နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မြောက်လန်ဒန်မှာ ၁၀ နှစ်ကြာ ကစားပြီးနောက် တော့တင်ဟမ်ဟော့စပါးကို စွန့်ခွာတော့မယ့် ဆွန်ဟောင်မင် | ပရီးမီးယားလိဂ်

တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဆွန်က တော့တင်ဟမ်ဟော့စပါးရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နည်းပြသစ် သောမက်စ် ဖရန့်ခ် တို့ကိုလည်း အသင်းပြောင်းရွှေ့ချင်ကြောင်း အသိပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်မှူးက ပြီးခဲ့တဲ့ မေလမှာတုန်းက ဆော်ဒီပရိုလိဂ် ကလပ်တွေဆီကနေ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် လက်ရှိ မှာတော့ မေဂျာလိဂ် ကလပ် အဲလ်အေအက်ဖ်စီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကစားသမားဟာ တော့တင်ဟမ်ဟော့စပါးမှာ ၁၀ နှစ်ကြာ ကာလ အတွင်း ၄၅၄ ပွဲ ကစားကာ ၁၇၃ ဂိုး သွင်းယူပြီး ၁၀၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ သွင်းယူနိုင်တဲ့ ပထမဦးဆုံး အာရှ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆွန်က ပြီးခဲ့တဲ့ မေလက စပါး အသင်းခေါင်းဆောင် အဖြစ် ဥရောပ ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ဆွန်ဟောင်မင် ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ အခြေအနေတွေကို မျှဝေပေးချင်ပါတယ်။ ကလပ်က ကျွန်တော့်ကို လေးစားစွာနဲ့ ဒီဆုံးဖြတ်ချက် အတွက် အကူညီပေးနေပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။ အဓိက အကြောင်းရင်း ကတော့ တော့တင်ဟမ်မှာ ကျွန်တော် တတ်နိုင်သမျှ အရာအားလုံးကို အောင်မြင်ပြီးပါပြီ။ စိန်ခေါ်မှုအသစ်တွေ အတွက် ပတ်ဝန်းကျင် အသစ် တစ်ခု လိုအပ်နေပါတယ်။”

“ကျွန်တော် ငယ်ငယ်က လန်ဒန် မြောက်ပိုင်းကို လာခဲ့တယ်။ အင်္ဂလိပ်လို မပြောတတ်တဲ့ ကောင်လေး တစ်ယောက် အဖြစ် လန်ဒန်ကို လာခဲ့တာပေါ့။ ကျွန်တော် ဒီကလပ် ကနေ လူကြီး တစ်ယောက် အဖြစ် ထွက်ခွာနိုင်ပါပြီ။ ကျွန်တော့်ကို အများကြီး ချစ်ပေးခဲ့တဲ့ စပါး ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ဆွန်က ပြောကြားသွားခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ သွင်းယူနိုင်တဲ့ ပထမဦးဆုံး အာရှ ကစားသမားလည်း ဖြစ်ပါတယ်။
ဒီနွေရာသီမှာ စပါး ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြုထားခဲ့တဲ့ ဆွန်ဟောင်မင်

ဆွန်ဟာ အာဆင်နယ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ဟောင်ကောင် ခြေစမ်းပွဲ အပြီးမှာ အဲလ်အေအက်ဖ်စီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရရှိတာနဲ့ အမေရိကန်ကို ပြောင်းရွှေ့နိုင်မှာလည်း ဖြစ်ပါတယ်။ ဆွန်ဟာ အသင်း ပြောင်းဖို့ စီစဉ်ထားပေမယ့် စပါးမှာ ပရော်ဖက်ရှင်နယ်ဆန်စွာ ဆက်လက် ကစားပေးနေပြီး ဒါကိုလည်း သူ့ရဲ့ အသင်းဖော်တွေနဲ့ နည်းပြ သောမက်စ် ဖရန့်ခ် တို့က လေ့ကျင့်ရေးမှာ ဆွန်ရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ပါတယ်။ ဆွန်ဟာ အာဆင်နယ်နဲ့ ပွဲမှာ ၁၅ မိနစ်သာ ကစားခဲ့ရပေမယ့် ပွဲအပြီးမှာ ခရစ္စရှန် ရိုမီယိုက အသင်းခေါင်းဆောင် လက်ပတ်ကို ဆွန်အား ပတ်ပေးခဲ့ပါတယ်။

လက်ရှိ အခြေအနေတွေ အရ ဆွန်ဟောင်မင် ကတော့ နယူးကာဆယ်နဲ့ ကစားမယ့် ခြေစမ်းပွဲ မှာ‌တော့ စပါး ကစားသမားဘဝ နောက်ဆုံး အနေနဲ့ ပါဝင်ကစားသွားဖွယ် ရှိနေပါတယ်။ စပါးဟာ ခြေစမ်းပွဲတွေ အဖြစ် နယူးကာဆယ်၊ ဘေယန်မြူးနစ် တို့နဲ့ ကစားရဦးမှာ ဖြစ်ပြီး လာမယ့် ရာသီ မစတင်ခင် မှာလည်း ပီအက်စ်ဂျီနဲ့ ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ် ကစားရဦးမှာပါ။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ဟောင်း ကတော့ လက်ရှိမှာ စပါး အသင်းဖော်ဟောင်း ဟူဂို လိုရစ် ရှိရာ လော့စ်အိန်ဂျလိစ်သို့ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ အဓိက ကတော့ အဲလ်အေမြို့ ကတော့ အမေရိကန်မှာ တောင်ကိုရီးယား လူဦးရေ အများဆုံး ရှိတဲ့ မြို့ဖြစ်တာကြောင့်လို့လည်း သိရပါတယ်။ အများစု ကတော့ ဆွန်ဟောင်မင် အနေနဲ့ အဲလ်အေအက်ဖ်စီကို ရွေးချယ်လိုက်တာက လီယွန်နယ် မက်ဆီ လိုပဲ အမေရိကမြေမှာ အောင်မြင်မှု ရရှိဖို့ အခွင့်အလမ်းကောင်း တစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်