နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လီဘာ့ထက် ဝှာတန်ကို ပိုပြီး သဘောကျလာတဲ့ ယူနိုက်တက်၊ ဂျေဇုစ်ကို လက်လွှတ်တော့မယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၆ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ၂၀၂၆ မှာ ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ထက် ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် အဒမ် ဝှာတန်ကို ဦးစားပေး ကြိုးပမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဝှာတန်ကို ခေါ်ယူလိုရင်တော့ ဥရောပထိပ်တန်း အသင်း များစွာနဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း အဒမ် ဝှာတန်ကို သဘောကျနေပြီးတော့ ရိုဒရီရဲ့ နေရာမှာ အစားထိုးနိုင်မယ်လို့ ယုံကြည်နေကြောင်း Fichajes က ဖော်ပြပါတယ်။

အာဆင်နယ် ကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်ကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဂျေဇုစ်ဟာ ဘရာဇီးလ် ကလပ်တွေ ဖြစ်တဲ့ ပါးလ်မီးရက်စ် သို့မဟုတ် ဖလာမင်ဂိုကို ပြောင်းရွှေ့ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်နေပေမယ့် တစ်ဖက် မှာလည်း ဥရောပမှာ ဆက်လက် ကစားလိုနေကြောင်းလည်း သိရပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ လစ်ဗာပူးလ် ကတော့ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။
အာဆင်နယ်မှာ အနာဂတ် မရှိတော့တဲ့ ဂျေဇုစ်

ချဲလ်ဆီး ကတော့ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ် တို့နဲ့ အပြိုင် နော့တင်ဟမ်ဖောရက်စ် ဗဟိုနောက်ခံလူ မူရီလိုကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ လစ်ဗာပူးလ် ကတော့ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ ဒီကစားသမားကို ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့ ကလည်း အလိုရှိနေပြီး အက်စတွန်ဗီလာ ဘက်တော့ ယူရို သန်း ၈၀ (ပေါင် ၆၉.၇ သန်း) တောင်းဆိုဖွယ် ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

သောမက်စ် ဖရန့်ခ် ကတော့ သူ့ရဲ့ ဘရန့်ဖို့ဒ်က တပည့်ဟောင်း ကီဗင် ရှိတ်ဒ်ကို တော့တင်ဟမ်ဟော့စပါးထံ ခေါ်ဆောင်ဖို့ စိတ်အားထက်သန်နေကြောင်း Football Insider က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ အဲလ်ကဒ်ဆီယာ တိုက်စစ်မှူး မက်တေယို ရက်တီဂူအီကို အလားအလာ ရှိတဲ့ တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီရဲ့ စီးရီးအေ သွင်းဂိုး အများဆုံး ကစားသမားကို ခေါ်ယူချင်ရင်တော့ ယူနိုက်တက် အနေနဲ့ ယူရို သန်း ၆၀ (ပေါင် ၅၆.၆ သန်း) ကုန်ကျနိုင်ဖွယ် ရှိပါတယ်။

အကယ်၍ ဂျော်ရွှာ ဇစ်ခ်ဇီးသာ ထွက်ခွာခဲ့မယ် ဆိုရင်တော့ ရက်တီဂူအီ အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်လာနိုင်ကြောင်းလည်း သိရပါတယ်။ ဝက်စ်ဟမ်း ကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင် ကုန်ကျမယ့် နယ်သာလန် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Football Insider က ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဂျူဗင်တပ်စ်ရဲ့ တူရကီ ကြယ်ပွင့် ကီနန် ယီလ်ဒစ်ဇ်ရဲ့ အပြောင်းအရွှေ့ထဲကို ပါဝင်လာဖို့ ရှိနေပါတယ်။ ဂျူဗင်တပ်စ် လူငယ် ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့် မက်ဒရစ် ကတော့ ထုံးစံအတိုင်း ယုံကြည်မှု အပြည့် ရှိနေကြောင်း Defensa Central က ဖော်ပြပါတယ်။

မန်စီးတီး ကတော့ လာမယ့် ရက်ပိုင်း အတွင်း သို့မဟုတ် နိုဝင်ဘာလ နိုင်ငံတကာ အားလပ်ရက်တွေ ကျော်လွန်ပါက ပရီးမီးယားလိဂ်နဲ့ ပတ်သက်တဲ့ ၎င်းတို့ရဲ့ အမှုတွေကို စီရင်ချက်ချဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ပြစ်ဒဏ်တွေ ကတော့ ဒဏ်ငွေ ကနေ တန်းဆင်းရတဲ့ အထိ အခြေအနေ ဆိုးရွားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်