တာပါ။ အီတလီရဲ့ အကောင်းဆုံး အသင်းမှာ ကျွန်တော့်ကိုယ် ကျွန်တော် သက်သေပြချင်ပါတယ်။ အရင်နဲ့တော့ မတူဘူးပေါ့။ အခု ကျွန်တော်က အတွေ့အကြုံ ပိုရှိပြီး ပိုကောင်းတဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်လာပါပြီ။ ကျွန်တော့်မှာ နိုင်ငံတကာ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်မှာ ကစားခဲ့ဖူးပါတယ်။ ကျွန်တော် အမြဲတမ်း ကြိုးစား အားထုတ် ကစားပါတယ်။ ကွင်းထဲမှာ အသေခံ ကစားချင်တယ်။ အသင်း အတွက် အရာအားလုံးကို ပေးဆပ်ချင်တယ်။ ဂိုးတွေ သွင်းချင်တယ်။ ဖန်တီးပေးချင်တယ်။ အရာအားလုံး အတွက် တိုက်ပွဲဝင်ချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟွိုက်ဂျ်လန်းက နာပိုလီ ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း “ဒီက ပရိသတ်တွေက အရမ်းပဲ ကောင်းပါတယ်။ ကျွန်တော် အရင်က အီတလီမှာ အတ္တလန္တာနဲ့ ကစားခဲ့ဖူးတော့ သူတို့ ဒီမှာ ဘယ်လောက်တောင် ရူးသွပ်ကြသလဲ။ ဘောလုံးကို ဘယ်လောက် အထိ ချစ်လဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော် စောင့်မျှော်နေခဲ့တာပါ။ ဒီနှစ်မှာ ကျွန်တော် တို့ကို ဆုဖလား တစ်ခုခု ရအောင် ပရိသတ်တွေနဲ့ ကလပ် အသင်း ဂုဏ်ယူအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားတွေ ဖြစ်တဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း အပါအဝင် မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အလက်ဟန်ဒရို ဂါနာချို၊ အန်တိုနီ၊ ဂျေဒန် ဆန်ချို တို့ကို ရှင်းထုတ်နိုင်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း ယူနိုက်တက်က ကစားသမား ၅ ဦး ခေါ်ယူ အားဖြည့်ခဲ့ပြီး ကူညာ၊ လီယွန်၊ အမ်ဘူမို၊ ဆက်စ်ကို၊ ဆန်နီ လမ်မန်စ် တို့ကို ခေါ်ယူထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.