စီးရီးအေအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်ကိုတော့စီးရီးအေကလပ်တွေဖြစ်တဲ့ဂျူဗင်တပ်စ်နဲ့နာပိုလီကအာဆင်နယ်၊အက်စတွန်ဗီလာ၊ယူနိုက်တက်၊နယူးကာဆယ်တို့နဲ့အပြိုင်စိတ်ဝင်စားနေကြောင်းသိရပါတယ်။အသက်၂၃နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးကတော့ပီအက်စ်ဂျီအတွက်နှစ်ရာသီအတွင်း၇၈ပွဲကစားကာ၂၉ဂိုးသွင်းယူပေးထားပါတယ်။
နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်မ်ဟန်ရဲ့စာချုပ်ပါလျော်ကြေးငွေယူရို၇၅သန်း (ပေါင်၆၃.၅သန်း) ကတော့အီတလီပြင်ပကလပ်တွေအတွက်သာအကျုံးဝင်တယ်လို့သိရပါတယ်။ဂျူဗင်တပ်စ်ကတော့အိုဆင်မ်ဟန်ကိုယူရို၈၅သန်း (ပေါင်၇၁.၉သန်း) တန်ကြေးရှိတဲ့စာချုပ်တစ်ရပ်နဲ့ခေါ်ယူဖို့အဆင်သင့်ဖြစ်နေကြောင်းသိရပါတယ်။
ဂျူဗင်တပ်စ်ကတော့ပြင်သစ်မြို့တော်ကလပ်ပီအက်စ်ဂျီနဲ့စာချုပ်အခြေအနေရှုပ်ထွေးနေတဲ့ရန်ဒဲလ်ကိုလိုမူအာနီကိုအငှားစာချုပ်သက်တမ်းတိုးဖို့စီစဉ်နေကြောင်းအီတလီသတင်းစာCalciomercatoကဖော်ပြပါတယ်။မူအာနီကတော့စီးရီးအေကလပ်အတွက်၁၇ပွဲကစားပြီး၇ဂိုးသွင်းကာ၂ဂိုးဖန်တီးပေးထားပါတယ်။
ချဲလ်ဆီးကတော့ပေါင်၆၂.၅သန်းတန်ကြေးရှိတဲ့ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမားရာဖေးလ်လီယောင်အတွက်ညှိနှိုင်းမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။အေစီမီလန်ဘက်ကတော့သူတို့အသင်းရဲ့အဓိကကစားသမားဖြစ်နေတဲ့လီယောင်ကိုယူရိုသန်း၁၀၀အနည်းဆုံးရရှိမှရောင်းထုတ်ချင်နေတာကြောင့်ချဲလ်ဆီးနဲ့အကြိတ်အနယ်ဆွေးနွေးရဖို့ရှိနေပါတယ်။
ဘေယန်မြူးနစ်တောင်ပံကစားသမားကင်စလေကိုမန်ရဲ့အေးဂျင့်ဖြစ်သူဟာသူ့ရဲ့ကစားသမားကိုလစ်ဗာပူးလ်နဲ့မန်ချက်စတာယူနိုက်တက်တို့ထံပြောင်းရွှေ့ကစားစေနိုင်ဖို့ကမ်းလှမ်းမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။
ဂါလာတာဆာရေးကတော့ဒီနွေရာသီမှာလစ်ဗာပူးလ်ဂိုးသမားအလီဆွန်ဒါမှမဟုတ်မန်စီးတီးဂိုးသမားအီဒါဆင်တို့ကိုခေါ်ယူဖို့အဆင်သင့်ရှိနေကြောင်းသိရပါတယ်။ဒီဂိုးသမားနှစ်ဦးစလုံးကတော့ပရီးမီးယားလိဂ်ကလပ်တွေကနေထွက်ခွာဖို့များနေသူတွေလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့လိုင်လီကွင်းလယ်ကစားသမားအိန်ဂျယ်ဂိုးမက်စ်ကိုခေါ်ယူဖို့အတွက်တော့တင်ဟမ်ဟော့စပါးနဲ့အပြိုင်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။ဒီကစားသမားကိုတော့အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
မကြာသေးခင်ကယူနိုက်တက်မှာပုံစံကောင်းတွေပြန်လည်ရရှိလာတဲ့ကွင်းလယ်လူကက်စ်မဲရိုးကတော့အိုးထရက်ဖို့ဒ်ကနေထွက်ခွာဖို့အပြီးသတ်ဆုံးဖြတ်ချက်မချရသေးကြောင်းသိရပါတယ်။လက်ရှိအချိန်ထိဘရာဇီးလ်သားကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးယူနိုက်တက်တာဝန်ရှိသူတွေနဲ့ဆွေးနွေးရခြင်းလည်းမရှိသေးပါဘူး။
နော့တင်ဟမ်ဖောရက်စ်ကတော့လစ်ဗာပူးလ်နောက်ခံလူဂျာရဲလ်ကွမ်ဆာကိုခေါ်ယူဖို့အတွက်နယူးကာဆယ်နဲ့အပြိုင်စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဖောရက်စ်ကစိတ်ဝင်စားနေတဲ့နောက်ထပ်ကစားသမားကတော့မန်စီးတီးကွင်းလယ်လူဂျိမ်းစ်မက်အတီးဖြစ်ပါတယ်။နူနိုဆန်းတို့စ်ရဲ့အသင်းဟာမက်အတီးကိုတော့တင်ဟမ်ဟော့စပါးနဲ့ကမ်းလှမ်းမှုပြုလုပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူမော်ဂန်ဂစ်ဘ်ဝှိုက်ကတော့မန်စီးတီးနည်းပြပပ်ဂွာဒီယိုလာရဲ့လက်အောက်မှာကစားဖို့စိတ်အားထက်သန်နေကြောင်း Football Insider ကဖော်ပြပါတယ်။တစ်ဆက်တည်းမှာပဲဖောရက်စ်နဲ့ဝက်စ်ဟမ်းတို့ကတော့ယူရိုသန်း၄၀ (ပေါင်၃၃.၈သန်း) တန်ကြေးရှိတဲ့ဂါလာတာဆာရေးတိုက်စစ်မှူးဘာရစ်အဲလ်ပါယီလ်မက်ဇ်ကိုကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေကြောင်းသိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.