နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်မှာ ကိုယ်ပိုင် ကစားဟန် ပြောင်းလဲလိုက်ရတာမျိုး မရှိကြောင်း ဖွင့်ဟလာခဲ့တဲ့ ဇူဘီမန်ဒီ | ပရီးမီးယားလိဂ်

အာဆင်နယ် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ ကတော့ သူ့ အနေနဲ့ ပရီးမီးယားလိဂ် ကလပ်မှာ ကစားဟန် အများကြီး ပြောင်းလဲလိုက်ရတာမျိုး မရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ကမှ အာဆင်နယ်ကို ပေါင် သန်း ၅၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တဲ့ စပိန်သားက လက်ရှိမှာ မြောက်လန်ဒန် ကလပ် အတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

ဇူဘီမန်ဒီက “အာဆင်နယ်မှာ ကျွန်တော့်ရဲ့ ပရိုဖိုင်၊ ကစားဟန်က အရင်နဲ့ ယှဥ်ရင် အများကြီး ပြောင်းလဲသွားခြင်းမျိုးတော့ မရှိပါဘူး။ သူတို့ ကျွန်တော့်ကို ခေါ်ယူခဲ့တယ် ဆိုတာကလည်း ကျွန်တော် ကစားခဲ့တဲ့ စတိုင်လ်ကို ကြိုက်နှစ်သက်လို့ပါ။ ကျွန်တော် အသင်း အတွက် ပေးစွမ်းနိုင်တဲ့ အရာတွေကို သူတို့ သိထားပါတယ်။ တကယ်လို့ ကျွန်တော့်ရဲ့ ပရိုဖိုင် ကစားဟန်ကို ပြောင်းလဲပစ်ရပြီဆိုမှသာ အမှားအယွင်း တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ပရီးမီးယားလိဂ်မှာ နည်းနည်းလေး ပိုပြီး မြန်အောင် ကစားနိုင်ဖို့နဲ့ ပိုပြီး တိုက်ရိုက်ဆန်စွာ ကစားနိုင်ဖို့ ကိုတော့ ညှိနှိုင်း ပြင်ဆင်ခဲ့ရပါတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆင်နယ်က နိုင်ငံတကာ ရက်သတ္တပတ်တွေ မတိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကိုလည်း ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူထားတဲ့ ဇူဘီမန်ဒီ

အဲဒီနောက် ဇူဘီမန်ဒီက ခံစစ် အပြင် တိုက်စစ် ကိုပါ လိုက်ပါ ကစားခွင့်ရရှိထားကြောင်း ကိုလည်း အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ “ကျွန်တော် Pivot Player တစ်ယောက်ပါ။ ဒါပေမယ့် ဒီစနစ်မှာ ကျွန်တော်က တိုက်စစ်ကို လိုက်ပါကစားခွင့် ရထားပါတယ်။ ကျွန်တော့် အနေနဲ့ Final Passesတွေ ပေးပြီး ခြားနားမှုတွေ ဖန်တီးနိုင်စွမ်း ရှိတယ်လို့ မီခဲလ်က တွန်းအားပေးမှုတွေ အများကြီး ပြုလုပ်ထားပါတယ်။ ဒီလိဂ်မှာ ကျွန်တော့် အတွက် အကြီးမားဆုံးသော ထိုးနှက်ချက်က အလွတ်တည်ကန်ဘောတွေပါပဲ။ ဒါတွေက အရမ်းကို အရေးပါပါတယ်။ Dead Balls တွေ ကနေ သွင်းဂိုးတွေ အများကြီး သွင်းယူနေကြတာကို မြင်ရပြီး ဒါ‌တွေက ကစားပွဲကို ဖွင့်ပေးနိုင်တဲ့ အရာတွေပါ။” လို့ ဇူဘီမန်ဒီက ဆိုပါတယ်။

ဒါ့အပြင် အာဆင်နယ်ရဲ့ သွင်းဂိုးတွေ အတွက် Set Piece တွေနဲ့ ဒဏ်ရာ ပြဿနာ ကင်းရှင်းမှုက ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ကိုတော့ “ကျွန်တော် တို့မှာ Set Piece နည်းပြ နီကိုးလတ်စ် ယိုဗာ ရှိနေပြီး ဒီအရာ အတွက် ကျွန်တော်တို့ နေ့စဉ် နေ့တိုင်း လေ့ကျင့်နေပါတယ်။ အသင်းဖော်တွေ ပြောကြတာတော့ ဒီအသင်း အတွက် အဓိက ကြုံခဲ့ရတဲ့ ပြဿနာ‌တွေက ဒဏ်ရာတွေတဲ့ တစုံတယောက် ဒဏ်ရာရသွားပြီ ဆိုရင် အသင်းဟာ စွမ်းဆောင်နိုင်စွမ်း မရှိတော့ဘူးတဲ့။ ဒါပေမယ့် ဒီနှစ်မှာတော့ အသင်းက ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပြုလုပ်ထားခဲ့ပြီး နေရာတိုင်း အတွက် ကစားသမား ၂ ဦးစီ ရှိနေခဲ့ပါပြီ။” လို့ ဇူဘီမန်ဒီက ပြောကြားသွားခဲ့ပါတယ်။ ဇူဘီမန်ဒီ ကတော့ ဒီရာသီမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၉ ပွဲ ကစားပေးထားပြီး ၂ ဂိုး သွင်းယူကာ Rating ပိုင်းမှာလည်း မြင့်မားနေတာ တွေ့ရပါတယ်။ စပိန်သားဟာ အာဆင်နယ် ကွင်းလယ်မှာ ရိုက်စ်၊ အိုဒီဂတ်၊ မာရင်နို တို့နဲ့ အကောင်းဆုံး ချိတ်ဆက် ကစားနေသလို တိုက်စစ် လိုက်ပါတာ အပြင် ခံစစ်ဆင်းကူတဲ့ နေရာမှာလည်း တော်တော်လေး တည်တည်ငြိမ်ငြိမ် ရှိလှတာကြောင့် ဂန်းနား ပရိသတ်တွေ အတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်နေခဲ့ပါတယ်။ အာဆင်နယ် ကတော့ ဒီရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီးချိန်မှာ လစ်ဗာပူးလ်ကို ရှုံး၊ မန်စီးတီးကို သရေကျခဲ့တာက လွဲရင် ကျန်ပွဲ အားလုံးကို အနိုင်ရထားပါတယ်။ ဒါ့အပြင် အာဆင်နယ်က နိုင်ငံတကာ ရက်သတ္တပတ်တွေ မတိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကိုလည်း ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်