နော့တင်ဟမ်ဖောရက်စ် – အဲဗာတန်
ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် နော့တင်ဟမ်ဖောရက်စ်က စီးတီးဂရောင်းမှာ အဲဗာတန်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ Top 4 မျှော်လင့်ချက်ကို ခိုင်မာစေဖို့ အားစိုက်နေတဲ့ ဖောရက်စ်တို့ ဒေးဗစ် မွိုက်စ် လက်ထက်မှာ မရှုံးအောင် ကစားတတ်လာတဲ့ အဲဗာတန်ကို အသာရသွားနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ နော့တင်ဟမ်ဖောရက်စ်က ချဲလ်ဆီးနဲ့ မန်စီးတီးကို ၄ မှတ်စီ ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဖောရက်စ်ဟာ ဗီလာကို ရှုံးနိမ့်ခဲ့ပေမယ့် ချဲလ်ဆီးရော မန်စီးတီးပါ နိုင်ပွဲ ပျောက်ခဲ့လို့ ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ တချို့ပွဲတွေမှာ မထင်မှတ်ပဲ ရလဒ်ဆိုးနေတတ်ပေမယ့် အသင်းလိုက် ကစားပုံ ကတော့ တော်တော်လေး ကောင်းပါတယ်။ ကစားပုံ စနစ်ကျပြီး နည်းပြ နူနို ဆန်းတို့စ် ကလည်း ပွဲချဉ်းကပ်ပုံ ကောင်းတဲ့ နည်းပြ တစ်ဦးပါ။ ဒီပွဲမှာ ဖောရက်စ်တို့ ခံစစ် ကျစ်လျစ်တဲ့ အဲဗာတန်ကို ဘယ်လို ထိုးဖောက်မလဲ ဆိုတာ အဖြေ ရှာထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
အဲဗာတန် ကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ နည်းပြဟောင်း ဒေးဗစ် မွိုက်စ်နဲ့ ပြန်လည် လက်တွဲခဲ့ချိန်မှာ မရှုံးအောင် ကစားတတ်လာပါတယ်။ ခံစစ်က တစ်ပွဲထက် တစ်ပွဲ ကျစ်လျစ်လာပြီးတော့ ပြိုင်ဘက် အသင်းရဲ့ တိုက်စစ်ကို အခက်တွေ့အောင် လုပ်နိုင်ပါတယ်။ အဲဗာတန်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပေမယ့် လစ်ဗာပူးလ် ကိုပဲ ရှုံးထားတာ ဖြစ်ပြီး ကျန် ၅ ပွဲက သရေကျထားပါတယ်။ အဲဗာတန်က တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ လွတ်မြောက်ထားပြီးသား ဖြစ်တာကြောင့်လည်း ဖိအားကင်းကင်းနဲ့ ကစားနိုင်ဦးမှာပါ။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ ဝီလီယမ်စ်၊ မူရီလို၊ မီလန်ကိုဗစ်၊ အဲလ်လက်စ် မိုရီနို၊ ရိတ်စ်၊ အန်ဒါဆန်၊ ဒိုမီနီဂွက်ဇ်၊ ဂစ်ဘ်ဝှိုက်၊ ဂျိုတာ၊ ဆေးလ်ဗား၊ ဝုဒ်
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အိုဘရိုင်ယန်၊ တာကောစကီး၊ ဘရန့်ဝိတ်၊ ပတ်တာဆန်၊ ဟာရစ်ဆန်၊ ဂူရီ၊ ဂါနာ၊ ဒူကိုရေး၊ အန်ဒီရာယီ၊ ဘီတို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံရာမှာ ဖောရက်စ်က ၁ ကြိမ်နိုင်၊ အဲဗာတန်က ၂ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဖောရက်စ် အိမ်ကွင်း နောက်ဆုံး ၂ ကြိမ် တွေ့ဆုံမှု မှာတော့ အဲဗာတန်က ၁ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင်တော့ ဖောရက်စ်က ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး အဲဗာတန် ကတော့ ၄ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၂.၁၂ ဆ၊ အဲဗာတန် နိုင်ရင် ၃.၃၃ ဆ၊ သရေ ဆိုရင်တော့ ၃.၀၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဖောရက်စ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ဂိုးအောက်ကို ဦးတည်နိုင်တဲ့ ကြေးမျိုးပေးထားတာ တွေ့ရပါတယ်။ ဖောရက်စ် အတွက် ခက်ခဲဦးမယ့် ပွဲဖြစ်ပါတယ်။ အဲဗာတန်က နိုင်ပွဲ မရပေမယ့် မရှုံးအောင် ကစားတတ်နေတဲ့ အသင်း ဖြစ်ပါတယ်။ အိမ်ရှင်နဲ့ ဂိုးအနည်း ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
နော့တင်ဟမ်ဖောရက်စ် ၁-၀ အဲဗာတန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.