နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ် အတွက် ရင်းနှီးမြုပ်နှံမှုက ရိုးမားရဲ့ ရာသီကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဂတ်စ်ပီရီနီ | စီးရီးအေ

ရိုးမားရဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အောင်မြင်မှုဟာ ၎င်းတို့ရဲ့ တိုက်စစ် အင်အား အပေါ် များစွာ မူတည်လိမ့်မယ်လို့ နည်းပြ ဂျီယန် ပိုင်ရို ဂတ်စ်ပီရီနီက ယုံကြည်နေပါတယ်။ ဒါကြောင့် စီးရီးအေ ကလပ် အနေနဲ့ ရာသီသစ် အတွက် တိုက်စစ် ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်ကြောင်း အီတလီလူမျိုး နည်းပြကြီးက အရိပ်အမြွက် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ရိုးမားဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ ကလော်ဒီယို ရာနီယေးရီရဲ့ လမ်းညွှန်မှု အောက်မှာ နိုင်ပွဲ ၁၇ ပွဲ၊ သရေ ၅ ပွဲ၊ ရှုံးပွဲ ၄ ပွဲသာ ရှိခဲ့ပြီး ပုံစံကောင်း တစ်ခု ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောမမြို့ခံ ကလပ်က စီးရီးအေ အဆင့် ၅ နေရာနဲ့ ရာသီသိမ်းပြီး ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုးမားဟာ ရာနီယေးရီကို နည်းပြ အဖြစ် ဆက်လက် မခန့်အပ်ပဲ အတ္တလန္တာကို ၉ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဂတ်စ်ပီရီနီနဲ့ အစားထိုးခဲ့ပါတယ်။ 

ရိုးမားဟာ ဂတ်စ်ပီရီနီ လက်အောက်မှာ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီး ၃ ပွဲစလုံး အနိုင်ရထားကာ ရဂိုး ၆ ဂိုး ရရှိထားပေမယ့် ပေးဂိုး ကတော့ လုံးဝ မရှိသေးပါဘူး။ အသက် ၆၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နည်းပြကြီးဟာ သူ့ရဲ့ အသင်း တိုးတက်နေတာကို ကျေနပ်နေပေမယ့် ရာသီသစ် မတိုင်ခင် တိုက်စစ်ပိုင်းကို အာရုံစိုက်နေဆဲ ဖြစ်ပါတယ်။

“နေရာ တချို့ အတွက် အားဖြည့်ဖို့ လိုအပ်နေသေးပေမယ့် အသင်းက ပုံပေါ်နေပါပြီ။ အရာ အများစုက ကျွန်တော်တို့ တိုက်စစ်မှာ ဘယ်လောက် အထိ သန်မာသလဲ ဆိုတာ အပေါ် မူတည်ပြီး အသင်းရဲ့ တောင့်တင်းမှု ကိုလည်း အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အသင်း အတွက်ပဲ အမှန်တရား မဟုတ်ပါဘူး။ အသင်းတိုင်း အတွက်လည်း တူတူပါပဲ။ တိုက်စစ် အတွက် အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုတွေကို ပြုလုပ်ကြတာ တွေ့ရမှာပါ။ အကောင်းဆုံး တိုက်စစ်မှူး ရှိတဲ့ အသင်းတွေဟာ ယှဉ်ပြိုင်နိုင်မှု အရှိဆုံးပါပဲ။” လို့ ဂတ်စ်ပီရီနီက ဆိုပါတယ်။

ဒါ့အပြင် ရောမမြို့ခံ ကလပ်က စီးရီးအေ အဆင့် ၅ နေရာနဲ့ ရာသီသိမ်းပြီး ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိခဲ့ပါတယ်။
အတ္တလန္တာ နည်းပြကြီး ဂတ်စ်ပီရီနီကို ခန့်အပ်ခဲ့တဲ့ ရိုးမား

တကယ်တော့ လက်ရှိ ရိုးမားရဲ့ အထောင်တိုက်စစ် နေရာမှာ အာတမ် ဒိုဗစ်ခ်နဲ့ အသစ် ခေါ်ယူထားတဲ့ အီဗန် ဖာဂူဆန် နှစ်ဦးသာ ရှိပါတယ်။ ပေါ်လို ဒီဘားလား တစ်ယောက် လက်ရှိမှာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပေမယ့် ဒိုဗစ်ခ်နဲ့ ဖာဂူဆန် နှစ်ဦးတည်းနဲ့တော့ ရိုးမားတို့ သွင်းဂိုးတွေ အတွက် အာမခံချက် မရှိနိုင်ပါဘူး။ ဒိုဗစ်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက ရိုးမား အတွက် စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးထားသလို ခြေစမ်းပွဲမှာလည်း ၁ ဂိုး သွင်းထားပါတယ်။ ကစားသမားသစ် အီဗန် ဖာဂူဆန် ကတော့ ခြေစမ်းပွဲ ၃ ပွဲမှာ ၂ ဂိုး သွင်းယူထားနိုင်ပါတယ်။

လက်ရှိမှာ ဂတ်စ်ပီရီနီက ဒိုဗစ်ခ်ကို အသင်းရဲ့ ကစားဟန်နဲ့ ပိုမို ရင်းနှီးလာဖို့ ကူညီပေးနေကြောင်း သိရပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အီတလီလူမျိုး နည်းပြကြီးက “ဒီဘားလားက သူ့စိတ်ကြိုက် လေ့ကျင့်ရေး အချိန်ဇယား အတိုင်း ကျွန်တော် တို့နဲ့ အတူရှိနေပါတယ်၊ ဒါပေမယ့် နောက်အပတ်မှာ သူအသင်းနဲ့ ပြန်လည် လက်တွဲနိုင်ဖို့ မျှော်လင့်ပါတယ်။”“ဒိုဗစ်ခ်က ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပါ။ သူက ဂိုးတွေ သွင်းထားပြီး အဖိုးတန် အထောင် တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း ပြသထားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူ့ရဲ့ အားနည်းချက်တွေကို တိုးတက်လာဖို့ လုပ်ဆောင်နေပါတယ်။ အဓိက ကတော့ အသင်းနဲ့ ချိတ်ဆက် ကစားနိုင်ဖို့ပေါ့။ သူ့ အနေနဲ့ အရမ်း စောဖို့ မလိုသလို နောက်ကျတာမျိုးလည်း မဖြစ်ရပါဘူး။ ဒါက ဂီတနဲ့ တူပါတယ်၊ မင်းသာမှာ tempo မှားနေရင် ပြဿနာ ရှိလာပါလိမ့်မယ်။” လို့ ဂတ်စ်ပီရီနီက ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်