အောက်တိုဘာ ၁၁ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စီးရီးအေရဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာ မန်ချက်စတာစီးတီးနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမယ့် ပေါ်တူဂီ ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗား ကိုတော့ အေစီမီလန်က စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ စီးရီးအေ ကလပ် အေစီမီလန်ဟာ နောက်ပိုင်း နှစ်တွေမှာ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ဘုန်းမောက်ရဲ့ နာမည်ကြီး တိုက်စစ်မှူး အန်တိုနီ ဆီမီညိုကို ခေါ်ယူရန် စဉ်းစားနေပြီး ဒီကစားသမားဟာ အားကစား ဒါရိုက်တာ ရစ်ချက်ဒ် ဟူ့ဂျ်ရဲ့ စိတ်ကြိုက် ကစားသမားလည်း ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဆီမီညိုကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ် အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိပြီး ပေါင် ၇၅ သန်း (ဒေါ်လာ သန်း ၁၀၀) ဝန်းကျင် ကုန်ကျနိုင်ကြောင်း talkSPORT က ဖော်ပြပါတယ်။
စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ နယူးကာဆယ် ကွင်းလယ် ကစားသမား ဆန်ဒရို တိုနာလီကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း အီတလီသားရဲ့ ပြောင်းရွှေ့ကြေးဟာ ထွက်ခွာမှုတဲ့ အချိန် အပေါ် မူတည်နေပါတယ်။ တိုနာလီဟာ စီးရီးအေသို့ ပြန်လာဖို့ စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်နောက်ခံလူ ဒါယော့တ် အူမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘေယန်မြူးနစ်ဟာ အသက် ၂၆ နှစ် အရွယ် ကစားသမားကို သက်တမ်းတိုးဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း Bild က ဖော်ပြပါတယ်။
အာဆင်နယ် ကတော့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ထားပါတယ်။ အိုဒီဂတ်ကို ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုတွေလည်း ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကိုဘီ မိန်းနူးကို ပစ်မှတ်ထားနေပေမယ့် လာမယ့် ဇန်နဝါရီထက် ၂၀၂၅-၂၀၂၆ နှစ်ကုန်မှာ ခေါ်ယူဖို့ အလားအလာ ပိုများနေပါတယ်။ အင်္ဂလန် ကွင်းလယ် ကစားသမား ကတော့ ပြီးခဲ့တဲ့ နွေရာသီက အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
ဟယ်ရီ မက်ဂွိုင်းယား ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စောင့်ကြည့်နေကြောင်း သိရသည်။ ဘောလုံးညှိနှိုင်းရေး ဒါရိုက်တာ မတ် ဟားဂရေ့ဗ်စ်နဲ့ မက်ဂွိုင်းယား တို့ဟာ ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း The Sun က ဖော်ပြပါတယ်။
တော့တင်ဟမ်ဟော့စပါးနဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရစ်ချာလီဆင်ကို မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးက ပစ်မှတ်ထားနေပါတယ်။ အော်လန်ဒိုစီးတီးဟာ ၂၀၂၆ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွက် စီမံကိန်း တစ်ခုကို မိတ်ဆက် ပြသဖို့ ရှိနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
မကြာသေးခင်ကမှ ဝက်စ်ဟမ်း နည်းပြ ဖြစ်လာခဲ့တဲ့ နူနို အက်ပီရီတို ဆန်တို ကတော့ လာမယ့် ဆောင်းရာသီမှာ အဒမ်မာ ထရာအိုရေးနဲ့ ပြန်လည် ပေါင်းစည်းဖို့ ရှိကြောင်း သိရပါတယ်။ သူတို့ နှစ်ဦး ကတော့ အရင်က ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်မှာ အတွဲအဖက်ညီခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.