နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် ကစားသမား ၃ ဦးစလုံးကို ခေါ်ယူချင်နေတဲ့ ဝက်စ်ဟမ်း (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၈ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ယူနိုက်တက် ကစားသမား ၃ ဦးစလုံးကို ခေါ်ယူချင်နေတဲ့ ဝက်စ်ဟမ်း 

ဝက်စ်ဟမ်း အသင်းဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကစားသမား ၃ ဦးကို ထိပ်တန်း ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ လက်ရှိအချိန်အထိ လူမခေါ်နိုင်သေးတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရှိနေတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်ဟာ အန်တိုနီ မာစီရယ်၊ ဟယ်ရီ မက်ဂွိုင်းယားနဲ့ စကော့တ် မက် တော်မီနေးတို့ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း နည်းပြက မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းဟာ ၎င်းရဲ့ ခံစစ်ကို အင်အား ဖြည့်တင်းဖို့ အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်တယ်လို့ ဘုတ်အဖွဲ့ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ်ဟာ အန်သိုနီ မာစီယယ်လ်ကို ကျောနံပါတ် ၉ ကစားသမားသစ် အတွက် ပစ်မှတ်တွေ ဖြစ်တဲ့ မောင့်ပယ်လီယာလီ ကြယ်ပွင့် အီလိုင်း ဝါဟီ၊ ဆီဗီလာ ကြယ်ပွင့် ယူဆွတ်ဖ် အန်နက်စီရီ တို့နဲ့ အတူ အဓိက ပစ်မှတ် အဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလား 2023
ကိုလမ်ဘီယာ
ဂျမေကာ
1X2 သရေ (Draw) @ 2.65
ဂိုးပေါ် 2.00 @ 2.16
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လူငယ်ကြယ်ပွင့်ကို သတ္တိရှိရှိနဲ့ နေရာပေးသွားမယ့် ပိုချက်တီနို 

ချဲလ်ဆီး အသင်း နည်းပြ ပိုချက်တီနိုဟာ ဘရိုက်တန်၊ ဖူလ်ဟမ်နဲ့ ဒေါ့မွန် တို့နဲ့ ပွဲစဉ်တွေမှာ အထင်ကြီးဖွယ် ခြေစွမ်းပြခဲ့တဲ့ အကယ်ဒမီလူငယ် ကြယ်ပွင့် အီယန် မတ်ဆန်ကို စာချုပ်သစ် ချုပ်ဆိုပြီး ပထမအသင်းမှာ နေရာပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

မတ်ဆန်ဟာ လာမယ့်နှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ မှာတော့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အီယန် မတ်ဆန်ဟာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက် ပါဝင်ကစားပေးရခြင်း မရှိသေးသူ ဖြစ်ပြီး ခေါ်ယူချင်တဲ့ အသင်းတွေ ရှိနေပေမယ့်လည်း ပိုချက်တီနိုက လူငယ်ကစားသမားကို တောက်ပဖို့ အခွင့်အရေး ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ပိုချက်တီနိုဟာ နောက်ထပ် လူငယ်ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ လီဗိုင်း ကိုဝီလ် ကိုလည်း ၂၀၂၉ ခုနှစ် အထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်မှာ အငှားကစားသမား အဖြစ်နဲ့ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာ ဖြစ်ပါတယ်။ 

 

စည်းမျဉ်းသစ် ပြောင်းလဲမှု အပေါ် သဘောမတူခဲ့တဲ့ ဂွါဒီယိုလာနဲ့ အာတေးတား 

မန်ချက်စတာစီးတီး နည်းပြ ပက် ဂွါဒီယိုလာက အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲစဉ် အတွင်း ၁၀၁ မိနစ်မှာ ချေပဂိုး ပေးခဲ့ရပြီးနောက် ဘောလုံးပွဲစဉ်တွေမှာ အချိန်ပို ကစားရခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သတိပေးခဲ့ပါတယ်။ ဝင်ဘလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အချိန်ပို ၈ မိနစ်အထိ ပေးခဲ့တာဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိမှုတွေ ရှိခဲ့တာကြောင့် ပွဲကစားချိန် ပိုမို ကြာမြင်ခဲ့တာကြောင့် ထရော့ဆာ့ဒ်ရဲ့ ၁၀၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် မန်စီးတီးတို့ အတွက် အပြောင်းအလဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် အာဆင်နယ် အတွက် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ် တစ်ခု ဖြစ်ခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ဒီဘရိုင်းနားနဲ့ ရိုဒရီတို့ ၂ ဦးစလုံး လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်က အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက အချိန်ပိုထပ်ပေးတာက အဖြေ မဟုတ်ဘူးလို့ ပွဲမတိုင်ခင် ပြောဆိုခဲ့သလို ဝင်ဘလေက ပွဲစဉ်မှာ ၈ မိနစ် အချိန်ပိုပေးခဲ့တဲ့ အချိန်မှာလည်း ဒိုင်လူကြီးနဲ့ စကားပြောခဲ့တာ ကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

“အဲဒါက စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒါနဲ့ အသားကျအောင် လုပ်ရမှာပါ။ ကျွန်တော့်မှာ ခံစားချက် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ၁-၀ နဲ့ အနိုင်ရနေခဲ့လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ၈ မိနစ်လောက် အထိ အချိန်ပိုမပေးခဲ့ရင် ဘာမှများများစားစား ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ နိုင်ငံတကာဘုတ် အဖွဲ့နဲ့ လူတွေ အတွက် မေးခွန်းကောင်းပါ။ ဘာလို့လဲ ဆိုတော့ သူတို့တွေ နည်းပြတွေ၊ ကစားသမားတွေနဲ့ မတိုင်ပင်ခဲ့လို့ပါ။ ဒါပေမယ့် ဒီလို ပွဲကစားချိန် များလာတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လက်ခံရမှာပါ။ အခု ပွဲစဉ်တွေက မိနစ် ၁၀၀ လောက် ကစားရတော့မယ်။ ဒီနေ့ ဘာမှမဖြစ်ခဲ့ပါဘူး။ အချိန်ပို ၈ မိနစ် ရှိခဲ့ပါတယ်။ သူတို့တွေက ဂိုးတွေ သွင်းယူဖို့ အတွက် အချိန်ပိုပေးတာပါ။ ခင်ဗျားသာ ၄-၃ ဖြစ်နေရင် ၇ ဂိုးအထိ သွင်းယူဖို့ ၄၅ စက္ကန့် ထပ်ပေးမယ် ဆိုရင် ကျွန်တော် မနက်ဖြန်မနက် ၉ နာရီလောက် အထိ ဒီမှာ ကစားနေရဦးမှာပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် နည်းပြ အာတေးတား ကတော့ အချိန်ကို အကျိုးသက်ရောက်မှုရှိရှိ အသုံးချနိုင်စေခဲ့တဲ့ အတွက် စည်းမျဉ်းသစ်က ကောင်းမွန်တယ်လို့ ပြောဆိုခဲ့ပြီး အသင်းတွေ အနေနဲ့ အချိန်ဆွဲဖို့ စဉ်းစားရတော့မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ 

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်