စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာကြောင့် နည်းပြ ဖြစ်သူ အီဂေါ တူဒေါကို ထုတ်ပယ်ထားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ လစ်လပ်နေတဲ့ ဂျူဗင်တပ်စ် နည်းပြ ရာထူး အတွက် ရိုးမား နည်းပြဟောင်း လူစီယာနို စပယ်လက်တီက အသင့်တော်ဆုံး ဖြစ်ကြောင်း တူရင် ကလပ်ရဲ့ ဂန္တဝင် ဂိုးသမားဟောင်း ဂျီယန်လူဝီဂျီ ဘူဖွန်က ထောက်ခံသွားခဲ့ပါတယ်။
နည်းပြဟောင်း အီဂေါ တူဒေါဟာ လာဇီယိုကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အသက် ၄၇ နှစ် အရွယ် နည်းပြ တူဒေါဟာ ဂျူဗင်တပ်စ်ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ကမှ ဂျူဗင်တပ်စ်ရဲ့ နည်းပြ ဖြစ်လာသူပါ။ ဂျူဗီဟာ တူဒေါ လက်ထက်မှာ ၂၄ ပွဲ ကစားပြီး ၁၀ ပွဲ နိုင်ခဲ့ပေမယ့် ၈ ပွဲ သရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ် မှာလည်း လိဂ် အဆင့် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ လုံးဝ မရသေးပဲ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပြီး အဆင့် ၂၅ နေရာမှာ ရပ်တည်နေပါတယ်။
တကယ်တော့ ဂျူဗီဟာ တူဒေါကို ပြီးခဲ့တဲ့ နွေရာသီမှာ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းက ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ သက်တမ်း ၇ လ အကြာမှာပဲ ရာထူးက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ရာသီအစ စီးရီးအေ ပွဲစဉ် ၃ ပွဲဆက် အနိုင်ရပြီးနောက် ဆက်တိုက်ကို ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပြီး အင်တာမီလန်ကို ၄-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ကတည်းက ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာပါ။ ဒေါ့မန်၊ ဗီရိုနာ၊ အတ္တလန္တာ၊ ဗီလာရီးရဲလ်၊ အေစီမီလန် တို့နဲ့ သရေကျခဲ့ပြီး ကိုမို၊ ရီးရဲလ်မက်ဒရစ်နဲ့ လာဇီယို တို့ကိုတော့ ရှုံးနိမ့်ခဲ့တဲ့ ဂျူဗီက လက်ရှိ အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ဂျူဗီက စီးရီးအေ ဇယားထိပ်က နာပိုလီနဲ့ ၉ မှတ် ကွာဟသွားခဲ့သွားခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ နည်းပြသစ် လိုက်လံ ရှာဖွေနေတဲ့ ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ် စာရင်းထဲ လူစီယာနို စပယ်လက်တီ ပါဝင်နေပြီး စပယ်လက်တီ ကလည်း နာပိုလီကို ၂၀၂၃ ခုနှစ်မှာ စီးရီးအေ ချန်ပီယံဆု ရယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ နည်းပြသစ် ရှာဖွေနေမှုနဲ့ ပတ်သတ်လို့တော့ ဘူဖွန်က “ကျွန်တော့် အမြင်ကို ပြောရရင် စပယ်လက်တီလို နည်းပြမျိုးကို အသင်းကြီးတိုင်း လိုချင်နေကြမှာပါပဲ။ စပယ်လက်တီနဲ့ ဆိုရင် မျှော်လင့်မထားတာတွေ ကြုံလာခဲ့ရင်တောင် ကြီးကြီးမားမား ဆုံးရှုံးမှု ရှိမှာ မဟုတ်ပါဘူး။ သူက တကယ့် ဘောလုံးကို ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်သလို ကြီးမြတ်တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။ အတွေ့အကြုံတွေလည်း အများကြီးပါပဲ။ စီမံကိန်း ကြီးကြီးမားမား ရှိတဲ့ အသင်းတွေ အနေနဲ့ သူ့ကိုပဲ ခေါ်ယူသင့်ပါတယ်။” လို့ တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။ စပယ်လက်တီဟာ နာပိုလီကို စီးရီးအေ ဖလား ရယူပေးခဲ့ပြီး နောက်ရာသီမှာပဲ အသင်း တာဝန်ရှိသူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် လမ်းခွဲခဲ့သူပါ။ အဲဒီနောက် စပယ်လက်တီက အီတလီ လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


