နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဟီလာနဲ့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်နေတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့် | ဆော်ဒီပရိုလိဂ်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက် ကတည်းက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေါ်တူဂီသားရဲ့ အေးဂျင့် မီဂွယ် ပင်ညိုဟာ ဆော်ဒီနိုင်ငံကို ရောက်ရှိနေပြီး အဲလ်ဟီလာနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

သတင်းတွေက အတည်ပြုလို့ မရသေးပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ် အနေနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေ ကတော့ တောက်လျောက် ထွက်ပေါ်လျက် ရှိနေပါတယ်။ အသက် ၃၀ အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ကတော့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ သဘောကျတဲ့ ကစားသမား ဖြစ်သလို အားပေး ထောက်ခံမှုလည်း အပြည့်အဝ ရရှိထားပါတယ်။ ဒါ့အပြင် နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကလည်း ဖာနန်ဒက်စ်ကို အသင်းရဲ့ အရေးပါဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ထားပြီး လုံးဝ လက်လွှတ်သွားမှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုထားပါတယ်။

တစ်ဖက် မှာလည်း ဘရူနို ဖာနန်ဒက်စ်ဟာ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေတွေကြောင့် အသင်း ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသလို၊ ယူနိုက်တက် ဘက်ကလည်း ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် ဘယ်ကစားသမားကိုမဆို ရောင်းထုတ်ဖို့ စဉ်းစားသွားမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ဒီအခြေအနေမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက ဘရူနို ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ဆုံးရှုံးမှု များပြားထားတဲ့ မန်ချက်စတာယူနိုက်တက် လက်ခံနိုင်တဲ့ ပမာဏ ဖြစ်ကြောင်းလည်း Football Insider က ဖော်ပြခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက် မှာသာ ဆက်နေလိုကြောင်း ပြောကြားထားသူ ဖြစ်ပေမယ့်လည်း လက်ရှိ မှာတော့ လုပ်ခလစာ မြင့်မားစွာ ရရှိနိုင်မယ့် ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ယူနိုက်တက် ကနေ ထွက်ခွာချင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသလို တစ်နှစ် ထပ်မံ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်လည်း ရှိနေပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက် မှာသာ ဆက်နေလိုကြောင်း ပြောကြားထားသူ ဖြစ်ပေမယ့်လည်း လက်ရှိ မှာတော့ လုပ်ခလစာ မြင့်မားစွာ ရရှိနိုင်မယ့် ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အဲလ်ဟီလာ ကလည်း လာမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အနည်းဆုံး ထိပ်တန်းအဆင့် ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေပြီး ဘရူနို ဖာနန်ဒက်စ်ကို အတည်တကျ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း အဲလ်ဟီလာက နာမည်ကျော် ယူနိုက်တက် တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ကလပ်ကမ္ဘာ့ဖလား အတွက် ခေါ်ယူမယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်နေပါတယ်။

သတင်းတွေ အရ ဆိုရင် ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့် မီဂွယ် ပင်ညိုဟာ ဆော်ဒီကို ရောက်ရှိနေပြီး အဲလ်ဟီလာရဲ့ လေ့ကျင့်ရေးကွင်း အနီးမှာ ရှိတဲ့ Four Seasons ဟိုတယ်မှာ တည်းခိုလျက် ရှိနေကြောင်း၊ အဲဒီဟိုတယ်ရဲ့ အနီးမှာလည်း အဲလ်ဟီလာရဲ့ အမှုဆောင်ချုပ် ကိုလည်း မြင်တွေ့ရကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ရဲ့ ကွင်းလယ်လူကို အနာဂတ် အတွက် ဒီလ အတွင်းမှာပဲ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့ အသိပေး ညွှန်ကြားထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်