နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးနဲ့ ပတ်သတ်လို့ သူ့အပေါ် သုံးသပ်ချက်တွေကို တုန့်ပြန်လိုက်တဲ့ တီဂျန်နီ ရီအင်ဒါ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကွင်းလယ် ကစားသမားသစ် တီဂျန်နီ ရီအင်ဒါ ကတော့ သူ့ကို ကီဗင် ဒီဘရွန်းနားနဲ့ နှိုင်းယှဉ်နေကြခြင်းကို သဘောမတူပဲ စီတီဇင် အဖြစ် သူ့ရဲ့ ကိုယ်ပိုင် အမွေအနှစ်တွေကို ထုဆစ်သွားချင်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ကီဗင် ဒီဘရွန်းနား ထွက်ခွာသွားချိန်မှာ အရည်အသွေးမြင့် ထိပ်တန်း ကွင်းလယ်လူတွေကို ရှာဖွေခဲ့ပြီးတော့ ရေယန် ချာကီနဲ့ တီဂျန်နီ ရီအင်ဒါ တို့ကို ပြန်လည် အစားထိုး ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ရီအင်ဒါ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း အသုံးပြုခဲ့ရပြီးတော့ ပြင်သစ် လက်ရွေးစက် ရေယန် ချာကီ ကိုတော့ လိုင်ယွန် ကနေ ပေါင် သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ကစားသမား နှစ်ဦး စလုံး ကတော့ အမေရိကန်မှာ ကျင်းပမယ့် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပပ် ဂွါဒီယိုလာရဲ့ လူစာရင်းမှာ ပါဝင်လာတာကြောင့် မန်စီးတီး ပရိသတ်တွေ အနေနဲ့ သူတို့ နှစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကို စောစောစီးစီး မြင်တွေ့ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ရေယန် ချာကီဟာ ညာတောင်ပံ နေရာမှာ အဓိက ကစားပြီဂတော့ လိုအပ်ရင် အထောင် တိုက်စစ်၊ ကွင်းလယ် တိုက်စစ်နဲ့ ဗဟို ကွင်းလယ် တို့မှာ ကစားနိုင်သူ ဖြစ်ပါတယ်။ တီဂျန်နီ ရီအင်ဒါ ကတော့ ကွင်းလယ် ခံစစ်နေရာမှာ အဓိက ကစားပေမယ့် ကွင်းလယ် နေရာစုံမှာ ကစားနိုင်သူ ဖြစ်ပါတယ်။ ရီအင်ဒါဟာ ပြီးခဲ့တဲ့ ရာသီက အခြေအနေ ဆိုးရွားခဲ့တဲ့ အေစီမီလန်မှာ အံ့အားသင့်စရာ ကောင်းတဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူကာ စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အများစု ကတော့ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ လက်ရှိမှာ မန်စီးတီးရဲ့ အကြီးကျယ်ဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဒီဘရွန်းနားရဲ့ နေရာမှာ အစားထိုးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။ ဒီလိုမျိုး သုံးသပ်မှုတွေ ရှိနေပေမယ့်လည်း ရီအင်ဒါ ကတော့ အက်တီဟက်ဒ်မှာ သူ့ရဲ့ သမိုင်းကို သူရေးဖို့ ရည်ရွယ်ထားကြောင်း အခိုင်အမာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဇွန်လ ၁၈ ရက်နေ့မှာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ် အဖြစ် မော်ရိုကို ကလပ် ဝီဒတ်ဒ်ကာဆာဘလန်ကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
မန်စီးတီးမှာ ကိုယ်ပိုင် အမွေအနှစ်တွေကို ထုဆစ်သွားချင်တယ် ဆိုတဲ့ ရီအင်ဒါ

ESPN နဲ့ တွေ့ဆုံချိန်မှာ ရီအင်ဒါက “သူ (ဒီဘရွန်းနား) နေရာမှာ အစားထိုးဖို့ ကျွန်တော် ဒီမှာ ရှိနေတာ မဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင် ပြိုင်ပွဲတွေကို ကစားရမှာပါ၊ ဒါပေမယ့် မတူညီတဲ့ ကစားသမားတွေဆီက အရာတွေကို ယူပြီးတော့ သူတို့နဲ့ တကယ် ကောင်းကောင်း လုပ်နိုင်အောင်၊ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားပါတယ်။ ကီဗင် ဒီဘရွန်းနားရဲ့ ပွဲကို ချဉ်းကပ်ပုံ သူရဲ့ ဖြတ်သန်းမှု ပုံစံတွေပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီအင်ဒါဟာ box-to-box ကွင်းလယ်လူ ဖြစ်တာကြောင့် ဒီဘရွန်းနားထက် အိုင်လ်ခေး ဂွန်ဒိုအန်နဲ့ ပိုတူကြောင်း သုံးသပ်နေသူတွေလည်း ရှိနေပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ရီအင်ဒါက“ကျွန်တော်ဟာ ဘောလုံးကို ယူဆောင်လာပြီး ကစားကွက် တည်ဆောက်ပုံရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် Box to Box ကွင်းလယ် ကစားသမား တစ်ယောက်ပါ။ နောက်ပြီး ခံစစ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပြီး အခွင့်အရေး ဖန်တီးမှုနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ဖို့ ကြိုးစားသူ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်ဟာ ကစားသမား ၄ ဦး ခေါ်ယူထားပြီးတော့ ဂိုး အတွက် ဘက်တင်နယ်လီ၊ ဘယ်ခံစစ် အတွက် ရေယန် အစ် နျူရီ၊ ကွင်းလယ် အတွက် ချာကီနဲ့ ရီအင်ဒါ တို့နဲ့ အားဖြည့်ထားတာ ဖြစ်ပါတယ်။ ရီအင်ဒါ ကတော့ မန်စီးတီးကို နောက်ဆုံး ရောက်ရှိလာသူ ဖြစ်ပြီးတော့ ပက်ဂွာဒီယိုလာရဲ့ လက်အောက်မှာ ခြေစွမ်းပိုင်း ပိုမို တိုးတက်လာနိုင်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါနဲ့ ပတ်သတ်လို့လည်း ရီအင်ဒါက “စပိန်သား နည်းပြရဲ့ လက်အောက်မှာ ကစားရတာက မီလန် ကနေ မန်ချက်စတာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် အတွက် အရေးကြီးခဲ့သလို ကျွန်တော်က ဒီမှာ အသစ်အဆန်းတွေနဲ့ ကစားဟန် အသစ်ကို သင်ယူဖို့ အရမ်းပဲ စိတ်အားထက်သန်နေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဇွန်လ ၁၈ ရက်နေ့မှာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ် အဖြစ် မော်ရိုကို ကလပ် ဝီဒတ်ဒ်ကာဆာဘလန်ကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်