လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ သူ့ အသင်းက ချဲလ်ဆီးကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ အသင်းဖော်တွေ အနေနဲ့ စည်းလုံး ညီညွတ်မှု အပြည့်နဲ့ အာရုံစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လစ်ဗာပူးလ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲမှာ ခရစ္စတယ်ပဲလေ့စ်၊ ဂါလာတာဆာရေးနဲ့ ချဲလ်ဆီး တို့ကို ရှုံးနိမ့်ထားခဲ့ပြီး ခြေစွမ်းပိုင်းမှာ မေးခွန်းထုတ်စရာတွေ ရှိနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာကို ဆင်းခဲ့ရသလို ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းတွေလည်း လျော့ကျနေခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စနေနေ့က အရှုံးဟာ နည်းပြ အာနေး ဆလော့တ်ရဲ့ သူ့ရဲ့ မန်နေဂျာ ဘဝ ပထမဦးဆုံး အကြိမ် အဖြစ် ပြိုင်ပွဲစုံမှာ ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ သူတို့ အသင်းဟာ ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း ချန်ပီယံဆု အတွက် စည်းချက်ညီမှုကို ပြန်လည် ရရှိနိုင်ကြောင်း ဒါပေမယ့်လည်း ကြိုးစားအားထုတ်နဲ့ စည်းလုံး ညီညွတ်မှု ရှိမှသာလျှင် ရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဗန်ဒိုက်ခ်က “အဲဒါက မလွယ်ပါဘူး။ သေချာပေါက် ကစားသမား အသစ်တွေနဲ့ လိုက်လျော ညီထွေမှုရှိဖို့ ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ တစ်ခုတည်းသော အာရုံစိုက်ရမယ့် အရာတော့ မဟုတ်ပါဘူး။ အဲဒါက အရာအားလုံးကို ပေါင်းစပ်ပေးမှာပါ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ဂိုးမပေးရဖို့၊ ဂိုးတွေ သွင်းဖို့၊ ဖန်တီးဖို့၊ အခွင့်အရေးတွေ လက်လွှတ်မခံဖို့ ဒါတွေ အားလုံးကို အဖြေရှာရပမယ်။ ပြီးခဲ့တဲ့ ရာသီက အရာရာက အပြုသဘောဆောင်ပြီး လူတိုင်းက ပျော်ရွှင်ခဲ့ကြပါတယ်။ အခုတော့ အဲဒါက အခုတော့ နည်းနည်းလေး လျော့ကျသွားပါပြီ။ ကျွန်တော် တို့ကို အားပေး ကူညီဖို့နဲ့ ကျွန်တော်တို့ အတွက် လူတိုင်း ရှိနေဖို့ လိုအပ်ပါတယ်။” လို့ ဗန်ဒိုက်ခ် က ပြောကြားသွားခဲ့ပါတယ်။
လက်ရှိ မှာတော့ လစ်ဗာပူးလ် အသင်းခေါင်းဆောင်က မော်လ်တာ၊ ဖင်လန် တို့နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရမယ့် နယ်သာလန် လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းထားပါတယ်။ ဒါပြီးရင်တော့ ဗန်ဒိုက်ခ်က ကလပ် အသင်း ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ အတူ နောက်ထပ် အခွင့်အရေးတွေ ထပ်မံ ရှာဖွေဖို့ အတွက် စိတ်အားထက်သလန်လျက် ရှိပါတယ်။
ဗန်ဒိုက်ခ်က“နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီး ၃/၄ အတွင်း အရှိန်အဟုန်နဲ့ လိုက်လျော ညီထွေရှိမှုကို ရှာဖွေဖို့က နောက်ထပ် အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ဒီကလပ်မှာ အချိန်အကြာကြီး ရှိနေခဲ့တာပါ။ ခက်ခဲတဲ့ အခြေအနေတွေ အများကြီး ရှိခဲ့ပြီး အမြဲတမ်း ကျွန်တော်တို့ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ နောက်လာမယ့် အခွင့်အလမ်းတွေကို အာရုံစိုက်ပြီး လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။
ဗန်ဒိုက်ခ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ လစ်ဗာပူးလ် အတွက် ပွဲတိုင်းမှာ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သား ပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ၁၀ ပွဲမှာ လစ်ဗာပူးလ်က Clean Sheet ၂ ပွဲသာ ရရှိထားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ဗန်ဒိုက်ခ်က “ကျွန်တော်တို့ ပြန်လာတဲ့အခါ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ပွဲကြီး တစ်ပွဲ ရှိပါတယ်။ မနှစ်က ကျွန်တော်တို့ ပြသခဲ့တဲ့ အရာတွေကို ထပ်မံ ပြသဖို့ အခွင့်အရေး တစ်ခုပါပဲ။ ကျွန်တော်တို့ ချန်ပီယံ ဖြစ်လာရတဲ့ အကြောင်းရင်းပေါ့။ အခု ကျွန်တော်တို့ အဲဒီ့နေရာကို ထပ်ရောက်ဖို့ လိုနေပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.