အခုတစ်ခါမှာတော့ စက်တင်ဘာ ၂၉ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အဲဗာတန်က ဂျရတ် ဘရန့်ဝိတ်ကို လာမည့် ရာသီ ဟယ်ရီ မက်ဂွိုင်းယားရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဘရန့်ဝိတ်သ် ကိုတော့ ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီတွေကတည်းက ခေါ်ယူချင်နေခဲ့တာ ဖြစ်ပေမယ့် ပြောင်းရွှေ့ကြေး အဆင်မပြေတာကြောင့် လက်လျှော့ထားခဲ့ရတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကလည်း အင်္ဂလန် လက်ရွေးစင် ကစားသမား ဘရန့်ဝိတ်သ်ကို စိတ်ဝင်စားနေပြီး ပေါင် ၆၅ သန်း နဲ့ ဇန်နဝါရီမှာ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ရူဘင် အမော်ရင်ရဲ့ နေရာမှာ ဆက်ခံမယ့် နည်းပြ အဖြစ် မကြာသေးခင်က ဝက်စ်ဟမ်း ကနေ ထုတ်ပယ်ခံထားရတဲ့ ဂရေဟမ် ပေါ်တာကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း သရဲနီတွေက အင်္ဂလန် နည်းပြဟောင်း ဆာ ဂါရတ်သ် ဆောက်ဂိတ်၊ ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာနဲ့ ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာအိုလာ တို့ကိုလည်း ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။
အေစီမီလန် ကတော့ လစ်ဗာပူးလ် နောက်ခံလူ ဂျိုး ဂိုးမက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂိုးမက်ဇ် ကတော့ လက်ရှိမှာတော့ လစ်ဗာပူးလ် အတွက် ပုံမှန် ပွဲထွက်ခွင့် မရ ဖြစ်နေသူပါ။
မန်စီးတီး အသင်းခေါင်းဆောင် ဘာနာဒို ဆေးလ်ဗား ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် ၃ သင်း ဖြစ်တဲ့ အဲလ်အာလီ၊ အဲလ်ကတ်ဆီယာနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာ တို့ဆီက အလေးအနက် စိတ်ဝင်စားခြင်း ခံနေရတယ်လို့ သိရပါတယ်။ အဲလ်နာဆာ ကတော့ ဆေးလ်ဗားကို ၄ နှစ် စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ ကိုမို ကွင်းလယ် ကစားသမား နီကို ပက်ဇ်ကို ရီးရဲလ်မက်ဒရစ်နဲ့ ခေါ်ယူဖို့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အာဂျင်တီးနားသားကို တော့တင်ဟမ်ဟော့စပါးက သဘောကျနေပြီးတော့ ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ ယူရို သန်း ၈၀ (ပေါင် ၆၉.၉ သန်း) ကုန်ကျဖွယ် ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အန်ဇို ဖာနန်ဒက်ဇ်ကို စိတ်ဝင်စားနေသလို မွိုက်စ် ကိုင်စီဒို ကိုလည်း ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး ဘက်ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ နှစ်ဦး အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုသွားဖွယ် ရှိနေပါတယ်။
လီဗန်တေး တိုက်စစ်မှုး အန်တာ အီယောင် ကိုတော့ ဘာစီလိုနာက ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒီကစားသမား ကိုတော့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီး တို့ကလည်း စိတ်ဝက်စားနေကြောင်း သိရပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ကတော့ အဲလ်နာဆာနဲ့ အပြိုင် တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀၀ ထက် ပိုပေးပြီး ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ အကယ်၍ ဗင်နီ အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်မယ် ဆိုရင်တော့ ကမ္ဘာ့ လစာ အကောင်းဆုံး ကစားသမား ဖြစ်သွားမှာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် အဲလ်ဟီလာက ဗင်နီးစီးယပ်စ်ကို ယူရို သန်း ၃၅၀ တန်ကြေး ရှိတဲ့ ပက်ကေ့ဂျ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
မန်စီးတီး ကတော့ ဘာစီလိုနာ ပစ်မှတ် အာလင်း ဟာလန်း အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို သန်း ၂၅၀ (ပေါင် ၂၁၈.၅ သန်း) တောင်းဆိုထားကြောင်း သိရပါတယ်။ အာလင်း ဟာလန်း ကတော့ ပရီးမီးယားလိဂ် ကလပ်နဲ့ ကာလရှည်ကြာ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ဖာရန်း တောရက်စ် ကိုတော့ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.