နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဟီလာက နည်းပြ ဘဝ အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ဆီမြွန်နီ အင်ဇာဂီ | ဆော်ဒီပရိုလိဂ်

ဆီမြွန်နီ အင်ဇာဂီ ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာဟာ သူ့ရဲ့ နည်းပြ ဘဝ အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ အင်တာမီလန် ကနေ ထွက်ခွာခဲ့တဲ့ နည်းပြ ဆီမြွန်နီ အင်ဇာဂီ ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ကြောင်း တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အဲလ်ဟီလာရဲ့ နည်းပြသစ် ဖြစ်လာတဲ့ အင်ဇာဂီက သူ့ရဲ့ ဆော်ဒီပရိုလိဂ် ကလပ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ အခုလို ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အင်ဇာဂီက “ကျွန်တော် အီတလီရဲ့ ပြင်ပမှာ နည်းပြ အလုပ်ကို လုပ်ချင်ခဲ့တာ ကြာပါပြီ။ ကျွန်တော့် အတွက် အဲလ်ဟီလာက နည်းပြ ဘဝ အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခုပါပဲ။ အဲလ်ဟီလာကို ကျွန်တော် သိပါတယ်။ အာရပ် ဘောလုံးကို ကျွန်တော် လိုက်ပြီး ကြည့်ပါတယ်။ ကျွန်တော် လာဇီယိုနဲ့ရော အင်တာမီလန် နဲ့ပါ ဆော်ဒီအာရေဗျမှာ လာပြီး ကစားဖူးပါတယ်။ ဒါကြောင့် ဒီလိဂ်ကို ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ်။ အဲလ်ဟီလာ ကိုလည်း အမြဲတမ်း နှစ်နှစ်ခြိုက်ခြိုက် စိတ်ဝင်စားခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆာ့ဂျ် မီလင်ကိုဗစ်-ဆာဗစ် ရှိနေလို့ပါ။ သူ့ကို ကျွန်တော် လာဇီယိုမှာတုန်းက နည်းပြခဲ့ဖူးပါတယ်။ သူ့ကို ဒီကလပ်မှာ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲလ်ဟီလာ ကတော့ ဒီရာသီမှာ ဆော်ဒီပရိုလိဂ် အမှတ်ပေး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာကြောင့် နည်းပြ ဖြစ်သူ ဂျော့ဂျ် ဂျီးဆပ်စ်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပါတယ်။
အဲလ်ဟီလာနဲ့ အတူ ကလပ်ကမ္ဘာ့ဖလားမှာ အောင်မြင်မှု စတင် ရရှိဖို့ ကြိုးပမ်းရမယ့် အင်ဇာဂီ

အဲလ်ဟီလာ ကတော့ ဒီရာသီမှာ ဆော်ဒီပရိုလိဂ် အမှတ်ပေး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာကြောင့် နည်းပြ ဖြစ်သူ ဂျော့ဂျ် ဂျီးဆပ်စ်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် အဲလ်ဟီလာက အင်တာမီလန်နဲ့ အတူ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ ဆီမြွန်နီ အင်ဇာဂီကို မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် အင်ဇာဂီ ကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အရှက်တကွဲ မရှုံးနိမ့်ခင် ကတည်းက ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။ 

အင်ဇာဂီ အတွက် ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အရှုံးဟာ သူ့ရဲ့ နည်းပြ ဘဝ တစ်လျှောက် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အင်တာမီလန်ဟာ ၂၀၂၃ ခုနှစ်တုန်းကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းခဲ့ဖူးပေမယ့် မန်စီးတီးကို ရှုံးနိမ့်ကာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရဖူးပါတယ်။ အခုတစ်ကြိမ် မှာတော့ အင်ဇာဂီက အင်တာမီလန် ကနေ ထွက်ခွာလိုက်ပြီး ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ အတူ စိန်ခေါ်မှု အသစ်တွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဆီမြွန်နီ အင်ဇာဂီရဲ့ အဲလ်ဟီလာ ကတော့ သူရဲ့ ပထမဦးဆုံး ပွဲဦးထွက် ပွဲစဉ် အဖြစ် ဇာဘီ အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်ကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ အဲလ်ဟီလာ တို့ရဲ့ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ် ကတော့ ဇွန်လ ၁၈ ရက်နေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။ 

ဒီတော့ အင်တာမီလန်နဲ့ အတူ အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဆီမြွန်နီ အင်ဇာဂီ အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ အတူ အာရှမြေမှာရော အောင်မြင်မှုတွေ ရရှိနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်