နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အမြဲတမ်းလိုလို သူကစားနေတဲ့ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ၅ ခုထဲ ပါဝင်ကြောင်း ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ မှတ်ချက်ပေး ပြောစကား ကိုတော့ ဆော်ဒီပရိုလိဂ် မှာပဲ ကစားနေတဲ့ အဲလ်ဂျီးရီးယား လက်ရွေးစင် ရီယက်ဒ် မားရက်ဇ်က ငြင်းဆန်သွားခဲ့ပါတယ်။
ရော်နယ်ဒိုက ပြင်သစ် မီဒီယာ L’Equipe နဲ့ အင်တာဗျူး အစီအစဉ်မှာ ဆော်ဒီပရိုလိဂ်က လီဂူးဝမ်းထက် ပိုကောင်းကြောင်း ပြင်သစ်မှာက ပီအက်စ်ဂျီ တစ်သင်းတည်းသာ ရှိကြောင်း မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောစကားတွေက မာရက်ဇ်က ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လီဂူးဝမ်းနဲ့ လာလီဂါ တို့ဟာ ကမ္ဘာ့ဘောလုံး လောကရဲ့ အကောင်းဆုံး ပြိုင်ပွဲ ၅ ခု အဖြစ် ဆက်ရှိနေသေးကြောင်း သူ့ရဲ့ အမြင်ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မားရက်ဇ်က ဆော်ဒီပရိုလိဂ်ဟာ တိုးတက်လာနေကြောင်း ယုံကြည်လျက် ရှိပြီး ၂၀၂၃ ခုနှစ်က လိဂ်ရဲ့ ကစားသမား စုဆောင်းရေး လှုပ်ရှားမှု အတွင်း ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုနဲ့ တခြား ကြယ်ပွင့်တွေ ကိုလည်း ဆော်ဒီပရိုလိဂ်ရဲ့ ရှေ့ဆောင်လမ်းပြတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
မာရက်ဇ်က “မဟုတ်ပါဘူး။ ဥရောပ ထိပ်သီးလိဂ် ၅ ခုက ကျွန်တော်တို့ အထက်မှာ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တခြားသော လိဂ်တွေနဲ့ စတင် ယှဉ်ပြိုင်နိုင်နေပါပြီ။ ကျွန်တော် တို့နဲ့ သိပ်ပြီး မကွာခြားတော့ဘူးလို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် တို့က ရေရှည်ကို ကြည့်ရမှာပါ။ ကျွန်တော် တို့က ဒီမှာ စွန့်စားခန်း စတင် ဖွင့်လှစ်ခဲ့တဲ့ စွန့်ဦးတီထွင်သမားတွေလိုပါပဲ။ ဒီလိဂ် ပိုပြီး အားကောင်းလာအောင် ကျွန်တော် တို့က ကူညီပေးနေတာပါ။”

“ကျွန်တော် ဒီမှာ ရာသီနှစ်ခု ကစားခဲ့တဲ့ အချိန် အတွင်း အသင်းတွေ နည်းပြတွေ နည်းဗျူဟာတွေနဲ့ စီမံခန့်ခွဲမှုတွေမှာ တိုးတက်မှုတွေကို ခံစားမိခဲ့ပါတယ်။ သူတို့က အဲဒီ အဆင့်ကို ရောက်ဖို့ ကြိုးစားနေကြပြီး တကယ်လည်း ရောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့က ကြိုးစား အားထုတ်နေပြီး ဒါကို တကယ် လိုလားနေကြပါတယ်။” လို့ မာရက်ဇ်က ပြောကြားသွားခဲ့ပါတယ်။
အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာရက်ဇ်က မာဆေးလ် မှာလည်း ကစားချင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ လက်စတာစီးတီးနဲ့ မန်စီးတီး တို့ရဲ့ ကစားသမားဟောင်း မာရက်ဇ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ အဲလ်အာလီကို ပြောင်းရွှေ့ခဲ့ပြီးတော့ တစ်နှစ် လုပ်ခလစာ ပေါင်သန်း ၄၀ ကျော် ရရှိနေသူ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ မာရက်ဇ်ဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီနဲ့ အတူ AFC ချန်ပီယံလိဂ် တစ်ကြိမ် ရရှိထားပါတယ်။ အဲလ်အာလီ ကတော့ မာရက်ဇ် ပြောင်းရွှေ့လာပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်မှာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီကတော့ အဆင့် ၄ နေရာသာ ရရှိခဲ့ပါတယ်။ အဲလ်အာလီ ကတော့ လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ စီးရီးအေ ကလပ် ကိုမိုနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိပြီး စက်တင်ဘာလထဲ မှာတော့ အဲလ် အာရေဘီနဲ့ King’s Cup ၃၂ သင်း အဆင့် ရှုံးထွက် ကစားဖို့ ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.