ဩဂုတ် ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ကားလို့စ် ဘယ်လီဘာ့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပြီး ဘရိုက်တန် ဘက်တော့ စဉ်းစားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဘယ်လီဘာ့ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို သန်း ၁၃၀ (ပေါင် ၁၁၂.၄ သန်း) ရှိနိုင်ပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အတွက် ယူနိုက်တက်တို့ တတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်သာ ဒီပြောင်းရွှေ့ကြေးကို ပေးချေမယ် ဆိုရင်တော့ အသက် ၂၁ နှစ်သားက အာဖရိကရဲ့ စျေးအကြီးဆုံး ကစားသမား ဖြစ်လာမှာလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အနေနဲ့ ကားလို့စ် ဘယ်လီဘာ့ကို မခေါ်ယူနိုင်ခဲ့ရင်တော့ မော်တန် ဂျူးလ်မန်း၊ အိန်ဂျယ်လို စတီလာ၊ ဂျာဗီ ဂွာရာ၊ မီခဲလ် ဂျော်ရီဂီဇာ၊ လာမင်း ကမာရာနဲ့ လူစီယန် အက်ဂူမီ တို့ကို ပြောင်းလဲ ပစ်မှတ်ထားသွဦးဖို့ ရှိနေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ် ကတော့ ပါမား နောက်ခံလူ ဂျီယိုဗန်နီ လီယိုနီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပေမယ့် ယူနိုက်တက်ရဲ့ ကြားဖြတ် ခေါ်ယူရန် ကြိုးပမ်းမှု ကိုတော့ ကာကွယ်ရမှာ ဖြစ်ပါတယ်။
လီဗီ ကိုးလ်ဝဲလ်ရဲ့ ရာသီအစ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ ရီနာတို ဗိုင်ဂါကို အသင်းမှာ ဆက်ထိန်ထားဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ပေါ်တူဂီ နောက်ခံလူဟာ ဒီနွေရာသီ အစောပိုင်းမှာ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ပျက်ပြားခဲ့ပေမယ့် တခြားသော ဥရောပ ကလပ်တွေက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ ဘေယန်မြူးနစ် ကတော့ အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အဖြစ် ချဲလ်ဆီးက ပြင်သစ် တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း L’Équipe က ဖော်ပြပါတယ်။
မန်ချက်စတာစီးတီး ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ ပစ်မှတ် ကစားသမား ဆာဗင်ဟို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၆ သန်း သတ်မှတ်ထားပါတယ်။ စပါး အနေနဲ့ ဆာဗင်ဟိုကို အမှန်တကယ် ခေါ်ယူချင်နေပေမယ့် မန်စီးတီး ဘက်က သတ်မှတ်လိုက်တဲ့ ပြောင်းရွှေ့ကြေးကြောင့်တော့ အနည်းငယ် ခက်ခဲဖွယ် ရှိနေပါတယ်။
ရက်စ်မက်စ် ဟွိုက်ဂျ်လန်းရဲ့ အေးဂျင့်တွေနဲ့ အေစီမီလန်တို့ အကြားမှာ ပထမဆုံး အကြိမ် ဆွေးနွေးမှု စတင်ခဲ့ကြောင်း သိရပါတယ်။ ဒိန်းမတ် လက်ရွေးစင်ဟာ ပွဲကစားချိန်နဲ့ ပတ်သက်ပြီး အာမခံချက်မရှိတဲ့ ယူနိုက်တက် ကနေ ထွက်ခွာချင်နေပြီး အပြောင်းအရွှေ့က အပြုသဘောဆောင် တိုးတက်နေကြောင်း သိရပါတယ်။
ဒေါမနစ် ကဲလ်ဗက်-လီဝင်း ကတော့ လိဒ်စစ်ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဲဗာတန် ကစားသမားဟောင်း ကိုတော့ မန်ချက်စတာယူနိုက်တက်က ဘင်ဂျာမင် ဆက်စ်ကိုရဲ့ အရန် ကစားသမား အဖြစ် ဒီနွေရာသီ အစောပိုင်းက ကမ်းလှမ်းခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.