နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ချက်စတာမှာ အရမ်းကောင်းတဲ့ ပရောဂျက် တစ်ခု ရှိပြီး အဲဒီပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်ခဲ့ပါတယ် ဆိုတဲ့ အမ်ဘူမို | ပရီးမီးယားလိဂ်

ဘရိုင်ယန် အမ်ဘူမို ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းသစ် မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သတ်ပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အမ်ဘူမိုက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ အရမ်းကောင်းတဲ့ ပရောဂျက် တစ်ခု ရှိပြီးတော့ အဲဒီပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လိုကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

အမ်ဘူမိုဟာ ဒီနွေရာသီမှာ ဘရန့်ဖို့ဒ် ကနေ မန်ချက်စတာယူနိုက်တက် ဆီကို ပေါင် ၇၁ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာပြီး ၂၀၃၀ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ကျောနံပါတ် ၁၉ ဝတ်ဆင် ကစားမယ့် အမ်ဘူမိုက အစောပိုင်းမှာလည်း ယူနိုက်တက်ဟာ အိမ်မက် ကလပ် ဖြစ်ပြီး သရဲနီ ဂျာစီကို ဝတ်ဆင် ကြီးပြင်းလာသူ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။ အခုတော့ အမ်ဘူမိုဟာ နည်းပြ ရူဘင် အမော်ရင်ရဲ့ ပြိုင်ပွဲ အပေါ် ချဉ်းကပ်ဟန်တွေကြောင့် မန်ချက်စတာယူနိုက်တက်ကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

အမ်ဘူမိုက “မဖြစ်မှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်က လူတွေကို အမြဲတမ်း ယုံကြည်ပြီး ဖြစ်ကို ဖြစ်ရမယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး ဈေးကွက်က ကြာလည်း ကြာနိုင်သလို တိုတောင်းလည်း တိုတောင်းနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရမယ်။ ပြီးတော့ အရာရာကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်တွေးနေဖို့ လိုအပ်ပါတယ်။ ကျွန်တော် အားလပ်ရက်မှာ ရှိနေတာဆိုတော့ စိတ်ပိုင်းရော ရုပ်ပိုင်းရော အနားယူဖို့ပဲ တွေးခဲ့ပါတယ်။ ဖြစ်လာမယ် ဆိုရင်လည်း ဖြစ်လာမှာပဲလေ။”

ကင်မရွန်း လက်ရွေးစင် အမ်ဘူမို အနေနဲ့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နည်းပြ အမော်ရင်ရဲ့ စည်းရုံး ပြောဆိုမှုတွေက အရေးပါခဲ့ကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။
စပါးနဲ့ နယူးကာဆယ်ကို ငြင်းပယ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ အမ်ဘူမို

“ကျွန်တော် တခြား နည်းပြ တချို့နဲ့လည်း စကားပြောခဲ့တာ အမှန်ပါပဲ။ သူတိုရဲ့ ပရောဂျက်တွေကို နားထောင်ချင်လိုပါ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရောဂျက်က ကျွန်တော့် အတွက် အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်က စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ မန်ချက်စတာမှာ အရမ်းကောင်းတဲ့ စီမံကိန်း တစ်ခု ရှိနေပြီး ကျွန်တော် ကလည်း အဲဒီ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်ခဲ့တာလေ။ မန်ချက်စတာက ကြီးမားတဲ့ ကလပ် တစ်ခု ဖြစ်ပါတယ်။ ဒါက ကြီးမားတဲ့ အခွင့်အရေး တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။” လို့ အမ်ဘူမိုက ပြောကြားခဲ့ပါတယ်။

ကင်မရွန်း လက်ရွေးစင် အမ်ဘူမို အနေနဲ့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နည်းပြ အမော်ရင်ရဲ့ စည်းရုံး ပြောဆိုမှုတွေက အရေးပါခဲ့ကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။ အမ်ဘူမိုရဲ့ အပြောင်းအရွှေ့ ကိစ္စတွေဟာ စတင်ချိန်က စလို့ ၇ ပတ် ကြာမြင့်ခဲ့ပြီး နောက်ဆုံး မှာတော့ ကင်မရွန်းသားဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမ်ဘူမိုကို ဆရာဟောင်း သောမက်စ် ဖရန့်ခ် ရှိတဲ့ တော့တင်ဟမ်ဟော့စပါးက ကြားဖြတ် ကြိုးပမ်းခဲ့သေးသလို နယူးကာဆယ် ကလည်း ချဉ်းကပ်ခဲ့ပေမယ့် ယူနိုက်တက် ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ အမ်ဘူမိုက နည်းပြ အမော်ရင်နဲ့ ဘာတွေ ပြောခဲ့သလဲ ဆိုတာနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ အမ်ဘူမိုက “သူ (အမော်ရင်) နဲ့ ကျွန်တော်က အောင်ပွဲ ရဖို့ ကြိုက်တဲ့သူတွေ ဖြစ်ပြီး အကောင်းဆုံး အသင်း ဖြစ်ချင်ပါတယ်။ ဟုတ်ပါတယ်၊ အဲဒါကိုပဲ ကျွန်တော်တို့ လုပ်ဆောင်ဖို့ ကြိုးစားသွားမှာပါ။ ဒါက ရင်းနှီးပြီးသား စကားဝိုင်း တစ်ခု ဖြစ်သလို အကျိုးရှိတဲ့ ဆွေးနွေးမှု တစ်ခုလည်း ဖြစ်ပါတယ်။ သူက သူ့ရဲ့ ပရောဂျက်ကို ကျွန်တော့်ကို ရှင်းပြခဲ့တယ်။ သူဘာလုပ်ချင်တယ် ဆိုတာကို ရှင်းပြခဲ့ပြီး ကျွန်တော်လည်း အဲဒါကို တကယ်ပဲ နှစ်သက်ခဲ့ပါတယ်။ သူ့နဲ့ စကားပြောခဲ့ပြီး၊ သူက ကျွန်တော့်ကို လာစေချင်ခဲ့ပါတယ်။ သူ့လို လူတစ်ယောက် ဒီပတ်ဝန်းကျင်မှာ ရှိနေတာက အမြဲတမ်း ကောင်းမွန်တဲ့ အရာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်