မနေ့က ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာတော့ မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်မှာ ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိသေးတဲ့ ဘရိုက်တန်ကို ချိုမြိန်စွာနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ယူနိုက်တက်က ဘင်ဂျာမင် ဆက်စ်ကိုကို တိုက်စစ်မှာ အထောင်ထားပြီး မားသီးယက်စ် ကူညာ၊ ဘရိုင်ယန် အမ်ဘူမို တို့နဲ့ ဝန်းရံစေခဲ့ပါတယ်။ ထုံးစံ အတိုင်း အာမက်ဒ်၊ ကက်စ်မဲရိုး၊ ဘရူနို ဖာနန်ဒက်စ်၊ ဒါးလော့တ် တို့နဲ့ အတူ ခံစစ် မှာတော့ ယိုရို၊ ဒီလစ်ဂျ်၊ ရှော တို့ကို တွဲဖက် ကစားစေခဲ့ပါတယ်။ ဘရိုက်တန် ဘက်မှာလည်း ယူနိုက်တက် ကစားသမားဟောင်း ဝဲလ်ဘက်ခ်က အထောင် တိုက်စစ်မှူး အဖြစ် ပါဝင်လာခဲ့ပြီး ကာဒီယိုဂလူ၊ မင်တာ့ရ်၊ ဘယ်လီဘာ့၊ ဗန်ဟက်ကီ၊ ဒန့်ခ်၊ ဗာဘရက်ဂျန် တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရထားတဲ့ အရှိန်အဟုန်နဲ့ ဒီပွဲကိုလည်း ချဉ်းကပ်နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်းမှာ အနည်းငယ် အားနည်းချက်တွေ ရှိခဲ့ပေမယ့် Winning Mentality ပြန်ရနေတဲ့ အတွက် လုပ်တိုင်း ဖြစ်နေတယ်လို့ပဲ ဆိုရပါမယ်။ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ ကူညာက သွင်းယူပေးခဲ့ပြီးတော့ ၃၄ မိနစ်မှာ ကက်စ်မဲရိုးက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်တို့ ပထမပိုင်း အပြီးမှာပဲ ပြိုင်ဘက်ကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း ယူနိုက်တက် အတွက် အမ်ဘူမိုက တတိယမြောက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန်ရဲ့ သိသိသာသာ ရုန်းကန်မှုတွေကို မြင်တွေ့ခဲ့ရပြီး ၇၄ မိနစ်မှာ ဝဲလ်ဘက်ခ်၊ ၉၀+၂ မိနစ်မှာ ကော့စတိုလက်စ် တို့က ချေပဂိုးတွေ သွင်းယူခဲ့ပါတယ်။ ဇင်ယော်တွေ အနေနဲ့ ၃-၃ ဖြစ်နိုင်တဲ့ အခြေအနေ အထိ နောက်က လိုက်လာနိုင်ပေမယ့် နောက်ခံလူတွေရဲ့ အမှား ကနေ ဘရိုင်ယန် အမ်ဘူမိုရဲ့ စတုတ္ထ သွင်းဂိုးက ပွဲကို အဖြေထုတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဘရိုက်တန်ကို ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၇ ကြိမ်မှာ ယူနိုက်တက်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ဘရိုက်တန်က ၆ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ အခုတော့ သူတို့ နောက်ပိုင်း နှစ်တွေမှာ အမြဲတမ်းလိုလို အသာမရခဲ့တဲ့ ဘရိုက်တန်ကို အနိုင်ယူပြခဲ့ပြီး အမော်ရင် လက်ထက် ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ကိုပါ ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲပဲ ရှုံးထားပြီး ပုံစံကောင်း ရနေတဲ့ ဘရိုက်တန်ကို အနိုင်ယူနိုင်ခဲ့တာကြောင့်လည်း ကျေနပ်စရာ ဖြစ်ခဲ့မှာ သေချာပါတယ်။
ကူညာရဲ့ ဂိုးပေါက် စတင် တွေ့ရှိမှု အမ်ဘူမိုရဲ့ အကောင်းဆုံး ပုံစံနဲ့ အတူ ယူနိုက်တက်ရဲ့ ကစားပုံက အတိုင်းအတာ တစ်ခု အထိတော့ တိုးတက်မှု ရှိလာပြီလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း ဆက်တိုက် တည်ငြိမ် တိုးတက်လာဖို့ လုပ်ဆောင်ရမှာတွေ အများကြီး ရှိနေသေးသလို ချေပဂိုးတွေ တောက်လျောက် ပြန်ပေးရတဲ့ အခြေအနေကို ပြင်ဆင်ဖို့ လိုအပ်နေပါသေးတယ်။ ဒီနိုင်ပွဲနဲ့ အတူ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာကို ယာယီ ပြန်ရောက်လာခဲ့ပြီး ဇယား ထိပ်က အသင်းတွေနဲ့လည်း ရမှတ် ကွာဟချက်ကို လျှော့ချထားနိုင်ပါပြီ။ ဒီတော့ ရူဘင် အမော်ရင်ရဲ့ အသင်းကို လာမယ့် ပွဲစဉ်တွေမှာရော ပုံစံကောင်း တစ်ခုနဲ့ ဆက်လက် မြင်တွေ့ရဦးမလား ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


