နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေကို ပြန်သွားဖွယ် ရှိနေတဲ့ ခီယေဇာ၊ အိုနာနာ နေရာမှာ ဆူဇူကီးနဲ့ အစားထိုးချင်နေတဲ့ ယူနိုက်တက် | စီးရီးအေ

စီးရီးအေ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် တောင်ပံ ကစားသမား ဖက်ဒရစ်ကို ခီယေဇာ က‌တော့ အေစီမီလန်နဲ့ အတူ အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ် ကလပ် ၃ သင်းရဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါတယ်။ စီးရီးအေ ကလပ် ဖီအိုရင်တီးနားနဲ့ ဂျူဗင်တပ်စ် တို့မှာ တောက်ပခဲ့တဲ့ ဒီကစားသမား ကတော့ လစ်ဗာပူးလ်မှာ ပုံမှန် ပွဲထွက်ခွင့်တောင် မရပဲ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

တူရကီ ကြယ်ပွင့် အာဒါ ဂူလာ ကတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ နည်းပြ ကာလို အန်ဆယ်လော့တီကို မထုတ်ပယ်ရင် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အာဒါ ဂူလာက ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကို အသိပေးထားကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ နယူးကာဆယ်ယူနိုက်တက် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ကို ယူရို သန်း ၁၅၀ (ပေါင် ၁၃၀.၃ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒီကစားသမား ကို‌တော့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် ကလည်း ခေါ်ယူချင်နေပြီး လာလီဂါ ကလပ် ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေပါသေးတယ်။ တစ်ဖက်မှာလည်း နယူးကာဆယ်က အိဆက်ခ်ကို ရောင်းချဖို့ တွန့်ဆုတ်နေတာကြောင့် လစ်ဗာပူးလ်က ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတစ်ကီ ကို ပစ်မှတ်ထားလျက် ရှိကြောင်း သိရပါတယ်။

ယူနိုက်တက် ကတော့ အန်ဒရေ အိုနာနာနဲ့ အနာဂတ် မသေမချာ ဖြစ်လာပြီးနောက် စီးရီးအေ ကလပ် ပါးမား ဂိုးသမား ဇီယွန် ဆူဇူကီးကို ခေါ်ယူဖို့ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း talkSPORT က ဖော်ပြပါတယ်။
အိုနာနာ နေရာမှာ ဂိုးသမား တစ်ဦး အစားထိုးဖို့ ရှိနေတဲ့ ယူနိုက်တက်

ယူနိုက်တက် ကတော့ အန်ဒရေ အိုနာနာနဲ့ အနာဂတ် မသေမချာ ဖြစ်လာပြီးနောက် စီးရီးအေ ကလပ် ပါးမား ဂိုးသမား ဇီယွန် ဆူဇူကီးကို ခေါ်ယူဖို့ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း talkSPORT က ဖော်ပြပါတယ်။ ဒီဂျပန် ဂိုးသမားလေး ကိုတော့ ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန် ကတော့ အသင်းနဲ့ အငှား သက်တမ်း ကုန်ဆုံးတော့မယ့် ချဲလ်ဆီး ကွင်းလယ်လူ ကာနေး ချူကွယ်မီကာကို ဆက်လက် ထိန်းသိမ်းထားလိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အမြဲတမ်း အပြောင်းအရွှေ့ အတွက် ဆိုရင်တော့ စျေးကြီးတာကြောင့် အငှားစာချုပ်နဲ့သာ ထပ်မံ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ အတွက် မန်စီးတီး အနေနဲ့ ပေါင်သန်း ၁၀၀ ကုန်ကျမယ်လို့ သိရပါတယ်။ ဒါ့အပြင် မန်စီးတီး အနေနဲ့ လေဗာကူဆင် ကွင်းလယ်လူ အက်စ်ကွီရယ် ပလာစီယို့စ်ကို စိတ်ဝင်စားနေကြောင်း El Intransigente က ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီး ဟာ ဘင်ဖီကာ ဂိုးသမား အနာတိုလီ ထရူဘင်ကို စိတ်ဝင်စားနေပါတယ်။ ပပ် ဂွာဒီယိုလာ အနေနဲ့ အီဒါဆင်နဲ့ စတီဖင် အော်တီဂါ ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ဂိုးသမားသစ် တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ ရလဒ်ပိုင်း တိုးတက်လာခြင်း မရှိပေမယ့်လည်း အသင်း ကနေ ထုတ်ပယ်ဖို့ မဖြစ်နိုင်သေးကြောင်း သိရပါတယ်။ အကြောင်းရင်း ကတော့ ယူနိုက်တက် အနေနဲ့ ပေါ်တူဂီသားနဲ့ စာချုပ်ကို ဖျက်သိမ်းရင် ကုန်ကျနိုင်မယ့် စရိတ်ကြောင်း ဖြစ်ကြောင်း သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ ဘာစီလိုနာက ခရစ္စတန်ဆန် အပြင် ဒီနွေရာသီမှာ ဘာစီလိုနာ လူငယ်ကစားသမား မာ့ခ် ကာဆာဒိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ကတော့ ဖြစ်နိုင်ချေ ရှိသော အပြောင်းအရွှေ့ အတွက် လိုင်လီ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ရဲ့ အေးဂျင့်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းက ဂျိုနသန် ဒေးဗစ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်