နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပါလ်ဟင်ဟာကို တစ်ရာသီ အငှား + ယူရို သန်း ၃၀ တန် အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ဒီနွေရာသီ အတွက် ဒုတိယမြောက် ကစားသမား ခေါ်ယူမှုကို ပြုလုပ်နိုင်ဖို့ ရှိနေပြီလို့ သိရပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းကပဲ ဘေယန်မြူးနစ်ရဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ယာအို ပါလ်ဟင်ဟာကို ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ ဖူလ်ဟမ် ကစားသမားဟောင်းကို တစ်ရာသီ အငှား + ယူရို သန်း ၃၀ တန် အပြီးသတ် ဝယ်ယူခွင့်နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အငှားခေါ်ယူထားချိန် အတွင်း စပါး ဘက်က ပါလ်ဟင်ဟာ အတွက် လုပ်ခ လစာကို ပေးချေရမှာ ဖြစ်ပေမယ့် စာချုပ်ထဲ မှာတော့ အငှား သက်တမ်း ကုန်ဆုံးချိန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ အချက်တော့ ပါဝင်ခြင်း မရှိကြောင်းလည်း သိရပါတယ်။

ပါလ်ဟင်ဟာ ကတော့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီမှာ ဖူလ်ဟမ် ကနေ ဘေယန်မြူးနစ်ကို ပေါင် ၄၇.၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီသားက ဂျာမနီမြေမှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ ဘေယန်မြူးနစ် အတွက် တစ်ရာသီလုံးမှ ပြိုင်ပွဲစုံ ၂၅ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။ အခုတော့ ပါလ်ဟင်ဟာက သူခြေစွမ်းပြနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပြီး စပါး အတွက် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ စပါးရဲ့ ကွင်းလယ်ပိုင်းမှာ ဆား၊ ဘန်တန်ကာ၊ ဘစ်ဆူးမား၊ မက်ဒီဆင်တို့ ရှိနေပေမယ့် ပါလ်ဟင်ဟာ အနေနဲ့ ဗဟိုခံစစ်နဲ့ ကွင်းလယ် ခံစစ် နေရာတွေမှာ အဓိက ကစားရဖွယ် ရှိနေပါတယ်။

မြောက်လန်ဒန် ထိပ်သီး တို့ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး တော်တော်လေးလည်း အခြေအနေ ဆိုးရွားခဲ့ပါတယ်။
ပါလ်ဟင်ဟာကို တစ်ရာသီ အငှား+အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူမယ့် စပါး

မြောက်လန်ဒန် ထိပ်သီး တို့ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး တော်တော်လေးလည်း အခြေအနေ ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူရိုပါလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ စပါးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပြီး အကျိုးအမြတ်တွေတော့ ရအောင် ယူနိုင်ခဲ့ပါတယ်။ နည်းပြသစ် အဖြစ် သောမက်စ် ဖရန့်ခ်နဲ့ ရှေ့ဆက်မယ့် စပါးက ဒီလ အစောပိုင်းမှာ ဝက်စ်ဟမ်းက မိုဟာမက် ကူဒု့စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ တရားဝင် ခေါ်ယူထားခဲ့ပြီး ၆ နှစ် သက်တမ်း ရှိတဲ့ နှစ်ရှည် စာချုပ်ချုပ်ဆိုထားပါတယ်။ ဒါကြောင့် ပါလ်ဟင်ဟာ ကတော့ ကူဒု့စ် ပြီးနောက် ဒီနွေရာသီ စပါးရဲ့ ဒုတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာတော့မှာပါ။

တော့တင်ဟမ်ဟော့စပါးဟာ အစောပိုင်းမှာ နော့တင်ဟမ်ဖောရက်စ်က မော်ဂန် ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားက စပါးနဲ့ ဆေးစစ်မှု ခံယူပြီးမှာ အရှုပ်အထွေးတွေ ရှိခဲ့ပြီး နောက်ဆုံး မှာတော့ အပြောင်းအရွှေ့ ပျက်ပြီး ဖောရက်စ်နဲ့ပဲ စာချုပ်သက်တမ်းတိုးသွားခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ရာသီသစ် မတိုင်ခင် ခြေစမ်းပွဲ ၄ ပွဲ ကစားထားပြီးတော့ ရက်ဒင်းကို ၂-၀ နဲ့ အနိုင်၊ ဝိုင်ကမ်ဘီ၊ လူတန် နဲ့ သရေ၊ အာဆင်နယ် ကိုတော့ အနိုင်ရထားပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ သောမက်စ် ဖရန့်ခ်ရဲ့ စပါးကို မဆိုးလှတဲ့ ခြေစွမ်းနဲ့ မြင်တွေ့ခဲ့ရပြီး နယူးကာဆယ်၊ ဘေယန်မြူးနစ် တို့နဲ့ ပွဲတွေမှာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်