နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီး ချန်ပီယံ ဖြစ်ပြီး လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် အဆင့် ၃ သာ ရမယ်လို့ ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ရာသီသစ် စတင်ဖို့က တစ်လတောင် မလိုတော့တဲ့ အချိန်မှာတော့ ကြိုတင်ခန့်မှန်းမှုတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ Sportscasting ရဲ့ စူပါကွန်ပျူတာက လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဘယ်အသင်း ချန်ပီယံ ဖြစ်ပြီး ဘယ်အသင်းတွေက ဘယ်အဆင့်မှာ ရပ်တည်မလဲ ဆိုတာကို ခန့်မှန်းပေးသွားခဲ့တာ ဖြစ်ပါတယ်။

Sportscasting AI စူပါကွန်ပျူတာက အရ လက်ရှိ လစ်ဗာပူးလ်ဟာ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်မှာ မဟုတ်ပဲ ရမှတ် ၈၅ မှတ်နဲ့ အဆင့် ၃ နေရာမှာပဲ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုတော့ ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက ရမှတ် ၉၂ မှတ်နဲ့ ရယူနိုင်လိမ့်မယ်လို့ AI စူပါကွန်ပြူတာက ခန့်မှန်းထားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ အာဆင်နယ် ကတော့ ရာသီသစ်မှာလည်း အဆင့် ၂ နဲ့ပဲ ထပ်မံ အဆုံးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါသေးတယ်။

အဲဒီနောက် ချဲလ်ဆီးက ရမှတ် ၇၉ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းထားပြီး ထူးခြားတာက ပြီးခဲ့တဲ့ရာသီက အဆင့် ၁၅ နေရာမှာသာ ရခဲ့တဲ့ ယူနိုက်တက် ကတော့ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို့ တွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အက်စတွန်ဗီလာက အဆင့် ၆ နေရာ ရရှိပြီး တော့တင်ဟမ်ဟော့စပါး ကတော့ ဥရောပ ဝင်ခွင့် ရရှိနိုင်မှာ မဟုတ်ပဲ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။

ဒါကတော့ Sportscasting AI က ခန့်မှန်းခဲ့တာ ဖြစ်ပြီး တခြားသော စူပါကွန်ပြူတာတွေရဲ့ ခန့်မှန်းချက် မှာတော့ လစ်ဗာပူးလ်ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ဖော်ပြထားကြပါတယ်။
အာဆင်နယ်တို့ ၄ ရာသီ ဆက်တိုက် အဆင့် ၂ နေရာမှာပဲ ရပ်တည်မယ်လို့ ခန့်မှန်းခဲ့တဲ့ စူပါကွန်ပြူတာ

တကယ်တော့ လစ်ဗာပူးလ်က လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် ရည်မှန်းထားပြီး ဒီနွေမှာ ဖရင်မ်ပေါင်၊ ဝစ်ဇ်၊ မာမာဒက်ရှီဗီလီ၊ ကာကက်ဇ်၊ အီကီတစ်ကီ၊ ပေ့ဇ်နဲ့ ဝုဒ်မန်း တို့ကို ခေါ်ယူဖို့ အတွက် ပေါင် သန်း ၃၀၀ နီးပါး အသုံးပြုထားပါတယ်။ ဒါ့အပြင် ကြိုးကြာနီတွေ လက်ရှိ အချိန်ထိ အပြောင်းအရွှေ့ထဲမှာ ရှိနေဆဲ ဖြစ်ပြီး နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုလည်း ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဝန်းကျင်နဲ့ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေသေးကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။ ဒီလို အားရစရာ ကောင်းလွန်းတဲ့ အားဖြည့်မှုတွေ ပြုလုပ်ထားတဲ့ လစ်ဗာပူးလ်ကို လာမယ့် ရာသီမှာ ချန်ပီယံ ဆက်ဖြစ်မယ်လို့ အများစုက ကြိုတင် ခန့်မှန်းထားကြချိန်မှာ စူပါကွန်ပြူတာ ကတော့ မန်စီးတီး ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ဒီနွေရာသီမှာ အစ်နျူရီ၊ ချာကီ၊ ရီအင်ဒါ၊ ဘက်တင်နယ်လီ၊ နီဖန်း တို့ကို ခေါ်ယူထားပြီးတော့ အခုနောက်ဆုံး မှာ‌တော့ ဂိုး အတွက် ဘန်လေက ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ဒီနွေရာသီမှာ ကီပါ၊ ဇူဘီမန်ဒီ၊ နောဂတ်၊ မာဒူခေး၊ မော့စ်ကီရာ၊ ယိုကီးရက်စ် တို့ကို ခေါ်ယူထားပြီး ဘယ်တောင်ပံ အတွက်လည်း အီးဇီးကို ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီအကုန်မှာ တန်းတက် ကလပ် ၃ သင်း ဖြစ်တဲ့ ဘန်လေ၊ ဆန်းဒါးလန်းနဲ့ လိဒ်စ်ယူနိုက်တက်တို့ ၃ သင်း စလုံး ကတော့ ချန်ပီယံရှစ်ဆီ တန်းပြန်ဆင်းသွားရမယ်လို့လည်း သိရပါတယ်။ ဒါကတော့ Sportscasting AI က ခန့်မှန်းခဲ့တာ ဖြစ်ပြီး တခြားသော စူပါကွန်ပြူတာတွေရဲ့ ခန့်မှန်းချက် မှာတော့ လစ်ဗာပူးလ်ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ဖော်ပြထားကြပါတယ်။ တူညီတာက အာဆင်နယ်ဟာ အဆင့် ၂ ပဲ ရဦးမယ်လို့ ခန့်မှန်းထားသလို တန်းတက် ကလပ် ၃ သင်းလုံး တန်းပြန်ဆင်းရမယ် ဆိုပြီးလည်း ခန့်မှန်းထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်