ဒီနေ့ အတွက် နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေနဲ့ သတင်းတွေကို စုစည်းဖော်ပြပေးသွားပါမယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Il Napolista က ဖော်ပြခဲ့ပါတယ်။ စီးရီးအေ ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၄၀ (ပေါင် ၃၃.၅ သန်း) နဲ့ ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို လိုချင်နေကြောင်း သိရပါတယ်။
CaughtOffside ရဲ့ ဖော်ပြချက်အရ အက်စတွန်ဗီလာ ကတော့ မန်ယူနိုက်တက် တောင်ပံ ကစားသမား အက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အာဂျင်တီးနား လက်ရွေးစင်ကို နာပိုလီ၊ ချဲလ်ဆီး တို့အပြင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လေဗာကူဆင် ကလည်း အလိုရှိနေပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ကြောင်း talkSPORT က ဖော်ပြပါတယ်။ အက်တလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ တို့ကလည်း ကိုလံဘီယာ လက်ရွေးစင်ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြကြောင်း သိရပါတယ်။
BILD ရဲ့ ဖော်ပြချက် အရ ဖလော်ရီယန် ဝစ်ဇ်ဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ အနာဂတ် အခြေအနေတွေ အပေါ် စိုးရိမ်မှုတွေကြောင့် ဒီနွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ လစ်ဗာပူးလ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လေဗာကူဆင် ကွင်းလယ်လူဟာ ပပ် ဂွာဒီယိုလာ အနေနဲ့ အက်တီဟတ်မှာ အချိန်အတော်ကြာ တာဝန်ယူနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပြီး မသေချာ မရေရာတဲ့ အချိန်ကာလမှာ မပါဝင်ချင်ခဲ့ကြောင်း သိရပါတယ်။

အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ်၊ နယူးကာဆယ်နှင့် ဘာစီလိုနာတို့ အပြိုင် စိတ်ဝင်စားနေကြောင်း Tutto Atalanta က ဖော်ပြခဲ့ပါတယ်။ အတ္တလန္တာနဲ့ အီဒါဆင်ရဲ့ စာချုပ်ဟာ ၂၀၂၆ မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် အသင်း ဘက်ကလည်း ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ရှိနေပါတယ်။
TBR Football ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မိုင်းလ်စ် လီဝစ် စကယ်လီကို အာဆင်နယ်က ရာသီကြို မတိုင်ခင် စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ သိရပါတယ်။ အာဆင်နယ်ရဲ့ တက်သစ်စ ကြယ်ပွင့်လေး ကတော့ လုပ်ခလစာ သိသိသာသာ တိုးမြှင့်ပေးဖို့ လိုလားနေကြောင်း သိရပါတယ်။
ပီအက်စ်ဂျီ ကတော့ တောင်ပံကစားသမား ဘရက်ဒ်လေ ဘာကိုလာကို ရောင်းချခြင်းအားဖြင့် သူတို့ရဲ့ ငွေကြေးဖောင်းပွနေမှုကို ပြင်ဆင်ဖို့ စီစဉ်ထားကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား ကိုတော့ အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ယူရို သန်း ၅၀ (ပေါင် ၄၁.၉ သန်း) နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ချဲလ်ဆီး တောင်ပံ ကစားသမား နိနီ မာဒူခေး ကတော့ အေစီမီလန်ရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်နေပါတယ်။ ဒီကစားသမား အတွက် ကိုတော့ ချဲလ်ဆီးက ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ (ပေါင် ၅၀.၃ သန်း) လိုချင်နေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် တန်းတက် ကလပ် ဆန်းဒါးလန်း ကတော့ ကွင်းလယ်လူဟောင်း ဂျော်ဒန် ဟန်ဒါဆန်နဲ့ ပြန်လည် လက်တွဲဖို့ စောင့်ကြည့်လျက် ရှိနေကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟောင်း ကိုတော့ ရိန်းဂျားစ်နဲ့ စီးရီးအေ ကလပ် အများအပြားက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.