ဘာစီလိုနာ ကတော့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့မှာ အက်တလက်တီကိုမက်ဒရစ်ကို ၄-၀ နဲ့ နလံမထူနိုင်အောင် ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အသင်းခေါင်းဆောင် ရာဖင်ညာ ကတော့ သူတို့ အသင်းဟာ ဒုတိယအကျော့မှာ အံ့အားသင့်ဖွယ် အလှည့်အပြောင်းနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဘာစီလိုနာ အသင်းဟာ အက်တလက်တီကိုမက်ဒရစ်ရဲ့ အိမ်ကွင်း Riyadh Air Metropolitano မှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အက်တလက်တီကို အတွက် ဂိုးတွေ ကိုတော့ အဲရစ်ခ် ဂါစီယာ (OG)၊ အန်တွန် ဂရစ်ဇ်မန်း၊ အဒမ်မိုလာ လွတ်ခ်မန်းနဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် တို့က သွင်းယူပေးခဲ့တာပါ။
၂၀၀၄-၂၀၀၅ ဘောလုံးရာသီ နောက်ပိုင်း ပထမပိုင်းမှာတင် ၄ ဂိုး အသွင်းခံရတာဟာ ဘာစီလိုနာ အတွက် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ (ပထမအကြိမ်မှာ ၂၀၂၀ ခုနှစ်က ဘေယန်မြူးနစ်ကို ၈-၂ နဲ့ ရှုံးခဲ့တဲ့ပွဲ ဖြစ်ပါတယ်)။ ဒီပွဲမှာ အဲရစ်ခ် ဂါစီယာက ကိုယ့်ဂိုးကိုယ် သွင်းမိရုံတင်မကဘဲ ပွဲပြီးခါနီးမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါဟာ ၂၀၀၄-၂၀၀၅ ဘောလုံး ရာသီ နောက်ပိုင်း ဘာစီလိုနာ ကစားသမားတစ်ဦး ပွဲတစ်ပွဲတည်းမှာ ကိုယ့်ဂိုးကိုယ် သွင်းပြီး အနီကတ်ပြခံရတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဘာစီလိုနာ အတွက် အခြေအနေတွေက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရာဖင်ညာ ကတော့ အသင်း အပေါ် အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၄ ဂိုးပြတ် ရှုံးနေရာ ကနေ ပြန်လာနိုင်တဲ့ အသင်း ရှိတယ် ဆိုရင် အဲဒါ ကျွန်တော်တို့ အသင်းပဲ ဖြစ်ရပါမယ်။ တကယ်တော့ ဒါက အရမ်းခက်ခဲတဲ့ အလှည့်အပြောင်း ဆိုတာ သိပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။” လို့ ရာဖင်ညာက ဆိုပါတယ်။

လာမယ့် ဗီလာရီးရဲလ်နဲ့ ပွဲဟာ နည်းပြ ဟန်ဆီ ဖလစ် အတွက် ဘာစီလိုနာ နည်းပြ ဘဝ ပွဲ ၁၀၀ ပြည့်မြောက်မယ့် ပွဲလည်း ဖြစ်လာမှာပါ။ ဘာစီလိုနာက ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ၉၉ ပွဲ ကစားထားပြီး ၇၄ ပွဲ နိုင်၊ ၉ ပွဲ သရေ၊ ၁၆ ပွဲ ရှုံး ရလဒ် တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အချက်အလက်တွေ အရ ဆိုရင် ဒါဟာ တော်တော်လေးမှ မြင့်မားတဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ အကယ်၍ နောက်ပွဲကိုသာ အနိုင်ရခဲ့ရင် ဖလစ်ဟာ ဘာစီလိုနာ သမိုင်းမှာ ပွဲပေါင်း ၁၀၀ အတွင်း နိုင်ပွဲ အများဆုံး ရတဲ့ ဒုတိယမြောက် နည်းပြ ဖြစ်လာမှာပါ။ (လူးဝစ် အန်နရီကေးက ၈၀ ပွဲနဲ့ နံပါတ် ၁ နေရာမှာ ရှိနေပါတယ်)။
ဆက်လက်ပြီး ရာဖင်ညာက အသင်းရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ဟာ ကစားသမားတွေ အကြားက မိသားစု စိတ်ဓာတ်နဲ့ ခိုင်မာတဲ့ ချစ်ကြည်ရေးကြောင့်လို့ ဆိုပါတယ်။ နေ့စဉ် လေ့ကျင့်ရေးနဲ့ ခရီးစဉ်တွေမှာ မိသားစုထက် အသင်းဖော်တွေနဲ့ အချိန်ပို ကုန်ဆုံးရတာကြောင့် ဒီစည်းလုံးမှုက အက်တလက်တီကိုမက်ဒရစ်လို အသင်းကို ကျော်ဖြတ်ဖို့ ခွန်အားဖြစ်စေမယ်လို့ သူက မျှော်လင့်နေပါတယ်။
ဘာစီလိုနာ ကတော့ အက်တလက်တီကိုမက်ဒရစ်နဲ့ ကိုပါဒယ်ရေး ပွဲစဉ်ကို လာမယ့် သီတင်းပတ်မှ ကစားရမှာပါ။ အဲဒီပွဲ မတိုင်ခင် ဒီတစ်ပတ်မှာတော့ ဗီလာရီးရဲလ်နဲ့ လာလီဂါ ပွဲစဉ် အရင် ကစားရမှာပါ။ သူတို့ရဲ့ ရည်မှန်းချက်က လာလီဂါ အမှတ်ပေးဇယားထိပ်မှာ ဆက်ရှိနေဖို့ သာမက ကိုပါဒယ်ရေး မှာလည်း အံ့အားသင့်ဖွယ် Comeback တစ်ခု ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


