ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ပရိသတ်တွေ ကတော့ အဲလ်အစ်တီဟတ်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင် ကြိမ်းမောင်းခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဒီရာသီမှာ တောက်လျောက် ရလဒ်တွေ ကောင်းနေပေမယ့် မနေ့ညက ပွဲစဉ်မှ ရှုံးပွဲ စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အသင်းဟာ ဘုရင့်ဖလား လက်ရှိ ချန်ပီယံ အဲလ်အစ်တီဟတ်ကို ၁၆ သင်း ရှုံးထွက် အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ဒီရာသီ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၃၂ သင်း အဆင့် ဂျေဒါနဲ့ ပွဲစဉ်မှာ အနားပေးခံခဲ့ရပြီး အဲလ် အစ်တီဟတ်နဲ့ ပွဲမှ ပြန်လည် ပါဝင်လာခဲ့ပေမယ့် အသင်း ကိုတော့ နောက်တစ်ဆင့် ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ဖြစ်တဲ့ ကာရင်မ် ဘန်ဇီမာက အဲလ် အစ်တီဟတ် အတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ် အစ်တီဟတ်က ပွဲချိန် ၄၉ မိနစ်မှာ ရရှိခဲ့တဲ့ အနီကတ်ကြောင့် တစ်ယောက် လျော့နေခဲ့ပေမယ့်လည်း ဟူဆန် အာဝါးရဲ့ သွင်းဂိုးကြောင့် အဲလ်နာဆာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲလ်နာဆာဟာ ပွဲချိန် တော်တော်များများ တစ်ယောက် အသာနဲ့ ကစားနေခဲ့ရပေမယ့် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခြင်း မရှိတာကြောင့် ပရိသတ်တွေက အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုကို ပွဲအပြီး လူမှုကွန်ရက်တွေ အပေါ်မှာ ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ မိနစ် ၉၀ အပြည့် ပါဝင် ကစားပေးခဲ့ပေမယ့်လည်း ဂိုးပေါက် ကန်သွင်းမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ရာမှာ ၁ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့သလို တခြားသော အချက်အလက်တွေ အရလည်း အားရစရာ မရှိခဲ့တာ ဖြစ်ပါတယ်။

အဓိက ကတော့ ရော်နယ်ဒိုက နောက်ဆုံး မိနစ်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောမှာ လူမပေးဘဲ တိုက်ရိုက် ကန်သွင်းခဲ့တာကြောင့် ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို ထောက်ပြပြီး ပေါ်တူဂီ တိုက်စစ်မှူးကြီးရဲ့ အတ္တက အသင်းကို ဆွဲချနေတာ ဖြစ်ကြောင်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် GOAT ကြီး တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုက အသင်း လိုအပ်နေတဲ့ အချိန်တိုင်း ပျောက်ဆုံးနေတယ်လို စွပ်စွဲခဲ့ကြပြီး ကစားသမားဘဝ ကနေ အနားယူလိုက်တော့ ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဦးဆောင်နေတဲ့ အဲလ်နာဆာ ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ အဲလ်ဖေဟာ့နဲ့ ပွဲစဉ် ၇ ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုရဲ့ အဲလ်နာဆာက ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားထိပ်ကနေ အဆင့် ၂ နေရာက အဲလ်တေးဝန်ကို ၃ မှတ်ဖြတ်ထားနိုင်ပါတယ်။ ဒါ့အပြင် အဲလ်နာဆာက အဓိက ပြိုင်ဘက် အဲလ်ဟီလာကို ၄ မှတ်၊ အဲလ်အာလီကို ၆ မှတ်၊ အဲလ်အစ်တီဟတ်ကို ၈ မှတ် ဖြတ်တောက်ထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


