ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ လက်ချီနဲ့ ကစားခဲ့တဲ့ ကိုပါအီတလီယာ ပွဲစဉ်မှာ အေစီမီလန် အတွက် သွင်းဂိုး စတင် ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ် တိုက်စစ် ကစားသမားက သူ့ အနေနဲ့ စီးရီးအေ ကလပ် အေစီမီလန်မှာ ဆက်လက် ရှင်သန်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ဆန်စီရိုမှာ လက်ချီကို ၃-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအီတလီယာ ၃၂ သင်း အဆင့် ပွဲစဉ်မှာ အန်ကွန်ကူက အေစီမီလန် အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့လက ချဲလ်ဆီး ကနေ အေစီမီလန်ကို ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးတော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂ နှစ်တာ ရုန်းကန်ခဲ့ရမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အန်ကွန်ကူက ချဲလ်ဆီးမှာ ဒဏ်ရာ ပြသနာတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ပွဲထွက် ကစားသမား အဖြစ် ပြိုင်ပွဲစုံ ၂၇ ပွဲသာ ကစားခွင့်ရခဲ့ပြီး မိနစ် ၉၀ ပြည့် ကစားခွင့်ရတဲ့ ပွဲတွေမှာ ပျှမ်းမျှ ၀.၇၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အန်ကွန်ကူဟာ လက်ချီနဲ့ ပွဲမှာ ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အန်ကွန်ကူဟာ ပီအက်စ်ဂျီမှာ ၇၈ ပွဲ ကစား ၁၁ ဂိုး၊ လိုက်ပ်ဇစ်မှာ ၁၇၂ ပွဲ ကစား ဂိုး ၇၀၊ ချဲလ်ဆီးမှာ ၆၂ ပွဲ ကစား ၁၈ ဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိမှာတော့ အန်ကွန်ကူက ဥရောပရဲ့ ထိပ်တန်း ကလပ်ကြီး တစ်ခု ဖြစ်တဲ့ အေစီမီလန်မှာ သူ့ရဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချဖို့ စိတ်ပိုင်းဖြတ်ထားပြီလည်း ဖြစ်ပါတယ်။

Milan News 24 ရဲ့ ဖော်ပြချက်အရ အန်ကွန်ကူက “ကျွန်တော် ကောင်းကောင်း ခံစားရပြီး ဒီထက် ပိုကစားဖို့လည်း စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီထက် ပိုကောင်းအောင် ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော် ဒီမှာ အဆင်ပြေသလို ခံစားရပါတယ်။ ကျွန်တော် ကောင်းမွန်တဲ့ ကြိုဆိုမှုကို ရရှိခဲ့ပြီး၊ ဝန်ထမ်းတွေ ကနေ အသင်းဖော်တွေ အထိ ပရိသတ်တွေ အထိ လူတိုင်းက ကျွန်တော့်ကို ကောင်းမွန်တဲ့ ခံစားမှု ဖြစ်စေပါတယ်။ မီလန် အတွက် ကစားရတာ ပျော်ပါတယ်။ ဒါဟာ အားလုံး အတွက် ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လည်း ပြသနိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အေစီမီလန် ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ စီးရီးအေ ချန်ပီယံ နာပိုလီနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိပြီး အန်ကွန်ကူက အဆင်သင့် ဖြစ်နေကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ကစားဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုရင်တော့ ဒါက ကျွန်တော့် အတွက် မဟုတ်ဘဲ နည်းပြ ကိုပဲ မေးခွန်းထုတ်ရမှာပါ။ ဒါပေမယ့် ဘာတွေပဲ လိုအပ်နေပါစေ ကျွန်တော် ကတော့ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။” လို့ ဆိုပါတယ်။
အေစီမီလန် ကတော့ ဒီရာသီ စီးရီးအေမှာ ၄ ပွဲ ကစားပြီး ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံးကာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ ဇယားထိပ်က နာပိုလီနဲ့ ၃ မှတ် ပြတ်နေပေမယ့် အကယ်၍ ဒီတစ်ပတ် တွေ့ဆုံမှုမှာသာ အသာရခဲ့ရင် ရမှတ် ကွာဟချက်ကို လျှော့ချလိုက်နိုင်မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.